စစ်ကောင်စီကို တစ်ဧက တစ်သိန်းပေးပြီး စပါးရိတ်နေရ *********** နန်းအိဖြူ ဒီဇင်ဘာ ၂၀၊ ၂၀၂၂။ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ မြင်းစီးကျေးရွာတွင် စပါးရိတ်သိမ်းမည်ဆိုလျင် တစ်ဧကကို တစ်သိန်း ပေးမှ ရိတ်သိမ်းခွင့် ပြုသည်ဟု တောင်သူများက ပြောသည်။ မိမိတို့ စိုက်ပျိုးထားသည့် စပါးစိုက်ခင်းများကို စစ်ကောင်စီတပ်ဖွဲ့၀င်များနှင့် ပျူစောထီးခေါင်ဆောင်တို့ကို ပေးဆောင်ပြီး…
Month: December 2022
တပ်ဖွဲ့တွင်း၌ ဆေးဝါးလုံလောက်မှုမရှိသော ကြောင့် ထိခိုက်ဒဏ်ရာရရဲဘော်များနှင့် ကျန်းမာရေးမကောင်းသည့်ရဲဘော်များကို ပြင်ပဆေးရုံ၊ ဆေးခန်းများပို့ဆောင်ရာတွင် လုံခြုံရေးပြဿနာနှင့် အချိန်ကြန့်ကြာမှုပြဿနာ များနှင့်ကြုံနေရသည်။ ” အရေးပေါ် အခြေနေခွဲစိတ်ဖို့ဆိုရင် လမ်းခရီးက ၂ ရက် နီးပါးသွားရတယ်။ တခါတလေ လမ်းလည်းကြမ်းသေးတော့ ထမ်းစင်နဲ့ထမ်းပြီး လမ်းကောင်းရောက်တဲ့အခါမှပဲ ကားတွေငှားရတာပေါ့ ။လမ်းမှာလည်း တပ်စခန်းတွေရှိတဲ့နေရာ လည်းဖြတ်ရသေးတယ် “ဟု…
စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်အတွင်း စစ်တပ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်များ၏ပစ်ခတ်၊ဖမ်းဆီး၊သတ်ဖြတ်မှုများကြောင့် ကလေးငယ်သုံးဦးအပါအဝင် ပြည်သူ၈၁ ဦးအသက်ဆုံးရှုံးခဲ့ရသည်ဟုသိရသည်။ အာဏာသိမ်းခဲ့သည့် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ရက် မှစ၍ ၂၀၂၂ နိုဝင်ဘာလ အထိ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က လက်လှမ်းမီသမျှ စုဆောင်းထားရှိသော စာရင်းများအရ အရပ်သားပြည်သူများသေဆုံးမှုစာရင်းများကို အဆိုပါအဖွဲ့က ယမန်နေ့တွင်ထုတ်ပြန်ဖော်ပြခဲ့သည်။ ထိုထုတ်ပြန်ချက်တွင်…
တစ်ကိုယ်စာအထုပ်အပိုးတွေကို သယ်ပိုးရင်း၊ အသက် ၇ နှစ်အရွယ် သမီးငယ်ကို လက်က ဆွဲရင်းနဲ့ လက်နက်ကြီးပစ်သံတွေကြားမှာ အားတင်းရုန်းကန်နေခဲ့သူက ကိုယ်ဝ န်ဆောင်အမျိုးသမီးတစ်ဦးဖြစ်တဲ့ အဲဂနက်ပါ။ အသက် ၂၈ နှစ်အရွယ် အဲဂနက်ဟာ ကရင်နီပြည်နယ်နဲ့ ရှမ်းပြည်နယ် အစပ်မှာ ရှိတဲ့ ရွာလေးတစ်ရွာမှာ မွေးဖွားကြီးပြင်းခဲ့သူဖြစ်ပြီး မိရိုးဖလာ တောင်ယာအလုပ်နဲ့ အသက်မွေးခဲ့သူလည်း…
စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းအရှေ့ခြမ်းကျေးရွာများသို့ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများထံမှသိရသည်။ ယနေ့ ဒီဇင်ဘာလ၁၇ရက်၊ နံနက် ၁၀ နာရီခန့်တွင် ရေဦးမြို့မှ ကားကြီး ၂ စီးဖြင့် ကုက္ကိုစုရွာ သာလေးကျေးရွာဘက်ထွက်လာသော အင်အား ၆၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ “…
Chinland Defense Force- Paletwa တပ်ဖွဲ့ဝင်များက စစ်ကောင်စီတပ်ဂိတ်စခန်းတစ်ခုကိုဝင်ရောက် ပစ်ခတ်ခဲ့သည်ဟု ယနေ့တွင်ပလက်ဝ CDFကသတင်းထုတ်ပြန်ထားသည်။ ချင်းပြည်နယ် ၊ ပလက်ဝ-မတူပီ နယ်စပ်တွင် စစ်ကောင်စီတပ်မှ ဂိတ်ထိုးထားသော ဘွေလီဂိတ်စခန်းအား ပလက်ဝ CDF တပ်ဖွဲ့ဝင်များက ယမန်နေ့ ဒီဇင်ဘာ၁၆ရက်၊ နံနက် ၇နာရီတွင်ဝင်ရောက်ပစ်ခတ်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုတွင် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု အချိန်…
