Month: December 2022

နန်းချောင်း ဒေသခံတစ်ဦး လက်ပြန်ကြိုးတုပ် မီးရှို့ခံရ ယမင်းဖူးပွင့်အောင် ဒီဇင်ဘာ ၁၄၊ ၂၀၂၂။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်‌ ၊ နန်းချောင်းကျေးရွာက ဒေသခံပြည်သူတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်ပြန်ကြိုးတုပ်မီးရှို့ကာ နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။ အင်အား ၇၀ ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ ၁၂ ရက်နေ့က…

Read More

ချင်းပြည်နယ်၊ မင်းတပ်မြို့အနီး၌ ကင်းလှည့်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မင်းတပ်CDF တပ်ဖွဲ့ဝင်များက ယမန်နေ့ ဒီဇင်ဘာ ၁၃ရက်တွင် တိုက်ခိုက်ခဲ့သည်ဟု သိရသည်။ အင်အား ၂၀ ခန့်ဖြင့် ကင်းလှည့်လာသည့်စစ် ကောင်စီတပ်ဖွဲ့ဝင်များကို မင်းတပ်-မတူပီလမ်း ၅မိုင် ၅ဖာလုံတွင် CDF-Mindat တပ်ဖွဲ့ဝင်များက အနီးကပ်တိုက်ခိုက်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှတပ်ဖွဲ့ဝင်၃ဦးသေဆုံး၍ ၂ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု…

Read More

ကရင်နီပြည်၊ ဖရူဆိုမြို့၊ လောဘူးဒါးရပ်ကွက် ကို ခြေကုပ်ယူရန် စစ်ကြောင်းထိုးလာသည့်စစ် ကောင်စီတပ်စစ်ကြောင်းကို ဝင်ရောက်တိုက်ခဲ့သည်ဟု ယနေ့တွင် KNDF B04 တပ်ရင်းက သတင်းထုတ်ပြန်ထားသည်။ အင်အား ၅၀ ခန့်ရှိအဆိုပါစစ်ကြောင်းကို ယမန်နေ့ဒီဇင်ဘာ ၁၃ရက်၊ နေ့လည် ၁နာရီဝန်းကျင်တွင်ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း ၄ နှင့် ကရင်နီတပ်မ တော်…

Read More

ကရင်အမျိုးသားအစည်းအရုံ KNU ၊ မူတြော်ခရိုင်၊ KNLA အမှတ် ၅ တပ်မဟာထိန်းချုပ်နယ် မြေအတွင်းရှိ စစ်ကောင်စီတပ်စခန်းတစ်ခု ဝင် ရောက်တိုက်ခိုက်ခဲ့သည်ဟု ယနေ့တွင် ကေအဲန်ယူတပ်မဟာ၅ မူတြော်သတင်းစဥ်က ဖော်ပြထားသည်။ ယခုလဒီဇင်ဘာ ၁၂ရက်တွင် လူသောမြို့နယ်၊ လယ်မူပလောကျေးရွာအုပ်စုအတွင်း၌ အခြေချနေသည့် စစ်ကောင်စီတပ်၏ ထော်မူပလယ်မဲခြေကုပ်စခန်းအား KNLA တပ်ဖွဲ့ဝင်များက ခြုံခိုဝင်ရောက်တိုက်ခိုက်ခဲ့ကြသည်။…

Read More

နေပြည်တော် ပ.က.ဖရဲဘော်ဖုန်းမြတ်ကိုသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကိုခံလိုက်ရပြီးနောက် ၃ ရက်မြောက်နေ့၌ စစ်ကြောရေးစခန်းတွင် ကျဆုံးသွားခဲ့ပြီးဖြစ်သည်ဟု ယနေ့တွင် နေပြည်တော် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။ ကျဆုံးသွားခဲ့သည့်ရဲဘော်ဖုန်းမြတ်ကိုသည်CDM ကျောင်းသား တစ်ဦးဖြစ်ပြီး နေပြည် တော်ပြည်သူ့ကာကွယ်ရေးအဖွဲ့က မစ်ရှင်ဆောင်ရွက်ခဲ့သည့် ယခုလ ဒီဇင်ဘာ ၁ရက်တွင် ဖမ်းဆီးခံလိုက်ရသည်ဟု နေပြည်တော် ပ.က.ဖ ကဖော်ပြထားသည်။ နေပြည်တော်…

Read More

နေအိမ်များပြာကျသွားသည့်ပြည်သူများနှင့်နေအိမ်များမီးရှို့မခံလိုက်ရသူများလည်း ရှိသမျှရိက္ခာနှင့်ပစ္စည်းများ ယူဆောင်၊ ဖျက်ဆီးခံလိုက် ရသည့်အတွက် သောင်းဂဏန်းအထိရှိသော ဒီပဲယင်းပြည်သူများမှာ လက်တလော စားသောက်ရေးအတွက်ကိုပင် အရေးအပေါ်အကူအညီလိုအပ်နေသည်။ ပြီးခဲ့သည့်နိုဝင်ဘာလ လကုန်ပိုင်း၌ ရေဦးမြို့နယ်နှင့်ရွှေဘိုမြို့နယ်တို့မှ ဒီပဲယင်းမြို့နယ်အတွင်းသို့စစ်ကြောင်းထိုးခဲ့သော အင်အား ၁၅၀ဝန်းကျင်ရှိသော စစ်ကောင်စီတပ်စစ်ကြောင်းက ဒီပဲယင်းအရှေ့ခြမ်းကျေးရွာများကို ၁၀ ရက်ဆက်တိုက်မီးရှို့ဖျက်ဆီးခဲ့သည်။ ယခုလဒီဇင်ဘာ ၁ရက်မှ ၁၁ ရက်အထိ စစ် ကောင်စီတပ်များမီးရှို့ဖျက်ဆီးခဲ့မှုကြောင့်…

