အောက်တိုဘာ ၆ ရက်တွင် တပ်ဖွဲ့တည်ထောင်ခြင်း ၄ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သော 96 Soldiers – PDF အဖွဲ့၏ တပ်နှစ်ပတ်လည်နှင့် စစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနားကို မဟာမိတ်ဒေသတွင် ပြုလုပ်ခဲ့သည်ဟု မြင်ကွင်းဓါတ်ပုံများနှင့်တကွ သတင်းထုတ်ပြန်ခဲ့သည်။ 96 Soldiers – PDF တပ်ဖွဲ့သည် ယခင်က တောင်ပိုင်းတိုင်းစစ်ဒေသ၌ ကျားဖြူတပ်ခွဲ(၂)အဖြစ်တည်ရှိခဲ့ပြီးနောက်…
Browsing: ပြည်တွင်းသတင်း
ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်ရှိ ဟိုတယ်တစ်ခုတွင် အမျိုးသမီးငယ်တစ်ဦးအား သတ်ဖြတ် အလောင်းဖျောက်ဖျက်ရာတွင် ပါဝင်ခဲ့သူ အသက် ၁၈ နှစ်အရွယ် လူငယ်နှစ်ဦးကို ဖမ်းဆီးရမိသည်ဟု အာဏာသိမ်းစစ်ကော်မရှင်၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့ အောက်တိုဘာလ ၈ ရက်တွင် သတင်းထုတ်ပြန်သည်။ အဓိကကျူးလွန်သူသည် နိုင်ငံခြားမှ လူသတ်အလောင်းဖျောက်သည့် ရုပ်သံဇာတ်လမ်းတွဲများကို အတုခိုးကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။…
မုံရွာ-အမြင့် ကားလမ်းပိုင်းတနေရာတွင် သီးတင်းကျွတ်လပြည့်နေ့ ညပိုင်းတွင် ဆီမီးထွန်းပူဇော်သပိတ် ပြုလုပ်ခဲ့သည့် ပြည်သူတွေကို မုံရွာမြို့ အခြေစိုက်တပ်ရင်းမှ Paramotot နှစ်စီးဖြင့် ဗုံးများ ဆက်တိုက်ကြဲချခဲ့ခြင်းကြောင့် ပြည်သူ ၂၀ ကျော် သေဆုံးခဲ့သည်ဟုသည် သတင်းများထွက်ပေါ်နေသော်လည်း သေဆုံးသူ အရေအတွက် ပိုမိုများပြားနိုင်သည်ဟု ချောင်းဦးဒေသခံများမှ ပြောသည်။ “သေဆုံးသူ အရေအတွက်…
ရန်ကုန်တိုင်းအတွင်းတွင် စက်တင်ဘာ တစ်လတည်းတွင် ရွေးကောက်ပွဲ ဆန့်ကျင်သူများ အပါအဝင် အရပ်သား ၁၆၀ ကျော်အထိ ဖမ်းဆီးထားသည်ဟု Rangon Scout Network က အောက်တိုဘာ ၅ ရက်တွင် ထုတ်ပြန်လိုက်သည်။ ယင်းသို့ ဖမ်းဆီးခံရသူများထဲမှ ၁၀ ဦးအား ပြန်လွှတ်ပေးခဲ့ပြီး ၂၅ ဦးအား စစ်မှုထမ်းသင်တန်းကျောင်းနှင့်…
ချင်းပြည်နယ်၊ မင်းတပ်မြို့ကို စစ်ကောင်စီတပ်က ယနေ့ နံနက်အစောပိုင်းတွင် လူနေအိပ်ချိန်တွင် လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ရာ အရပ်သားပြည်သူ သုံးဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့-မင်းတပ်က ထုတ်ပြန်သည်။ လေကြောင်းတိုက်ခိုက်မှုများကို နံနက် ၁ နာရီ ၂၃ မိနစ်နှင့် ၁ နာရီ ၃၄ မိနစ်တို့တွင် မင်းတပ်မြို့ပေါ်ရှိ နေရာ နှစ်နေရာသို့…