ဖမ်းဆီးခံထားရသည့် ကချင်ဘာသာရေးခေါင်းဆောင် နှင့် မိသားစုဝင်များ အဆက်အသွယ်မရ *************************** သံလွင်ခက်။ ဒီဇင်ဘာ ၁၆၊ ၂၀၂၂။ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးထားသည့် ကချင်ဘာသာရေးဆရာ ဒေါက်တာခလမ်ဆမ်ဆွန် နှင့် မိသားစုဝင်များ နှစ်ပတ်ခန့် ကြာသည်အထိ အဆက်အသွယ် မရသေးဟု မိသားစုဝင်များထံက သိရသည်။ ဖမ်းဆီးသွားသည့် အချိန်မှစ၍ ယနေ့ချိန်ထိ မည်သည့်…
ကရင်နီပြည်၊ ဒီးမော့ဆိုမြိုနယ် စံပြ (၆) မိုင်နှင့် ဘက်သလိန်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသည့်စစ်ကောင်စီ တပ်နှင့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုKNDFက ယနေ့တွင်သတင်းထုတ်ပြန်သည်။ ယခုလဒီဇင်ဘာ၁၃ရက်တွင် စံပြ (၆) မိုင်နှင့် ဘက်သလိန်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသည့်စစ်ကောင်စီတပ်နှင့်င့် KNDF-B09 တပ်ရင်းတို့ ထိတွေ့တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့သည်။ အဆိုပါထိတွေ့ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်မှ…
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ်အာရှလမ်းမပေါ်ရှိ တံတာကျိုးဂိတ်တွင် ယနေ့နံနက်ပိုင်း၌တိုက်ပွဲပြင်းထန်ဖြစ်ပွာပြီး စစ်ကောင်စီတပ်က လေယာဥ်များဖြင့်ပါ လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများထံမှသိရသည်။ ယနေ့ ဒီဇင်ဘာလ၁၆ရက်၊နံနက်၆နာရီဝန်းကျင် အချိန်တွင် လက်နက်ကြီးအပြန်အလှန်ပစ်ခတ် မှုများကြားရပြီးနောက် တစ်နာရီခန့်အကြာတွင် စစ်ကောင်စီတပ်က လေယာဥ်များဖြင့်လာရောက်ပစ်ခတ်ခြင်းဖြစ်သည်ဟု ဒေသ ခံတစ်ဦးကပြောသည်။ အဆိုပါထိတွေ့တိုက်ပွဲသည် တံတားကျိုးဂိတ်ရှိစစ်ကောင်စီတပ်ဖွဲ့ဝင်များကို KNLAနှင့်PDF ပေါင်းတပ်များ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာမှ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခြင်းဖြစ်သည်။…
ကြားကာလပညာရေးအတွက် စေတနာ့ဝန်ထမ်းဆရာများ လိုအပ်နေ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပညာရေးလက်အောက်တွင် ပညာသင်ကြားရန် စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်အတွက် သင်ကြားရေး ဆရာ၊ ဆရာမများ လိုအပ်လျက်ရှိသည်ဟု မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။ ပုလဲမြို့နယ်၏ တောင်ပေါ်ဒေသများတွင် တာဝန်ထမ်းဆောင်ရန်အတွက် စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမများ လိုအပ်လျက်ရှိသည်ဟု ပုလဲပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ကိုဇော်ထက်က သံလွင်ခက်ကို ပြောသည်။…