၂၀၂၅ ခုနှစ် ဇူလိုင်လ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ သုံးလအတွင်း စစ်တပ်၏ သတ်ဖြတ်မှုကြောင့် အရပ်သားပြည်သူ စုစုပေါင်း ၃၈၇ ဦးကျော် သေဆုံးခဲ့သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က အောက်တိုဘာ ၁ ရက်တွင် ထုတ်ပြန်သည်။ သုံးလအတွင်း မြန်မာနိုင်ငံအနှံမှ…
Browsing: ပြည်တွင်းသတင်း
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူနှင့် မန်တုံမြို့များတွင် စစ်ကော်မရှင်တပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ လေးဦး သေဆုံးပြီး ကလေးငယ်တစ်ဦးအပါအဝင် ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည် ဟု ဒေသခံများနှင့် ရသည်။ ယနေ့ အောက်တိုဘာ ၂ ရက်၊ နံနက် ၇ နာရီ ၂၀ မိနစ်ခန့် တွင် စစ်ကော်မရှင်တပ်သည်…
စက်တင်ဘာ ၂၉ ရက် တစ်ရက်တည်းတွင် စစ်တပ်က လေကြောင်းတိုက်ခိုက်ခြင်းကြောင့် မြန်မာနိုင်ငံအနှံ့က အရပ်သားပြည်သူ ၁၄ ဦး သေဆုံးခဲ့ရသည်။ ယမန်နေ့ နေ့လယ် ၂ နာရီခွဲခန့်တွင် စစ်တပ်က ကချင်လွတ်မြောက်ရေးတပ်မတော် KIA ထိန်းချုပ်ထားသည့် ကချင်ပြည်နယ် ဆဒုံးမြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် မူကြိုကလေးငယ် နှစ်ဦး အပါအဝင် စုစုပေါင်း…
ကရင်ပြည်နယ်၊ မြ၀တီမြို့၊ ကေအဲန်ယူ တပ်မဟာ (၆) ထိန်းချုပ်နယ်မြေအတွင်းရှိ လေးကေ့ကော်ဒေသ ရေကန်ကုန်းကို စစ်တပ်ဘက်မှ ယမန်နေ့က ပြန်လည် သိမ်းပိုက်ခဲ့သောကြောင့် တော်လှန်ရေးပူးပေါင်းတပ်များ ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။ လေးကေ့ကော်ဒေသတွင် ယမန်နေ့က စစ်တပ်နှင့် တော်လှန်ရေးတပ်များကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်ဘက်မှ ပြန်လည်သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်ဟု မြေပြင်ရဲဘော်တစ်ဦးကပြောသည်။ …
အာဏာသိမ်းစစ်ကော်မရှင်က ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပူးပေါင်းကာကွယ်ပေးသွားမည်ဖြစ်ကြောင်း ကရင်နယ်ခြားစောင့်တပ် (BGF)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) နှင့် KNU/KNLA-ငြိမ်းချမ်းရေးကောင်စီ (PC) တို့က ယနေ့၊ စက်တင်ဘာလ ၂၉ ရက်တွင် ပူးတွဲသဘောထားထုတ်ပြန် ကြေညာခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်သည် ထိပ်တန်းခေါင်းဆောင်များဖြစ်ကြသော BGF မှ ဗိုလ်မှူးကြီးစောချစ်သူ၊…
တစ်ပတ်အတွင်း ရန်ကုန်တိုင်းအတွင်း မြို့နယ် ၆ ခုတွင် လူငယ် စုစုပေါင်း ၁၄ ဦးအထိ စစ်ကောင်စီ၏ ဖမ်းဆီးခြင်း ခံခဲ့ရသည်ဟု Rangoon Scout Network မှ စက်တင်ဘာ ၂၉ ရက်က ထုတ်ပြန်ထားသည်။ စက်တင်ဘာ ၂၂ ရက်မှ ၂၈ ရက်အထိ တစ်ပတ်အတွင်း…
ခင်သရဖီဦး စစ်တပ်က ၎င်းတို့ လက်လွှတ်ဆုံးရှုံးထားရသည့် သံတွဲမြို့နယ်အား လေကြောင်းနှင့် ရေကြောင်းများမှ နေ့စဉ် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေသည်ဟု ဒေသခံများထံမှသိရသည်။ ယမန်နေ့ စက်တင်ဘာလ ၂၈ ရက် ည ၁၁ နာရီခွဲခန့်က သံတွဲမြို့နယ်၊ ပဒဲကောကျေးရွာအနောက်ဘက်ရှိ တောင်တန်းကို ဂျက်ဖိုက်တာ နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု အသက် ၄၀…
ကရင်ပြည််နယ်၊ မြဝတီမြို့တောင်ဘက်၊ လေးကေ့ကော်မြို့သစ်တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ အထိခိုက်၊ အကျဆုံးများစွာရှိပြီး ဖလူးကျေးရွာသို့ ကာမီကာဇေဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည်။ ယနေ့နေ့လည် ၁၂ နာရီကျော်တွင် ကာမီကာဇေဒရုန်း နှစ်စင်းဖြင့်တိုက်ခိုက်ပြီး ဖလူးကျေးရွာဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းတွင် ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ မြေပြင်ရဲဘော်တစ်ဦးက “ကာမီကာဇေနဲ့လာကြဲတာ။ ထိခိုက်မှုတော့မရှိဘူး။ ကျောင်းနဲ့ ဘုန်းကြီးကျောင်းတော့ ပျက်စီးသွားတာပေါ့” ဟု အတည်ပြု ပြောသည်။…
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကံထူးမကျေးရွာကို စစ်တပ်က ယနေ့ နံနက် ၁၁ ခွဲခန့်တွင် ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး နှစ်လုံး ကြဲချတိုက်ခိုက်ခြင်းကြောင့် အရပ်သားပြည်သူ ကိုးဦး သေဆုံးပြီး ၁၁ ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ “ကံထူးမ ကျေးရွာ အနောက်ခြမ်းမှာရှိတဲ့…
ခင်သရဖီဦး ရခိုင်ပြည်နယ် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်မှ အကူအညီများ လိုအပ်နေသည့် မူဆလင်ကျေးရွာ ၁၀ ခုအား အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖွဲ့၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောက်ရွက်ရေးရုံး (HDCO) က ဆန်နှင့် အမိုးအကာများ ထောက်ပံ့ပေးခဲ့သည်ဟု သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှ ဩဂုတ်လအထိ မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များရှိ ရပ်ကွက်၊ ကျေးရွာ…