စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယခုဒီဇင်ဘာ လအတွင်း ဒီပဲယင်းကျေးရွာအရှေ့ခြမ်းရှိ ကျေးရွာ ၁၉ရွာမှနေအိမ် ၁၇၀၀ ကျော်ကိုမီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ဒီပဲယင်းအနောက်တောင် ခြမ်းကျေးရွာများကို ထပ်မံစစ်ကြောင်းထိုး၍ နေအိမ်များကို မီးရှို့ဖျက်ဆီးနေသည်ဟု ဒေသခံများထံမှ သိရသည်။ ဒီပဲယင်းမြို့နယ်အတွင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယမန်နေ့ဒီဇင်ဘာ၂၂ရက်တွင်စစ်ကြောင်းထိုး၍ အေးသာယာ(ပျံကျ)ရွာနေအိမ် များကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရသည်။ ” ဒီနေ့မနက်ခင်းလည်း ပျံကျရွာကနေ အနီးနားရွာတွေကို…
Month: December 2022
မဟာမုနိ စစ်ဘေးရှောင်စခန်းကို သေနတ်ပစ်ဖောက် ဝင်ရောက် ရှာဖွေ ********************** ဒီဇင်ဘာ ၂၂ ၊ ၂၀၂၂ ။ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်က မဟာမုနိ စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒီဇင်ဘာ ၂၀ ရက်နေ့ ည ၉ နာရီခွဲခန့်တွင် သေနတ်ပစ်ဖောက် ဝင်ရောက်ရှာဖွေခဲ့သည်ဟု စစ်ဘေးရှောင်ကူညီသူများက ပြောသည်။…
ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာ့အရေး ဆုံးဖြတ်ချက်ကို အမေရိကန် ကြိုဆို ဒီဇင်ဘာ ၂၂၊ ၂၀၂၂။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာ့နိုင်ငံအရေးနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်ကို အမေရိကန်ပြည်ထောင်စုက ထောက်ခံကြိုဆိုကြောင်း အမေရိကန်နိုင်ငံရေးဝန်ကြီး အန်တိုနီဂျေဘလင်ကန်၏ ထုတ်ပြန်ကြေညာချက်အား ယနေ့တွင် မြန်မာအမေရိကန်သံရုံးက ဖော်ပြထားသည်။ ယမန်နေ့က ဒီဇင်ဘာ၂၁ ရက်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးတစ်ရပ်ကို ကျင်းပခဲ့ရာ…
ပြည်သူများထံက သိမ်းဆည်းထားသည့် ရွှေထည်များကို ပြန်ဝယ်သည့် ရွှေဆိုင်ပိုင်ရှင် အပစ်ခံရ ******************** ဒီဇင်ဘာ ၂၁၊ ၂၀၂၂။ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြည်သူများထံက သိမ်းဆည်းလာသည့် ရွှေများကို လက်ခံဝယ်ယူသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ ဗိုလ်ချုပ်လမ်းပေါ်ရှိ ရွှေမုံရွာ ရတနာရွှေဆိုင် ပစ်ခတ်ခံရသည်ဟု ဒေသခံများထံက သိရသည်။ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ယမန်နေ့ မွန်းလွဲပိုင်းတွင်…
အချိန်မီ ဆေးမကုသ လိုက်ရသည့် စစ်ဘေးရှောင်တစ်ဦး သေဆုံး ************* သဇင်ဦး ဒီဇင်ဘာ ၂၁၊ ၂၀၂၂။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် တစ်ပတ်အတွင်း မြွေကိုက်ခံရသူ သုံးဦးရှိပြီး ညမထွက်ရအမိန့်ကြောင့် အချိန်မီ ဆေးဝါးကုသနိုင်ခြင်း မရှိသည့်အတွက် စစ်ဘေးရှောင်တစ်ဦး သေဆုံးခဲ့သည်ဟု ကူညီသူများက ပြောသည်။ ထန်းကုန်းတိုက်နယ်အတွင်းရှိ တိုက်ပွဲရှောင်နေသည့် အသက်…
