ထားဝယ်ရေနက်ဆိပ်ကမ်းတည်ဆောက်ရေး သဘောတူညီပြီးနောက် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်သည် ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်သွားရောက်မည်ဟု စစ်ကောင်စီက ယမန်နေ့ ညနေပိုင်းက ထုတ်ပြန်ထားသည်။ ဆိပ်ကမ်းနှင့် စွမ်းအင်စီမံကိန်းများပါရှိသည့် ထားဝယ်ရေနက်ဆိပ်ကမ်းကို စစ်ကောင်စီ နှင့် ရုရှား စီးပွားရေးဝန်ကြီးတို့ နားလည်မှုစာချွန်လွှာ (MOU) အား ဖေဖော်ဝါရီ ၂၄ ရက်တွင်…
Browsing: ပြည်တွင်းသတင်း
ဖေဖော်ဝါရီ ၅၊ သံလွင်ခက်ကျားဖြန့်၊ အွန်လိုင်းငွေလိမ်လုပ်ငန်းများလုပ်ကိုင်နေသည်ဟု သတင်းအချက်အလက်များထွက်ပေါ်နေသည့် ထိုင်း-မြန်မာနယ်စပ်ရှိ နေရာငါးခုကို ယနေ့နံနက် ၉ နာရီတွင် လျှပ်စစ်မီးနှင့် လောင်စာဆီဖြတ်တောက်ရန် ထိုင်းဝန်ကြီးချုပ် ပေတောင်တန် ရှင်နာဝပ်က အတည်ပြုလုပ်သည်ဟု ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။ဖြတ်တောက်မည့်နေရာများမှာ(၁) ညီနောင်ဦး ကုမ္ပဏီနှင့် Enova Grid Enterprise (Myanmar) ကုမ္ပဏီမှဖြန့်ဝေပေးနေသော ထိုင်း-မြန်မာချစ်ကြည်ရေးတံတား…
ဇန်နဝါရီ ၅ ရက်၊ သံလွင်ခက် မြဝတီမြို့နယ်အတွင်း ဖြစ်ပေါ်လျက်ရှိသော နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှုများနှင့် လူအချင်းချင်းညှင်းပန်းနှိပ်စက်သည့် လုပ်ရပ်များကို နိုင်ငံတကာ နှင့် ပူးပေါင်းတိုက်ဖျက်ဖြစ်သွားမည်ဟု ဒီမိုကရေစီကရင်အကျိုးပြုတပ်မတော် (DKBA) က ထုတ်ပြန်ပြောဆိုလိုက်သည် ။ ယနေ့မနက်ခင်း ၉ နာရီအချိန်တွင် ထိုင်းနိုင်ငံဘက်မှ မြဝတီမြို့အပါအဝင် နယ်စပ်ငါးမြို့ကို လျှပ်စစ်မီးများဖြတ်တောက်ပြီးနောက် ယနေ့(ဖေဖော်ဝါရီ…
ဂျူဒီ ဖေဖော်ဝါရီ ၄၊ ၂၀၂၅။ မြန်မာနိုင်ငံနယ်စပ်သို့ လျှပ်စစ်မီးပေးထားမှုအား ဖြတ်တောက်တော့မည်ဟု ထိုင်းအစိုးရ၏ ပြောဆိုမှုအပေါ် စိုးရိမ်ပူပန်မှုများရှိနေသည်ဟု ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့ ဒေသခံများက ဆိုသည်။ လက်ရှိတွင် ထိုင်းနိုင်ငံရှိ လျှပ်စစ်ဓါတ်အားကို ဘုရားသုံးဆူမြို့သို့ မြပန်းကုမ္ပဏီမှတဆင့် ပြန်လည်ဖြန့်ဖြူးပေးနေခြင်းဖြစ်သည်။ ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့တွင် ယခင်နှစ်ပိုင်း ရောက်ရှိနေသော တရုတ်လူမျိုးများအပြင် ကျားဖြန့်…
မောင်လှိုင်း ဖေဖော်ဝါရီ ၄၊ ၂၀၂၅။ စိုက်ပျိုးရေးနှင့် မွေးမြူရေး ပေါင်းစပ်ထားသည့် တက္ကသိုလ်တစ်ခု လာမည့် ပညာသင်နှစ်တွင် ဧရာဝတီတိုင်းအတွင်း ဖွင့်လှစ်သွားမည်ဟု စစ်ခေါင်းဆောင်က ပြောခဲ့ပြီးနောက် ရေဆင်းတက္ကသိုလ်အနီးရှိ ကျေးရွာများ ရွှေ့ပြောင်းရမည်ဟုလည်း သတင်းများ ထွက်ပေါ်နေသည်။ တော်လှန်ရေးတပ်များ ဝန်းရံထားသည့် မန္တလေးတိုင်း၊ ပြင်ဦးလွင်ရှိ စစ်တက္ကသိုလ် (DSA) နှင့်…
