Month: March 2023

အာဏာသိမ်းစစ်ခေါင်းဆောင်  မုံရွာမြို့ရှိ အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နမခ) သို့ ရောက်ရှိနေချိန်တွင်လက်နက်ကြီးပစ်ခတ်မှုများဆောင်ရွက်ခဲ့သည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့များက ပြောသည်။ ယမန်နေ့နေ့လည် ၂နာရီခန့်မှစ၍ နမခဌာနချုပ်ရှိ ဂိတ်များကို ၆၀ မမဖြင့် လေးချက်၊ ၁၂၀ မမဖြင့် လေးချက်စုစုပေါင်းရှစ်ချက်ပစ်ခဲ့သည်ဟု Chindwin Attack Force သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက သံလွင်ခက်ကိုပြောသည်။ ၎င်းက “ပစ်ခတ်ချိန်က မိနစ်သုံးဆယ်လောက်ကြာတယ် ၊မင်းအောင်လှိုင်ရောက်နေတာသိလို့…

Read More

ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ကေအဲန်ယူမူတြော်ခရိုင်၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် အမှတ်၅တပ်မဟာတပ်ဖွဲ့နှင့် စစ်ကောင်စီတို့ကြား ယခုလဝက်အတွင်းတိုက်ပွဲ ၇၂ ကြိမ်ဖြစ်ပွားခဲ့သည်ဟု မူတြော်သတင်းကယနေ့တွင်ထုတ်ပြန်သည်။ မတ်လ တစ်ရက်မှ ၁၅ ရက်နေ့အထိ KNLA နှင့် စစ်ကောင်စီတပ်တို့အကြားဖြစ်ပွားခဲ့သောတိုက်ပွဲများအတွင်းစစ်ကောင်စီဘက်မှ ဒုဗိုလ်နှင့် ဒုအရာခံဗိုလ်အပါအဝင် ၃၁ ဦးသေဆုံးခဲ့ပြီး ၂၁ ဦးဒဏ်ရာရကာ KNLA အမှတ် ၅ ဘက်မှ…

Read More

မကွေးတိုင်းဒေသကြီး၊ ထီးလင်းမြို့နယ်အတွင်းကို စစ်ကောင်စီတပ်ယာဥ်တန်းစစ်ကြောင်းများဖြတ်သန်းစဥ် ပြည်သူ ၄ ဦးသတ်ဖြတ်ခံခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။ ရှေ့ပြေးအင်အား ၂၀၀ ဦးခန့် လက်နက်၊ခဲယမ်းများတင်ဆောင်လာသော ကား ၃၂စီးပေါ်ပါ အင်အား ၂၀၀ ဦးကျော် စုစုပေါင်း အင်အား ၄၀၀ ဦးကျော်ရှိသော စစ်ကောင်စီတပ်ယာဥ်တန်းသည် ကျောက်ထု-ထီးလင်း-ဂန့်ဂေါလမ်းကြောင်းအတိုင်း ယခုလ တတိယအပတ်တွင်း၌ ဖြတ်သန်းသွားခဲ့သည်။…

Read More

ဖက်ဒရယ်နိုင်ငံတော်သစ်ဆီ သွားနေတဲ့ မြန်မာ့တော်လှန်ရေး ခရီးလမ်းကို တိုင်းရင်းသားလူမျိုးပေါင်းစုံ အတူတကွလျှောက်လှမ်းနေကြပါတယ်။ နှစ်ပေါင်း ၇၀ ကျော်ကြာ ပြည်တွင်းစစ်နဲ့ အသားကျခဲ့ရတဲ့ တိုင်းရင်းသားဒေသခံတွေဟာ စစ်တပ်ရဲ့ လူမျိုးရေးဝါဒ ကျင့်သုံးမှုတွေကြား ရုန်းကန်ခဲ့ရာက အခုဆို ဖက်ဒရယ်ဆိုတဲ့ မျှော်လင့်ချက်အတွက် တိုက်ပွဲဝင်နေကြတာပါ။ လူမျိုးအချင်းချင်းကြား အမုန်းပွားမှုတွေ ကိန်းဝပ်လာခဲ့တာတွေကို အခုတော်လှန်ရေးကာလမှာ ချေဖျက်ထားပြီးပြောင်းလဲမှု တစ်စုံတရာအတွက်…

Read More

စစ်ခေါင်းဆောင်နဲ့အပြိုင် နိုင်ငံတော် အခြေပြုမိန့်ခွန်းတွေကို မကြာခဏ ထွက်ပြောလာသူတစ်ဦးကတော့ အရင်က ကချင်အမျိုးသားများအတိုင်ပင်ခံအဖွဲ့ WMR ဥက္ကဌ ကချင် နိုင်ငံရေးသမားတစ်ဦးပါ။ သူဟာ ကြားကာလအစိုးရတစ်ဖြစ်လည်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ တစ်ဦးဖြစ်ပါတယ်။ဒီမိုကရေစီအရေး လှုပ်ရှားသူတွေနဲ့ မြန်မာပြည်သူအများစုက သူ့ရဲ့ နိုင်ငံတော် အခြေပြုမိန့်ခွန်းတွေကို အရေးတယူ နားစွင့်ထားကြရပါတယ်။ နွေဦးတော်လှန်ရေးနဲ့အတူ ပေါ်ပေါက်လာတဲ့…

