Month: April 2023

သံလွင်ခက် ဧပြီ ၂၆ ၊ ၂၀၂၃ ။ ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့နယ်တွင် ကြိုးတံတားတစ်စင်းအား ပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် မတူပီCDFတို့က အကောင်အထည်ဖော် ဆောက်လုပ်နိုင်ခဲ့သည်။ ၂၀၂၂ -၂၀၂၃ ခုနှစ်အတွက် မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ နှင့် Chinland Defense Force-Matupi တို့၏…

Read More

ယမင်းဖူးပွင့်အောင် ဧပြီ ၂၆၊ ၂၀၂၃။ ရှမ်းပြည်နယ် မြောက်ပိုင်းက  စစ်ကောင်စီ၏ ရေအားလျှပ်စစ်စီမံကိန်း ရပ်တန့်ပေးရန် အရပ်ဘက်အဖွဲ့အစည်းများက ယမန်နေ့က အိတ်ဖွင့်စာပေးပို့ တောင်းဆိုထားသည်။ သက်ဆိုင်ရာ လူမျိုးစုလက်နက်ကိုင် ရှမ်း တော်လှန်ရေးတပ်ဖွဲ့များနှင့် ရှမ်း နိုင်ငံရေးပါတီများထံပေးပို့တောင်းဆိုထားခြင်း ဖြစ်သည်။ ဒုဌဝတီမြစ်ပေါ်တွင် တည်ဆောက်နေသည့် အထက်ရဲရွာရေအားလျှပ်စစ်၊ နမ္မတူရေအားလျှပ်စစ်စီမံကိန်းတို့အပါအဝင် တည်ဆောက်ရန် ကျန်ရှိနေသေးသည့်…

Read More

နန်းဆုပန်ခန့် ဧပြီ ၂၅ ၊ ၂၀၂၃ ။ အိမ်ခြေ ၄၀၀ကျော်ရှိသည့် ပလောတပို့စစ်ရှောင်စခန်းတွင် လေပြင်းတိုက်ခတ်မှုနှင့်မိုးရွာသွန်းမှုတို့ကြောင့် အိမ်ခြေ၃၀၀ ခန့်ပျက်စီးခဲ့ပြီး စစ်ရှောင်များနေထိုင်ရေးအတွက် အခက်ကြုံနေရသည်ဟု သိရသည်။ ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်း၊ ထိုင်း-မြန်မာနယ်စပ်သောင်ရင်းမြစ်ကမ်းဘေးရှိ ပလောတပို့စစ်ရှောင်စခန်းတွင် ဧပြီ ၂၃ ရက်ညနေပိုင်း၌ မိုးလေကျရောက်မှုကြောင့် စစ်ရှောင်နေအိမ်များ အမိုးအကာများပျက်စီးခဲ့သည်။ အဆိုပါစစ်ရှောင်စခန်းတွင်…

Read More

သဇင် ဧပြီ ၂၅၊၂၀၂၃။ မကွေးတိုင်း၊ပေါက်မြို့နယ်နှင့် စစ်ကိုင်းတိုင်း မြိုင်မြို့နယ်စပ်ကြားက စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ လေးရက်ကြာ တိုက်ပွဲတွင်  လေကြောင်းသုံးပစ်ခဲ့သည်ဟု  ကာကွယ်ရေးတပ်ဖွဲ့ဝင်များကပြောသည်။ ဧပြီလ ၂၂ရက်မှ ယနေ့ထိ လေးရက်အတွင်း တိုက်ပွဲ (၇)ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုများလည်းရှိသည်ဟု  မြိုင်မြို့နယ် ကာကွယ်ရေးအဖွဲ့တာဝန်ခံ ဗိုလ်လက်ရာကပြောသည်။ “မနေ့က မနက်…

