စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကံထူးမရွာကို စစ်ကော်ရှင်တပ်က နိုဝင်ဘာ ၂၄ နံနက်အစောပိုင်းတွင် လေကြောင်းတိုက်ခိုက်ခဲ့ခြင်းကြောင့် အမျိုးသား ခုနစ်ဦးသေပြီး လေးဦး ဒဏ်ရာရခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ လူနေအိပ်ချိန် နံနက်စောစော ၁ နာရီဝန်းကျင်ခန့်တွင် တိုက်ခိုက်ခဲ့ခြင်းကြောင့် ကံထူးမဆေးရုံ ဓာတ်မှန်ဆောင်တစ်ခုလုံး ပျက်စီးပြီး ကားဘော်ဒီရုံတစ်လုံးလည်း ထိခိုက်ခဲ့သည်ဟု သိရသည်။ ထိခိုက်ဒဏ်ရာရရှိသူများကို…
Browsing: ပြည်တွင်းသတင်း
NUG ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၊ ဗဟိုဦးဆောင်ကော်မတီဝင် နှစ်ဦးအား တပ်ပိုင်ဘဏ္ဍာပစ္စည်းများ တရားမဝင် ထုတ်ယူမှုဖြင့် တာဝန်မှ ရပ်ဆိုင်း ထိန်းသိမ်းထားကြောင်း နိုဝင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်သည်။ အရေးယူခံရသူများမှာ MDY-PDF ၏ ဗဟိုဦးဆောင်ကော်မတီဝင်များဖြစ်သည့် ကိုမုန်တိုင်း (စစ်ရေးဌာနကြီးမှူး) နှင့် ကိုနိုင်ကြီး (ဘဏ္ဍာရှာဖွေရေးဌာနကြီးမှူး) တို့ဖြစ်သည်ဟု…
စစ်ကော်မရှင်သည် ‘ရွေးကောက်ပွဲကာကွယ်ရေးဥပဒေ’ ကို ပြည်သူအပေါ် လက်နက်သဖွယ် အသုံးပြုနေပြီး လွတ်လပ်စွာပြောဆိုခွင့်ကို တိုက်ရိုက်ခြိမ်းခြောက်နေသည်ဟု မြန်မာအင်တာနက်ပရောဂျက် (Myanmar Internet Project) က ထုတ်ပြန်သည်။ ထိုဥပဒေဖြင့် ဇူလိုင် ၂၉ ရက်မှ အောက်တိုဘာ ၂၉ ရက်အထိ ၃ လတာကာလအတွင်း ပြည်သူ ၈၈ ဦးကို…
ဖိုးသောကြာ ရခိုင်ပြည်နယ်၊ ကျေ ာက်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာများကို နိုဝင်ဘာလ ၁၇ ရက် တစ်ရက်တည်းတွင် စစ်ကော်မရှင်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့သည်ဟု အာရက္ခတပ်တော် AA က သတင်းထုတ်ပြန်သည်။ ကျောက်ဖြူမြို့နယ်၊ ကျောက်ကလေကျေးရွာကို နေ့လယ် ၁၂:၃၅ နာရီခန့်တွင် လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံးနှစ်လုံး…
ခင်သရဖီဦး ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ ဘာထလေကျေးရွာနှင့် နွားတင်းကုပ်ကျေးရွာများအတွင်းသို့ ရော့ကတ် နှစ်လုံးစီဖြင့် ရှေ့ဆင့်နောက်ဆင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံ ၅ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာ ရရှိသွားသည်ဟု ဒေသခံများထံမှ သိရသည်။ ရသေ့တောင်မှ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက ”ကျတဲ့နေ့ကတည်းက တပြိုင်းတည်း ချသွားတာပေါ့။…
