မတ် ၂၄ ၊ ၂၀၂၃ ။ ကရင်နီပြည်၊ ဘောလခဲခရိုင်အတွင်းရှိ သစ်လုပ်ငန်းတစ်ခုအတွင်းကို စစ်ကောင်စီတပ်ကလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ဦးသေဆုံး၍ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဘောလခဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ပြန်ကြားရေးတာဝန်ခံက သံလွင်ခက်ကိုပြောသည်။ ယမန်နေ့ မတ်လ ၊ ၂၃ ရက်နေ့ ညနေ ၄ နာရီ ခွဲ ခန့်အချိန်တွင်…
Month: March 2023
ဆန္ဒပြပွဲများတွင်ပါဝင်ခဲ့သည် ဗကသအဖွဲ့ဝင် ကိုကောင်းဆက်ပိုင်အား စစ်ကောင်စီက ထောင်ဒဏ် တသက်တကျွန်းအမိန့်ချမှတ်ခဲ့သည်။ မြောက်ဥက္ကလာပမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၏ မြေပြင်လှုပ်ရှားမှုရေးရာတာဝန်ခံ ကိုကောင်းဆက်ပိုင်အား ဖက်ဆစ်ခုံရုံးက မတရားစွဲဆိုထားသော ၅၀၅(က)၊ ၅၀(ည) ပုဒ်မတို့ဖြင့် မတ်လ ၂၂ ရက်နေ့တွင် ထောင်ဒဏ် တသက်တကျွန်း အမိန့်ချလိုက်ကြောင်း သိရသည်ဟု ဗကသများအဖွဲ့ချုပ်က ယမန်နေ့ညပိုင်းတွင် ဖော်ပြထားသည်။…
မတ် ၂၃ ၊ ၂၀၂၃ ။ ချင်းပြည်နယ်၊မတူပီ-ပလက်ဝလမ်းပေါ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ရိက္ခာဖြည့်တင်းရန်လာသည့် ယာဥ်တန်းအား မတူပီ CDFက အကြိမ်ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၈ ဦးသေဆုံးခဲ့သည်။ မတူပီမြို့ ခလရ(၃၀၄) မှ ကားသုံးစီးနှင့်အင်အား ၈၀ဦးပါ စစ်ကောင်စီတပ်ယာဥ်တန်းသည် မတူပီ-ပလက်ဝလမ်းမပေါ်ရှိ ထယ်ဘွေးစခန်းသို့ စားနပ်ရိက္ခာများ ဖြည့်နိုင်ရန်…
မတ် ၂၃ ၊ ၂၀၂၃ ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်အခြေစိုက် ဂဠုန်တပ်တော် PDF စခန်း၏ လက်နက်ပစ္စည်းဂိုဒေါင်မီးလောင်ခဲ့ပြီး ကျပ်သိန်း၃၀၀၀ ဝန်းကျင်အထိ ပျက်စီးဆုံးရှုံးခဲ့သည်။ ယမန်နေ့မတ်လ ၂၂ ရက် နံနက် ၆ နာရီတွင် ရဲဘော်များ PTပြေးနေချိန်၌ ယမ်း၊မိုင်း၊လက်နက်ပစ္စည်းများထားရှိသော ဂိုဒေါင်အား မီးလောင်ခဲ့သည်ဟု ဂဠုန်တပ်တော်…
သဇင် မတ် ၂၃၊၂၀၂၃။ စစ်ကိုင်းတိုင်း ၊မြောင်မြို့နယ်အတွင်း စစ်ရေးတင်းမာလျက်ရှိသော ဒေသများတွင် ငွေကြေးအင်အားမလုံလောက်မှု၊လက်နက်အင်အားမမျှတမှုများ ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနMODမှ စစ်အသုံးအဆောင်ပစ္စည်းများ ကူညီပေးရန် လိုအပ်နေသည်ဟု Myaung Special People Defense Forceတာဝန်ရှိသူက သံလွင်ခက်ကိုပြောသည်။ “MODအနေနဲ့တကယ့်မြေပြင်ကိုဆင်းပြီး သေချာစီစစ်ပြီးတော့မှ တကယ်တိုက်နေတဲ့အဖွဲ့တွေ၊တကယ်လိုအပ်နေတဲ့သူတွေကို လက်နက် တပ်ဆင်ပေးစေချင်တယ် ” ဟု…