တပ်တွင်းသတင်းပေး ဆေးတပ်သားတစ်ဦး လုံခြုံရေး စိုးရိမ်စရာအခြေအနေဖြစ်လာ၍ KDF ခေါ်ထုတ်ပေးခဲ့ ************************************ ဒီဇင်ဘာ ၂၁ ၊ ၂၀၂၂ ။ ကရင်နီတော်လှန်ရေးတပ်များထံ စစ်ကောင်စီတပ်များ၏ လှုပ်ရှားမှုသတင်းများပေးနေသည့် တပ်သားတစ်ဦး လုံခြုံရေးအတွက်စိုးရိမ်စရာအခြေအနေဖြစ်လာသောကြောင့် ခေါ်ထုတ်ပေးခဲ့သည်ဟု KDF ထံမှသိရသည်။ စစ်ကောင်စီလက်အောက်ခံတပ်တစ်ခုဖြစ်သည့်လွိုင်ကော် အခြေစိုက်တပ် ဆေးတပ် (တဆရ) တပ်မှ တပ်သား…
ကရင်နီတော်လှန်ရေးတပ်များထံ စစ်ကောင်စီတပ်များ၏ လှုပ်ရှားမှုသတင်းများပေးနေသည့် တပ်သားတစ်ဦး လုံခြုံရေးအတွက်စိုးရိမ်စရာအခြေအနေဖြစ်လာသောကြောင့် ခေါ်ထုတ်ပေးခဲ့သည်ဟု KDF ထံမှသိရသည်။ စစ်ကောင်စီလက်အောက်ခံတပ်တစ်ခုဖြစ်သည့် လွိုင်ကော် အခြေစိုက်တပ် ဆေးတပ် (တဆရ) တပ်မှ တ ပ်သား မောင်ငြိမ်းချမ်း(ခ) ဖိုးလပြည့်သည် ကရင်နီဒီမိုကရက်တစ်တပ်ဦး(KDF)ထံ တပ်တွင်းသတင်းများပေးနေသည်မှာ အချိန်၆ နာရီခန့်ရှိနေပြီဖြစ်သည်။ ” သူက တပ်တွင်းဖရဲသီးပုံစံမျိုးပေါ့ သတင်းပေးတယ်။ ကြာပြီပေါ့ ။…
ခြေထောက်ဖြတ်ထားရသည့် ဒဏ်ရာများ မကျက်သေးသော်လည်း မှာယူရရှိလာသော ခြေတုများ တပ်၍ ရဲဘော် ပီတာဦး လမ်းကြိုးစားလျှောက် နေသည်။ ပြင်းပြသည့်တော်လှန်ရေးစိတ်ဓာတ်ရှိသည့် လူငယ်ပီပီ ဒဏ်ရာသက်သာချိန်၌ တော်လှန်ရေးအတွက် တတ်သမျှ ပါဝင်နိုင်ရန် သူ စိတ်အားထက်သန်နေသည်။ သို့သော် သူသည် စိတ်ကူးယဥ်မဆန်။ လက်တွေ့ဆန်သည်။ သူလုပ်နိုင်သမျှ ကြိုးစားလုပ်ဆောင်သည်။ လမ်းလျှောက် ကျင့်သည်။…
ဒေါင်းစစ်သည် ရဲဘော်တစ်ဦးကို စစ်ကောင်စီတပ် မီးရှို့ အလောင်းဖျောက်ဖျက် ******************************* ဒီဇင်ဘာ ၂၀၊ ၂၀၂၂။ စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ် ဆယ်ရွာကျေးရွာကို ယနေ့နံနက် ၅ နာရီခွဲခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကို ပစ်သတ်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ထိုရဲဘော်ကို ပစ်သတ်၍ ကျေးရွာဘုန်းကြီးကျောင်းတွင် မီးရှို့ခဲ့ခြင်း…
ကရင်ပြည်နယ်၊ KNU ထိန်းချုပ်နယ်မြေ၊ တပ်မဟာ ၅ အခြေစိုက် ဗမာပြည်သူ့လွတ်မြောက်ရေး တပ်တော်- BPLA မှ အပတ်စဉ် ၅ အခြေခံစစ်သင်တန်းအတွက် တပ်ရင်းတစ်ရင်းစာ လူသစ်စုဆောင်းမှု စတင်ပြုလုပ်နေပြီဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ထားသည်။ BPLA တပ်တော်၌ ဗမာတိုင်းရင်းသားရဲဘော် ၉၅ ရာခိုင်နှုန်းထိရှိကာ အများစုမှာ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းမှ…