Read More

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းကို စစ်ကြောင်း သုံးကြောင်းဖြင့် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်များကို ခုခံတိုက်ခိုက်ခဲ့သော တိုက်ပွဲအတွင်း၌ ကရင်နီတော်လှန်ရေးတပ်များမှ ရဲဘော်၅ဦး ကျဆုံးခဲ့ရသည်ဟု သိရသည်။ ပြီးခဲ့သောနိုဝင်ဘာလကုန်ပိုင်း၌ တပ်များဆုတ်ခွာပေးခဲ့ရသောစစ်ကောင်စီတပ်သည် ယခုလဒီဇင်ဘာလ ၆ရက်၊ ညသန်းခေါင်ယံအချိန်၌ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကျေးရွာများကို စစ်ကြောင်းသုံးကြောင်းဖြင့်ထိုးစစ်ဆင်လာခဲ့သည်။ အင်အား၈၀ ဝန်းကျင်ဖြင့်စစ်ကြောင်းထိုးလာသောစစ်ကောင်စီတပ်ကို ကရင်နီတော်လှန်ရေးတပ်များက ပူးပေါင်းတိုက်ခိုက်ခဲ့ရာ ဒီဇင်ဘာလ ၇ရက် နံနက်အစောပိုင်းမှစ၍…

Read More

ကရင်နီတော်လှန်ရေးတပ်ပေါင်းစု(KRU) ထိန်းချုပ်ထားရာ ဒီးမော့ဆိုမြို့နယ် ကုန်းသာကျေးရွာသို့ စစ်ကောင်စီတပ်က စစ်ကြောင်း၃ကြောင်းဖြင့် စစ်ကြောင်းထိုး တိုက်ခိုက်မှု၌ KRU ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်ဟု သိရသည်။ စစ်ကောင်စီတပ်များသည် ကုန်းသာကျေးရွာသို့ ယခုလ ဒီဇင်ဘာ၆ရက်တွင် ညဘက်အချိန်မတော်စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး ညသန်း ခေါင်ယံနီးကပ်ချိန် ၁၁း၄၅ နာရီတွင် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ အဆိုပါ ထိတွေ့တိုက်ပွဲအတွင်း၌ KRU…

Read More

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၌ပြတ်ရှဒဏ်ရာ များနှင့် ညှဉ်းပမ်းနှိပ်စက်ခံဒဏ်ရာများဖြင့်စွန့်ပစ်ထားသည့် ရိုဟင်ဂျာ ၁၃ဦး ၏ ရုပ်အလောင်းများတွေ့ရှိရမှုကို စုံစမ်းစစ် ဆေးနေသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ထားသည်။ ဒီဇင်ဘာလ ၅ ရက်နေ့တွင် ရန်ကုန်တိုင်း လှည်းကူးမြို့နယ်၌ အမျိုးသားရုပ်အလောင်း ၁၃ လောင်းတွေ့ရှိမှုအားအမျိုးသား ညီညွတ်ရေးအစိုးရအနေဖြင့် များစွာတုန်လှုပ်စိတ်ပျက်မိသည်ဟုဆိုသည်။ ထို့ကြောင့် ဖြစ်ပွါးခဲ့သောဖြစ်စဉ်နှင့်ပတ်သက်…

Read More

မြန်မာနိုင်ငံအနောက်မြောက်ပိုင်းနေထိုင်တဲ့ ကိုဇော်မြင့်သိန်း ကလယ်သမားတစ်ယောက်ဖြစ်ပြီး သူနေထိုင်ဒေသ မှာ အင်တာနက် ပြတ် တောက်နေတာ တစ်နှစ်ကျော်ကြာခဲ့ပါပြီ။ ဒါကြောင့်လည်း သူနဲ့သူမိသားစုအပြင် ဒေသတစ် ခုလုံးက အဆင်မပြေမှုများစွာနဲ့ရင်ဆိုင်နေ ကြရပါတယ်။ သူ့သားအနေနဲ့ အွန်လိုင်းကနေ ပညာမသင် ကြားနိုင် တော့သလို သူစိုက်ပျိုးခဲ့တဲ့ဖရဲသီးတွေကိုလည်း အွန်လိုင်းပေါ်တင်ပြီး မရောင်းနိုင်ခဲ့တာကြာပါပြီ။ အင်တာနက် ဖြတ်တောက်ပစ်တာက သူ့ဘဝကို…

Read More