နန်းဆုပန်ခန့် မတ်လ ၂၃၊ ၂၀၂၃။ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးသထူခရိုင် တပ်မဟာ ၁ ၊ ကျိုက်ထိုမြို့နယ်အတွင်းတပ်စွဲထားသော စစ်ကောင်စီ တပ်ရင်းများကကျေးရွာအတွင်းသို့ ရည်ရွယ်ချက်ရှိရှိဖြင့်လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူများ သေဆုံး၊ဒဏ်ရာရရှိမှုများရှိနေသည်ဟု ကေအဲန်ယူဗဟိုကသတင်းထုတ်ပြန်သည်။ ပြီးခဲ့သည့်ရက်ပိုင်း မတ်လ ၂၀ ရက်နေ့ ညနေ ၇း၀၀ နာရီဝန်းကျင်အချိန်တွင် ကျိုက်ထိုအခြေစိုက်…
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းကို ကျူးကျော်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ကရင်နီပူးပေါင်းတပ်တို့တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိနာနေသည်ဟု သိရသည်။ ဒီးမော့ဆိုအရှေ့ခြမ်းတွင် ကရင်နီပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီမှအထိနာသဖြင့် လေကြောင်း ပစ်ကူ အပါအဝင် လက်နက်ကြီးအလွန်အကျွံအသုံးပြုတိုက်ခိုက်နေသည်ဟု ယနေ့တွင်ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့တွင်ဖော်ပြထားသည်။ ယမန်နေ့ မတ်လ၂၁ ရက် နံနက်(၁၀)နာရီမှ ညနေ(၆)နာရီထိ ကရင်နီပြည်၊…
ကရင်ပြည်နယ် ၊မြဝတီမြို့တွင် လျှပ်စစ်မီးရရှိခြင်းမရှိသော်လည်း မီတာထိန်းသိမ်းခ လစဉ် ပေးဆောင်နေရသည်ဟု မြို့ခံများက သံလွင်ခက်ကို ပြောသည်။ မြဝတီမြို့တွင် ယမန်နှစ် ဒီဇင်ဘာလ ၁၆ ရက် ကစပြီး လျှပ်စစ်မီးမရရှိဘဲ မီတာထိန်းသိမ်းခပေးဆောင်နေရခြင်းဖြစ်သည်ဟု အသက်၄၀ အရွယ် မြဝတီမြို့ခံအမျိုးသားတစ်ဦးက သံလွင်ခက်ကိုပြောသည်။ “တစ်လ ၅၀၀ မီတာထိန်းသိမ်းခ လတိုင်းပေးနေရတာ။မြဝတီမှာ တစ်မြို့လုံးအတိုင်းအတာနဲ့ဆိုရင်မီတာ…
စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်တွင် ယာယီစစ်ဘေးရှောင် ကလေးငယ်များကို သံချဆေးတိုက်ကျွေးခဲ့သည်ဟု စစ်ဘေးရှောင် ကူညီသူများထံက သိရသည်။ ကနီမြို့နယ်အတွင်းရှိ လုံခြုံရေးအရအမည်မဖော်လိုသော ကျေးရွာနှစ်ရွာတွင် မတ်လ ၂၁ ရက်နေ့က ကလေးငယ်၁၄၁ ဦးကို နွေဦးတော်လှန်ရေးသပိတ်အင်အားစု (ကနီမြို့နယ်)အဖွဲ့ဝင်များက သံချဆေး တိုက်ကျွေးခဲ့ခြင်းဖြစ်သည်ဟု ကူညီသူတစ်ဦးက ပြောသည်။ အဆိုပါ သံချဆေးတိုက်ကျွေးခြင်းအစီအစဉ်ကို (၇၄) ကြိမ်မြောက်…
မကွေးတိုင်း၊ ရေစကြိုမြို့၊ အမှတ်-အမှတ်၁ ထင်းတန်းရပ်ရှိ မြို့ပေါ်မစ်ရှင်များပြုလုပ်နေသည့် လျှို့ဝှက်စခန်းတစ်ခု အသိမ်းခံခဲ့ရသည်ဟု သိရသည်။ အသိမ်းခံရသည့်နေအိမ် အဆောက်အအုံသည် Myingyan Black Tiger (MBT)၏ စခန်းအမှတ်၂ဖြစ်ပြီး ဒလန်သတင်းပေးကြောင့် ဝင်ရောက်အသိမ်းခံရခြင်းဖြစ်သည်ဟု MBT အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲကပြောသည်။ “သတင်းပေးလိုက်ပြတာပါ အဲလူအကြောင်းတော့သေချာမသိရဘူး မြို့ပေါ်မစ်ရှင်တွေလုပ်တဲ့နေရာသိမ်းခံလိုက်ရတော့ တော်တော်ဒုက္ခရောက်ရတယ်”ဟု ဆိုသည်။ မတ်လ၂၁ရက်…