အမီးလေးဖေဖော်ဝါရီ ၂၊ ၂၀၂၅။ချင်းပြည်နယ်မှာ စစ်အာဏာသိမ်းကာလ လေးနှစ်အတွင်း စစ်ကောင်စီတပ် ထောင်ထားသည့် မြေမြုပ်မိုင်းကြောင့် လူ ၇၇ ဦးသေဆုံးခဲ့ရသည်ဟု Institute of Chin Affairs Inc. မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဆလိုင်းဗန်ဆွီးဆန်က ပြောသည်။“ဒီမြေမြုပ်မိုင်းကတော့ တောင်ယာလုပ်ငန်းကို အဓိက အားထားပြီး လုပ်ရတဲ့အခါကျတော့ ဒီစစ်ကောင်စီဘက်က ထိုးစစ်ဆင်လာတဲ့အခါမှာ…
နန်းဆုပန်ခန့် ဖေဖော်ဝါရီ ၂၊ ၂၀၂၅။ စစ်ကောင်စီဘက်က ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အတွင်းရှိ ခြေလျင်တပ်ရင်း ခလရ ၉၇ နှင့် မြို့အနီးနေရာများတွင် တပ်အင်အားဖြည့်တင်းမှုများ လုပ်ဆောင်နေသည်ဟု မြေပြင်တော်လှန်ရေးအဖွဲ့များထံမှ သိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၃၁ ရက်တွင် စစ်ကောင်စီဘက်မှ အင်အားစတင်ဖြည့်တင်းခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။ “မြို့ဝင်မြို့ထွက်ဘုန်းကြီးကျောင်းတွေမှာ အယောက်…
သံလွင်ခက် ဒီဇင်ဘာ ၃၁၊၂၀၂၄။ ၂၀၂၄ခုနှစ် တစ်နှစ်အတွင်း အကျဉ်းထောင်တွင်းနှင့် အကျဉ်းထောင်ပြင်ပတွင် ဥပဒေမဲ့သတ်ဖြတ်ခံရသည့် နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူ ၉ ဦးရှိခဲ့သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNMက ယနေ့တွင်ထုတ်ပြန်သည်။ ထိုအကျဉ်းသား၊အကျဉ်းသူ ၉ ဦးသည် ၂၀၂၄ ခုနှစ်အတွင်း ဖမ်းဆီးခံခဲ့ရပြီးနောက် ဥပဒေမဲ့ သတ်ဖြတ်ခံရခြင်းဖြစ်ပြီး အမျိုးသား ၈ ဦးနှင့်…
သံလွင်ခက် ဒီဇင်ဘာ ၃၀၊ ၂၀၂၄။ ချင်းညီနောင်တပ်ဖွဲ့ဝင်တို့၏ တော်လှန်ရေးကာလ ၄ နှစ်တာအတွင်း တပ်ဖွဲ့အသီးသီးမှ တပ်ဖွဲ့ဝင် စုစုပေါင်း ၂၅၀ ဦး ကျဆုံးခဲ့ပြီး လူဦးရေ ၁,၀၀၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ယနေ့ ချင်းညီနောင် တစ်နှစ်ပြည့် အခမ်းအနားကျင်းပစဉ် CDF မင်းတပ်၏ စစ်ဦးစီးချုပ် ဆလိုင်းထန်းချွန်ဖေ…
ကရင်နီပြည်၊ ဒီးမော့ဆိုအရှေ့ခြမ်းဒေသတွင် ကရင့်သက္ကရာဇ် ၂၇၆၄ ခုနှစ် ပြာသိုလဆန်း ၁ ရက်၊ ဒီဇင်ဘာလ ၃၀ ရက်နံနက်ပိုင်း၌ ကရင်နှစ်သစ်ကူးပွဲတော်ကို ကျင်းပခဲ့သည်။ အခမ်းအနားတွင် ကရင်နီပြည် တာဝန်ရှိသူများ၊ ကရင်မျိုးနွယ်စု ခေါင်းဆောင်များနှင့် ဒေသခံတိုင်းရင်းသားများ စုပေါင်း၍ ကျင်းပခဲ့ကြသည်။ နံနက်အစောပိုင်းတွင် ကရင်အမျိုးသားအလံတော်တင်ခြင်း၊ အလေးပြုခြင်း၊ ကျဆုံးခဲ့သော ကရင်အာဇာနည်များအား…