ကရင်နီတပ်မတော် KA နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တို့ပူးပေါင်း၍ စစ်ကောင်စီတပ်လက်နက်ကြီးစခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ယနေ့တွင် KA သတင်းပြန်ကြားရေးအဖွဲ့ကထုတ်ပြန်သည်။ ပြီးခဲ့သည့်ရက်ပိုင်း ဖေဖော်ရီလ၂၇ ရက်၊ နံနက်၆နာရီခွဲအချိန်တွင် ဘီပီ-၁၂၊ ကောက်ကောက်စခန်း အနီးရှိစစ်ကောင်စီတပ်ခလရ(၁၃၅)၊ ခလရ(၅၄)နှင့် အမြောက်တပ်အမှတ်(၃၆၀)တို့ အခြေပြုထားသည့် တောင်ကုန်းပွိုင့်အမှတ်(၁၄၄၁)စခန်း(၁)ခုကို ကရင်နီတပ်မတော်(KA)တပ်ရင်း(၁)၊ တပ်ရင်း(၅)နှင့် KNDF ပူးပေါင်းတပ်တို့မှရုတ်တရက်ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။…
Month: March 2023
စစ်ကိုင်းတိုင်းဒေသကြီးတွင် ဖေဖော်ဝါရီလအတွင်း၌ စစ်ကောင်စီတပ်များက ပြည်သူ ၁၉ဦးကို မီးရှို့သတ်ဖြတ်ခဲ့ပြီး နေအိမ်အလုံးပေါင်း ၆၀၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရသည်။ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန မီးသတ်ဦးစီးဌာနမှ ယမန်နေ့တွင်ထုတ်ပြန်ကြေညာချက်တွင်စစ်ကိုင်းတိုင်းသည် မီးရှို့ခံရမှု အများဆုံးဒေသဖြစ်ပြီး ၇၃ကြိမ်အထိ မီးရှို့ခံခဲ့ရသည်။ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုများကြောင့် ပြည်သူ၁၉ဦး အသက်ဆုံးရှုံးခဲ့ရပြီး နေအိမ် ၆၆၆၂…
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်အတွင်းရှိ ကုန်းရွာကျေးရွာကို နှစ်ရက်ဆက်မီးရှို့ဖျက်ဆီးပြီးပြန်ထွက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို ကာကွယ်ရေးတပ်များ ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများခဲ့သည်ဟု သိရသည်။ ကုန်းရွာကျေးရွာအတွင်းကို လက်နက်ကြီး၊ လက်နက်ငယ်များပစ်ခတ်၍ ဝင်ရောက်ခဲ့သည့် အင်အား ၈၀ ဦးဝန်းကျင်ရှိစစ်ကြောင်းသည် ဖေဖော်ဝါရီ ၂၈ ရက်ညနေပိုင်းမှ၍ မတ်၁ ရက်နေ့လည်ပိုင်းထိ နေအိမ်များကိုမီးရှို့ဖျက်ဆီးပြီး စစ်ကြောင်းပြန်ထွက်ခဲ့သည်။ ” ယင်းမာပင်မြို့ဘက်ကို…
စစ်ကောင်စီတပ်လက်နက်ကြီးပစ်ခတ်မှုကြောင့် ဖယ်ခုံမြို့နယ်တွင် ဆယ်တန်းကျောင်းသားတစ်ဦး နှင့် ၎င်း၏ညီဖြစ်သူတို့သေဆုံးခဲ့သည်ဟု ယနေ့နံနက်ပိုင်းတွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ကဖော်ပြထားသည်။ ပြီးခဲ့သည့်နှစ်ရက် ဖေဖော်ဝါရီလ ၂၈ရက် ည၇:၂၀နာရီကျော်အချိန်တွင် ဖယ်ခုံစစ်ကောင်စီတပ်မှ ဖယ်ခုံမြို့နယ်အတွင်းရှိ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ခေါင်းအိကျေးရွာအုပ်စု၊ ကျေးရွာရှိဘုန်းကြီးကျောင်းအတွင်းသို့ ကျရောက် ပေါက်ကွဲခဲ့သသည်။ အဆိုပါလက်နက်ကြီးပေါက်ကွဲမှုကြောင့် ဘုန်းကြီး ကျောင်းတွင် စာကျက်နေသော…