Read More

ယမင်းဖူးပွင့်အောင် ဧပြီ ၂၅၊ ၂၀၂၃။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် ယနေ့နံနက် အစောပိုင်းက စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်ခဲ့သောကြောင့် ပြည်သူလေးဦး သေဆုံးခဲ့သည်ဟု ဒေသခံများထံက သိရသည်။ စစ်ကောင်စီစစ်ကြောင်းနှင့်အတူ ဖမ်းဆီးခေါ်ဆောင်လာသည့် ဓားစာခံခြောက်ဦးထဲမှ သုံးဦးကို မန်ကျည်းတန်းရွာအနီးလယ်ကွင်းပြင်တစ်ခုတွင် ပစ်သွားခြင်းဖြစ်သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ အမျိုးသမီးဒေသခံတစ်ဦးက သံလွင်ခက်ကိုပြောသည်။ “လယ်ကွင်းတွေကြားထဲမှာ…

Read More

သံလွင်ခက်။ ဧပြီ ၂၅၊ ၂၀၂၃။ ခွဲကဘောင် ကရင်အမျိုးသားကျောင်း တည်ထောင်သူ ဆရာကြီး မန်းဗလရှင် (ခ) မန်းဗလစိန် (ခ) ဖူ့ခွဲကဘောင်၏ နာရေးကို ယနေ့ ဧပြီ ၂၅ရက်နေ့က မဲဆောက်မြို့ မြူနီစပယ် သုဿန်တွင် ပြုလုပ်ခဲ့သည်။ အသက် ၈၇ နှစ်အရွယ်ရှိ ဆရာကြီး မန်းဗလစိန်သည်…

Read More

သံလွင်ခက်။ ဧပြီ ၂၅၊ ၂၀၂၃။ စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီတပ်က ၂၀ ဦးခန့် သေဆုံးခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။ ယမန်နေ့ ဧပြီလ ၂၄ ရက်နေ့ နံနက်တွင် သုံးနာရီခွဲခန့်ကြာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်…

Read More

Saw Smith ဧပြီ ၂၅ ၊ ၂၀၂၃ ။ စစ်ဘေးရှောင်များနှင့်ဒေသခံများကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် မိုးဗြဲအနောက်ခြမ်းရှိ ဆောင်းဖွေးဆေးရုံကို စစ်ကောင်စီက လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရှမ်း-ကယားနယ်စပ်ဖယ်ခုံမြို့နယ် မိုးဗြဲအနောက်ခြမ်းရှိ ဆောင်းဖွေးဆေးရုံကိုယနေ့ နေ့လည် ၁၂ နာရီခွဲကျော်အချိန်၌ စစ်ကောင်စီကတိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ” ဆေးရုံကို…

Read More

ဧပြီ ၂၅ ၊ ၂၀၂၃ ။ စစ်ကောင်စီတပ်၏ စကခ (၈) လက်အောက်ခံ ခမရ (၄၀၁) တပ်ရင်း မယ်စိထာ စစ်ဆေးရေးဂိတ် စခန်းအားKNLAပူးပေါင်းတပ်က ယမန်နေ့ ဧပြီလ ၂၄ ရက်နံနက် ၄း၃၀ နာရီအချိန်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နံနက် ၅နာရီတွင် သိမ်းယူနိုင်ခဲ့သည်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်…

Read More

ကောင်းချစ်အောင် ဧပြီ ၂၄၊ ၂၀၂၃။ မြန်မာ့အရေးနှင့်ပတ်သက်သော ဘုံသဘောတူညီချက်ငါးရပ်အား အာဆီယံအဖွဲ့အစည်းအနေဖြင့် တိုးတက်ပြောင်းလဲမှုရှိသည့် အကောင်အထည်ဖော်ဆောင်ရွက်မှုများကို ယနေ့ချိန်ထိမပြုလုပ်နိုင်သေးဟု  နိုင်ငံရေးလေ့လာသုံးသပ်သူများကဆိုသည်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သုံးလနီးပါးအကြာ ၂၀၂၁ခုနှစ် ‌ဧပြီ ၂၄ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့ရှိ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်ရုံး၌ ပြုလုပ်ခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် မြန်မာ့အရေးအကြပ်အတည်းကို ဖြေရှင်းရန် ဘုံသဘောတူညီချက်ငါးရပ်ကို ထုတ်ပြန်ခဲ့သည်။…

Read More