မြန်မာနိုင်ငံအတွင်းရှိ အသက် ၁၅ နှစ်မှ ၃၅ နှစ်အရွယ် လူငယ်များသည် ပညာရေးနှင့် အလုပ်အကိုင်ရရှိရေးတို့တွင် အခက်အခဲမျိုးစုံဖြင့် ကြုံတွေ့နေရပြီး လူငယ် ၄ သန်းခန့် အလုပ်လက်မဲ့ ပြဿနာဖြင့် ရင်ဆိုင်နေရသည်ဟု UNDP Myanmar မှ အောက်တိုဘာ ၃ ရက်တွင် ထုတ်ပြန်သည်။ အာဏာသိမ်းစကတည်းက အလုပ်လက်မဲ့…
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တပ်မဟာ (၂) နယ်မြေ၊ သီပေါမြို့နယ်ကို ယမန်နေ့ညက စစ်ကော်မရှင်တပ်မှ လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံး နှစ်လုံး ထပ်မံကြဲချတိုက်ခိုက်ခဲ့သည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထံမှ သိရသည်။ ယမန်နေ့ ည ၁၀း၁၅ နာရီခန့် တွင် စစ်တပ်မှ လေကြောင်းဖြင့် သီပေါမြို့နယ်၊ စံဖိတ်ကျေးရွာ…
မြန်မာ့ပန်းချီလောကအတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ရပ်အဖြစ် ထင်ရှားကျော်ကြားသည့် သက်တော်ရှည် ပန်းချီပညာရှင် ဆရာကြီး ဦးလွန်းကြွယ် သည် ယနေ့ အောက်တိုဘာ ၂ ရက်၊ နံနက်ခင်းပိုင်း တွင် အသက် ၉၆ နှစ် ၌ ကွယ်လွန်သွားသည်ဟု သိရသည်။ ဆရာကြီး ဦးလွန်းကြွယ်၏ ကွယ်လွန်ခြင်းသတင်းကြောင့် မြန်မာ့အနုပညာနယ်ပယ်အတွင်း ဝမ်းနည်းကြေကွဲကြောင်း…
ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်တွင် လွတ်ရက်စေ့ပြီး ပြန်လွတ်လာသည့် နိုင်ငံရေးအကျဉ်းသား ၅ ဦးသည် ထောင်တံခါးဝ၌ပင် စစ်ကော်မရှင်၏ ရဲကားဖြင့် ပြန်လည်ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံခဲ့ရသည်ဟု နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ သိရသည်။ ၎င်းတို့အား ယခင်ပြစ်ဒဏ်များ လွတ်ငြိမ်းပြီးသော်လည်း ပိုမိုပြင်းထန်သည့် အကြမ်းဖက်ပုဒ်မများဖြင့် နောက်ထပ်တရားစွဲဆိုရန် ပြင်ဆင်လျက်ရှိသည်ဟု PPNM က ထုတ်ပြန်ဖော်ပြထားသည်။…
မြိတ်-ထားဝယ်ခရိုင်၊ တနင်္သာရီနယ်မြေအတွင်းရှိ အာဏာသိမ်းတပ်ဖွဲ့ဝင် တပ်သား နှစ်ဦးသည် အောက်တိုဘာလ ၁ ရက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၄)၊ တပ်ရင်း (၁၁) ထံသို့ ထပ်မံ အလင်းဝင် ခိုလှုံခဲ့သည်ဟု KNU-ကရင်အမျိုးသားအစည်းအရုံးက ထုတ်ပြန်သည်။ အလင်းဝင်ခိုလှုံလာသည့် အဆိုပါတပ်သား နှစ်ဦးသည် စစ်ကော်မရှင်၏ ခလရ-၂၈၀ တပ်ရင်းမှဖြစ်သည်။…