မကွေးတိုင်းဒေသကြီး မလိုင်မြို့နယ်ရှိ မလှိုင်မြို့နယ်လုံးဆိုင်ရာကျောင်းသားများသမဂ္ဂ ဗကသများအဖွဲ့ချုပ်ဥက္ကဋ္ဌဟောင်းအား အမှတ်(၉၉) ခြေမြန်တပ်မဌာနချုပ်တွင် ဖမ်းဆီးထားပြီး အဆက်သွယ်မရဘဲ သတင်းအစနပျောက်ဆုံးနေသည်ဟု သိရသည်။ မလှိုင်မြို့နယ်လုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ဗကသများအဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်းသည်ယမန်နှစ် မတ်လ ခုနှစ်ရက်တွင် မိတ္ထီလာမြို့ နှင့် မလိုင်မြို့ကြားတွင် ဖမ်းဆီးခံခဲ့ရပြီး တပ်မ (၉၉)တွင် ချုပ်နှောင်ထားသည်ဟု မလှိုင်မြို့နယ်လုံးဆိုင်ရာကျောင်းသားများသမဂ္ဂအဖွဲ့ချုပ်တာဝန်ရှိသူတစ်ဦးမှ သံလွင်ခက်ကို ပြောသည်။…
ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်၊ (၇) ရပ်ကွက်၊ အထက်ပုဇွန်တောင်လမ်း၊ CB ဘဏ်တွင် လူငယ်နှစ်ဦးက ခြိမ်းခြောက်ငွေလုယူစဥ် ဖမ်းဆီးခံလိုက်ရသည်ဟု ဒေသခံများထံမှ သိရသည်။ ယနေ့ မတ်လ ၁ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်နာရီအချိန်တွင် အဆိုပါဘဏ်အတွင်းသို့ ဝင်ရောက်လုယက်သူလူငယ်နှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့သည်ဟု အနီးနားရှိစျေးသည်တစ်ဦးကပြောသည်။…
အာဏာသိမ်း ၂ နှစ်တာ ကာလအတွင်း ကျန်းမာရေးဝန်ထမ်း ၇၀ ဦးခန့် သေဆုံးခဲ့ရသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG က ယနေ့တွင် ထုတ်ပြန်သည်။ ထို့ပြင် ကျန်းမာရေးဝန်ထမ်း (၉၀၀) ဦးခန့် ကို ဖမ်းဆီးပြီး (၇၈၀) ဦးခန့်ကို ထိခိုက်ဒဏ်ရာရစေခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အာဏာသိမ်းပြီးနောက် ဆေးရုံ/ဆေးခန်း…
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin attack force) နှင့် စစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်ပွားပြီး နှစ်လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀ ဦးခန့် သေဆုံးခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီလကုန်အထိ စစ်ကောင်စီတပ်ဖွဲ့ဝင်များတပ်စွဲထားသည့် နေရာဒေသများတွင်တိုက်ပွဲ ၁၇ ကြိမ်ဖြစ်ပွားခဲ့သည်ဟု Chindwin attack force ၏…
မကွေးတိုင်းဒေသကြီး၊ချောက်မြို့ပေါ်ရှိ စစ်ကြောရေးစခန်းရှေ့ လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်သားများကိုကာကွယ်ရေးတပ်ဖွဲ့များက ရှောင်တခင်ဝင်ရောက်ပစ်ခတ်ခဲ့သည်ဟု သိရသည်။ ယမန့်နေ့ညနေ ၆နာရီ၄၅မိနစ်ခန့်တွင် အဆိုပါစစ်ကြောရေးစခန်းရှေ့တွင် ကင်းစောင့်နေသည့် စစ်ကောင်စီတပ်သားသုံးဦးကို ပစ္စတိုများဖြင့် အလစ်ဝင်ရောက်ပစ်ခတ်ခဲ့သည်ဟု Chauk Guerrilla Force ဒုခေါင်းဆောင်ဗိုလ်ပေတက သံလွင်ခက်ကိုပြောသည်။ “သုံးကောင်က စခန်းရှေ့မီးရောင်အောက်မှာရပ်နေတာ ကျွန်တော်တို့ကအတိုနဲ့ဝင်ပစ်တော့ တစ်ယောက်လဲကျသွားတာ တွေ့ရတယ်”ဟု ၎င်းကဆိုသည်။ လက်ရှိအချိန်ထိသိရှိချက်အရ ရင်ခွဲရုံသို့…
စစ်ကောင်စီက အာဏာသိမ်းခဲ့သည့် နှစ်နှစ်နှင့်တစ်လပြည့်မြောက်သည့် အချိန်၌ ကရင်နီပြည်တွင် စစ်ကောင်စီတပ်များကြောင့် ပြည်သူ ၄၃၉ ဦးသေဆုံးခဲ့သည်ဟု သိရသည်။ အာဏာစသိမ်းသည့် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီ လ ၁ ရက်မှ ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်အထိ ကရင်နီပြည်တွင် စစ်ရေး၊ နိုင်ငံရေး၊ လူ့အခွင့်အရေးအချိုးဖောက်ခံရခြင်းနှင့် ပတ်သက်ပြီး တိုးတက်သောကရင်နီပြည်သူ့အင်အားစု…