Browsing: ပြည်တွင်းသတင်း

စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ နီးကပ်လာချိန်တွင် တိတ်ဆိတ်ခြင်းအားဖြင့် ပြည်သူ့အသံကို ထုတ်ဖော်ရန် ရည်ရွယ်၍ နိုင်ငံတဝန်း အသံတိတ်သပိတ်ဆင်နွှဲကြရန် အထွေထွေသပိတ်‌ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု GSCB က ဒီဇင်ဘာ ၅ တွင် တိုက်တွန်းလိုက်သည်။ အသံတိတ်သပိတ် ကျင်းပမည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်ပြီး မြန်မာ…

Read More

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ အရှေ့ခြမ်း သစ်ချိုပင်ရွာကို စစ်ကော်မရှင်တပ်က ဒီဇင်ဘာ ၅ ရက် နံနက်အစောတွင် လေကြောင်းတိုက်ခိုက်ခဲ့ခြင်းကြောင့် ကလေးငယ် တစ်ဦးအပါအဝင် အရပ်သား သုံးဦးသေဆုံးခဲ့ရသည်ဟု ဝက်လက်သတင်းကွန်ရက်က ဖော်ပြသည်။ ဒီဇင်ဘာလ ၅ ရက် နံနက် ၁:၁၉ နာရီခန့်တွင် တံတားဦး လေတပ်မှ လာသော ဂျက်ဖိုက်တာ…

Read More

မြန်မာနိုင်ငံ၏ ဘိန်းစိုက်ပျိုးမှုသည် ဆယ်စုနှစ်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိလာပြီဟု ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ၏ ယခုလထုတ် နောက်ဆုံးစစ်တမ်းအရ သိရသည်။ ၂၀၂၄ ခုနှစ်က ဘိန်းစိုက်ပျိုးမှု ဟက်တာ ၄၅,၂၀၀ ရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် ၁၇ ရာခိုင်နှုန်း တိုးလာကာ ခန့်မှန်းခြေအားဖြင့် ဟက်တာ…

Read More

ခင်သရဖီဦး  ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်ရှိ ကျေးရွာ နှစ်ရွာအား စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သည့်အတွက် ခုနစ်ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ယနေ့ နံနက် ၁၀ နာရီ ၄၅ မီနစ်ခန့်တွင် ကျောက်တော်မြို့နယ်ရှိ ကန်စောင်တောင်နှင့် ကြောင်ဖိုကျေးရွာကို ဗုံးတစ်လုံးစီ တချိန်တည်းတွင် ကြဲချခဲ့သည်ဟု…

Read More

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ခြမ်းရှိ ဖလူးလေးမှ စုကလိအထိ အတွင်းဒေသများကို မည်သည့်လက်နက်ကိုင်အဖွဲ့မဆို ဖြတ်သန်းသွားလာခွင့်မပြုဟု ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA)က ယနေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်ခဲ့သည်။ အရေးပေါ်သွားလာရန်လိုအပ်ပါကလည်း ကြိုတင်သတင်းပေးရမည်ဟု ယင်းထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။ ၎င်းဒေသသည် ကရင်အမျိုးသားအစည်းအရုံးသတ်မှတ်ချက်၊ တပ်မဟာ ၆ နယ်မြေအတွင်းဖြစ်ပြီး ကရင်လက်နက်ကိုင်များ ခွဲထွက်လာသည့်နောက်ပိုင်းတွင် DKBA ထိန်းချုပ်နယ်မြေအဖြစ် တည်ရှိနေခဲ့သည်။ စစ်တပ်၏…

Read More

စစ်ကော်မရှင်က ၎င်းတို့၏ အတုအယောင်ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရန်ဟုဆိုကာ ၅၀၅-က ဖြင့် မတရား အကျဉ်းချထားသူ သုံးထောင်ကျော်နှင့် တရားစွဲဆိုခံထားရသူ ငါးထောင်ကျော်ကို လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်း နိုဝင်ဘာ ၂၆ ရက်တွင် ထုတ်ပြန်သည်။ ၅၀၅- က ဖြင့် အကျဉ်းကျ နေသူ ၃၀၈၅ ဦး၊ ယင်း ဥပဒေပုဒ်မဖြင့်ပင်…

Read More

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ စစ်ကော်မရှင် လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ၂၅ ဦးကို အကြမ်းဖက်သမားများအဖြစ် ကြေညာလိုက်သည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းချိန်မှစ၍ ၂၀၂၅ ဇူလိုင်လ ၃၁ ရက်အတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက တာဝန်ပေးဖွဲ့စည်းခဲ့သော အစိုးရအဖွဲ့အဆက်ဆက်၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည်လည်း အကြမ်းဖက်အဖွဲ့အစည်းဖြစ်သည်ဟု သတ်မှတ်‌ကြောင်း ယနေ့တွင် ကြေညာခြင်းဖြစ်သည်။…

Read More

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့များက စစ်ကော်မရှင် တပ်ဖွဲ့ဝင်များကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့၍ စစ်တပ်ဘက်မှ ၁၀ ဦး သေဆုံးခဲ့သည်ဟု အမှတ် (၂) စစ်ဆင်ရေးနယ်မြေ ပြန်ကြားရေးက သတင်းထုတ်ပြန်သည်။ နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် ဗျူဟာ (၂၂)၊ အမှတ်…

Read More

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး၏ အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနှင့် ၎င်း၏ ခင်ပွန်းဖြစ်သူတို့အား စစ်ဆေးအရေးယူပေးရန် တိုင်ကြားခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ NUG က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ တိုင်ကြားခံရသူများကို တာဝန်မှ ယာယီရပ်ဆိုင်းလိုက်ကြောင်း ယနေ့ ထုတ်ပြန်လိုက်သည်။ အရေးယူပေးရန် တိုင်ကြားခံရသူများအား နိုဝင်ဘာလ ၂၂ ရက်မှ စတင်၍…

Read More

ရခိုင်ပြည်၊ ဂွပင်လယ်ပြင်တွင်ရှိသည့် ရေတပ်မှ လက်နက်ကြီးများဖြင့် အဆက်မပြတ်လှမ်းပစ်ခတ်နေသည့်အတွက် ဒေသခံများမှာ စိုးရိမ်မှုများ မြင့်တက်နေပြီး တိမ်းရှောင်နေကြသူများလည်းရှိသည်ဟု သိရသည်။ ရေတပ်မှ ဂွမြို့အပြင် ကျိန္တလီမြို့များအား ရမ်းသမ်းပစ်ခတ်မှုများကို ယခုရက်ပိုင်းအတွင်းတွင် ဆက်တိုက်ပြုလုပ်နေသည်ဟု ဒေသခံများက ဆိုသည်။ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက ”၂၂ ရက်နေ့၊ ၂၃ ရက်နေ့တွေမှာလည်း…

Read More