တနင်္သာရီတိုင်း၊ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သော မောတောင်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ၄ ရက်ကြာ အပြင်းအထန် တိုက်ခိုက်ခဲ့ပြီးနောက် ယနေ့၊ နိုဝင်ဘာလ ၁၄ ရက်၊ နံနက်ပိုင်းတွင် အပြီးသတ် သိမ်းပိုက်လိုက်နိုင်ပြီဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များသည် မောတောင်မြို့အဝင်ရှိ စစ်ကော်မရှင်တပ်၏ စစ်ဆေးရေးဂိတ်ကို နိုဝင်ဘာလ ၁၁ ရက်၊…
အာဏာသိမ်းစစ်ကောင်စီက (၁၀၅)နှစ်မြောက် အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် ယနေ့၊ နိုဝင်ဘာလ ၁၄ ရက် နံနက်တွင် ဒိန်းဒေါင်၊ ငြိမ်းချမ်း၊ အုန်းသီးအပါအဝင် အနုပညာရှင် ၁၃ ဦးကို လူမှုထူးချွန်ဆုများ ပေးခဲ့သည်။ လူမှုထူးချွန်ဆု ပထမအဆင့်ကို ဟာသသရုပ်ဆောင် ဒိန်းဒေါင်နှင့် ဒါရိုက်တာစင်ရော်မောင်မောင်တို့ကို ပေးခဲ့သည်။ လူမှုထူးချွန်ဆု ဒုတိယအဆင့်ကို ဟာသသရုပ်ဆောင် ငြိမ်းချမ်း၊…
ကျားဖြန့်ငွေလိမ်းဂိုဏ်းများရှိရာ နာမည်ဆိုးဖြင့် ကျော်ကြားသည့် ကရင်ပြည်နယ် မြဝတီမြို့ရှိ ရွှေကုက္ကိုလ်မြို့သစ် တည်ထောင်ခဲ့သူ အဓိက တရုတ်သူဌေးတစ်ဦးဖြစ်သည့် She Zhijiang အား ထိုင်းအာဏာပိုင်များက တရုတ်နိုင်ငံသို့ ယနေ့ ညနေ ပြန်ပို့ဆောင်မည်ဟု ထိုင်းသတင်းဌာန The Reporters က ဖော်ပြသည်။ ယနေ့ ညနေ ၄း၂၀…
ကရင်အမျိုးသားအစည်းအရုံး အုပ်ချုပ်နယ်မြေ တပ်မဟာ ၃ ခလယ်လွီထူခရိုင်အတွင်းရှိ မူးမြို့နယ်နှင့် လယ်ဒိုမြို့နယ်တို့တွင် စစ်ကောင်စီတပ်၏ ဒရုန်းပစ်ခတ်မှုကြောင့် အပြစ်မဲ့အရပ်သား တစ်ဦး သေဆုံးခဲ့ရပြီး နေအိမ် ရှစ်လုံးနှင့် စာသင်ကျောင်း တစ်ကျောင်း ထိမှန်ပျက်စီးခဲ့ရသည်ဟု KNU ထုတ်ပြန်ချက်အရ သိရသည်။ မူးမြို့နယ်၊ မန်ကျည်းကုန်းကျေးရွာအတွင်းသို့ ၂၀၂၅ နိုဝင်ဘာလ ၆ ရက်…
ခင်သရဖီဦး အာရက္ခတပ်တော် AA နှင့် စစ်ကော်မရှင်တို့ တိုက်ပွဲ ပြင်းထန်နေသည့် ကျောက်ဖြူတွင် ကျေးရွာ ၁၅ ရွာခန့်မှ ဒေသခံများမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်ဟု စစ်ဘေးရှောင်များထံမှ သိရသည်။ မင်းပြင်ကျေးရွာနားအရှေ့ဘက်ရှိ ပင်လယ်ပြင်တွင် တပ်ချထားသည့် စစ်ကော်မရှင် ရေတပ် (နေဗီ) မှ ပစ်ခတ်နေခြင်း ဖြစ်သည်ဟု သိရသည်။…