Read More

​ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ နေပြည်​တော် PDF လက်နက်ကြီးအဖွဲ့မှ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊အောင်နန်းချိုရွာ အနီးရှိ ခမရ(၆၀၄) တပ်ရင်းကို ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ယနေ့တွင် NUG ကာကွယ်ရေးဝန်းကြီးဌာနက သတင်းထုတ်ပြန်သည်။ အဆိုပါ ခမရ ၆၀၄ တပ်ရင်း နေပြည်တော် PDF လက်နက်ကြီးအဖွဲ့က မတ်လ ၁၃ရက်၊ ည၇နာရီခန့်တွင့်လက်နက်ကြီး၄လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ခမရ(၆၀၄)…

Read More

အာဏာသိမ်းကာလ ၂ နှစ်ပြည့်ပြီး နောက်ပိုင်း စစ်ကောင်စီက ထိန်းချုပ်ရခက် ဒေသများကို ဗျူဟာပြောင်းထိုးစစ်ဆင်လာသည်ဟု ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များက ပြောသည်။ စစ်ကိုင်းတိုင်း၊ မြောင်အခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့ CDSOM အဖွဲ့ပြောခွင့်ရက “အရင်က စစ်ကြောင်းလာတယ်ဆိုရင် ဘယ်ရွာကို သွားမလဲဆိုတာ ခန့်မှန်းနိုင်တယ်။  အခုက စစ်ကြောင်းလာပြီဆိုရင် တစ်နေရာတည်းမဟုတ်တော့ဘူး။ အနည်းဆုံးနှစ်နေရာခွဲလာတာမျိုးရှိတယ်။ ရွာထဲ…

Read More

စစ်ကိုင်းတိုင်း ကနီမြို့နယ်မှ အလယ်ကျွန်း ပျူရွာကို နွားလှည်းငါးစီးဖြင့် ရိက္ခာလာပို့သည့် အင်အား ၈၀ ကျော်ပါသည့်စစ်ကောင်စီတပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။ ယနေ့နံနက် ၇နာရီ၄၅မိနစ်ခန့်တွင် စတင်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အပြန်အလည်ပစ်ခတ်မှု တစ်နာရီကျော်ကြာမြင့်ခဲ့သည်ဟု အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် DRPA ပြန်ကြားရေးတာဝန်ခံက သံလွင်ခက်ကိုပြောသည်။ ” ကျွန်တော်တို့က သတင်းကြိုရလို့ အပိုင်ကိုစောင့်ပစ်တာ…

Read More

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်အတွင်းရှိ ဆိပ်ခွန်ကျေးရွာကို စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်နေသည်ဟု ဒေသခံများထံမှသိရသည်။ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် နမခ မှ တက်လာသည့် Mi35 တိုက်ခိုက်ရေးရဟတ်ဖြင့်ယနေ့နေ့လည်ပိုင်းတွင် တိုက်ခိုက်နေခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။ ” လွန်ခဲ့တဲ့ နာရီဝက်လောက်က လာရောက်တိုက်နေတာ။ ဆိပ်ခွန်ပတ်ပတ်လည်ကိုဝဲနေတယ် အခုချိန်ထိပြန်မသွားသေဘူး “ဟု ၎င်းက နေ့လည် ၂နာရီခွဲခန့်တွင်ပြောသည်။ ဆိပ်ခွန်ရွာတွင်…

Read More

လက်နက်၊ခဲယမ်းများတင်ဆောင်လာသည့် ကား၃၂စီး နှင့်အင်အား ၄၀၀ ကျော်ပါစစ်ကောင်စီတပ်ယာဥ်တန်းကိုထီးလင်းမြို့နယ်အတွင်းကိုဖြတ်သန်းလာခဲ့ရာ အကြိမ်ကြိမ်တိုက်ခိုက်နိုင်ခဲ့သည်ဟု Yaw Revolution Army-YRA ခေါင်းဆောင်သခင်ဇော်က သံလွင်ခက်ကိုပြောသည်။ မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့မှ မတ်လ ၁၀ရက်တွင် ထွက်လာသော စစ်ယာဥ်တန်း အစီး ၇၀ ကျော်ပါစစ်ကြောင်းသည်   ပခုက္ကူ-ကျောက်ထု-မင်းတပ်-မတူပီလမ်းအတိုင်း ပုံတောင်၊ပုံညာကိုဖြတ်၍ ချင်းတောင်ဘက်တက်လာခဲ့ရာ မတ်လ ၁၃ရက်တွင်…

Read More