Browsing: ပြည်တွင်းသတင်း

ခင်သရဖီဦး ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ် တောင်ပေါ်မူဆလင် ဒုက္ခသည်စခန်းတွင် မိုးရာသီကျလာရောက်လာသည့်အတွက် လက်ရှိနေထိုင်နေသည့် နေအိမ်များမှာ ယိုးယွင်းပျက်စီးလာနေသောကြောင့်အကူအညီများ လိုအပ်နေသည်ဟု စခန်းတွင် နေထိုင်သူများထံမှ သိရသည်။ လက်ရှိနေထိုင်နေသည့် နေအိမ်များမှာ ခေါင်းမိုးအပြင် အကာအရံများမှာလည်း ပျက်စီးလာသည့်အတွက် အကူအညီလိုအပ်နေခြင်းဖြစ်သည်ဟု စခန်းတာဝန်ခံ ဦးမောင်တင်အောင်က ပြောသည်။ “ကျနော်တို့ အဓိက အခုမိုးရာသီလေ၊ ရောက်လာတော့…

Read More

နိုင်ငံအနှံ့ စစ်မျက်နှာတွေမှာ စစ်ရှုံးနေတဲ့ စစ်ကောင်စီက တော်လှန်ရေးတပ်ဖွဲ့တွေအတွင်း သူလျှို၊ ဒလန်တွေ စေလွှတ်ပြီး သတင်းအချက်အလက်တွေ ထောက်လှမ်းရယူနေတဲ့အတွက် တော်လှန်ရေးအင်အားစုတွေအနေနဲ့ အထူးဂရုပြုသင့်တယ်လို့ MDY – PDF က ထုတ်ပြန်လာပါတယ်။ စစ်ကောင်စီက ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီမှာ စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးနောက်ပိုင်း သူတို့ စေလွှတ်ထားတဲ့ အသက် ၂၀ ဝန်းကျင်အရွယ်…

Read More

စစ်ကူလာသည့် စစ်ကြောင်းတိုက်ခိုက်ခံရပြီးနောက် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ DKBA ဌာနချုပ်ရှိရာ ဆုံဆည်းမြိုင်ကျေးရွာကို စစ်ကောင်စီဘက်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်နေသည်ဟု သိရသည်။ ယနေ့ နေ့လည် ၁ နာရီကျော်တွင် စစ်ကောင်စီဘက်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ထိခိုက်မှုများရှိသည်ဟု မြေပြင်သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။ ၎င်းက “အခုက လေယာဥ်ကြဲသွားပြီ။ ရွာထဲမှာ။ ရွာသားကလေး…

Read More

ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ သေ့ဘောဘိုးစခန်းသို့ စစ်ကူလာသော စစ်ကောင်စီစစ်ကြောင်းတစ်ခုလုံးကို KNLA ပူးပေါင်းတပ်များက ချေမှုန်းနိုင်ခဲ့သည်ဟု သိရသည်။ အဆိုပါ စစ်ကြောင်းသည် အင်အား ၇၀ ကျော်ရှိပြီး ၃၀ ဦးခန့်ကိုအရှင်ဖမ်းမိထားသည်ဟု မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။ ၎င်းက “ဖမ်းမိထားတာ အယောက် ၃၀ လောက်ရှိမယ်။ လောလောဆယ် ဖမ်းမိထားသူတွေကို ကား…

Read More

တက်ခရိုင် ဖုပ်ဖရအနီး တစ်ဖက်ခြမ်းတွင် စစ်ကောင်စီတပ်နှင့် ကရင်တပ်ဖွဲ့များကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခြင်းကြောင့် ထိုင်းမိဘများက ၎င်းတို့၏ကလေးများကို ယနေ့နံနက်တွင် နယ်စပ်အနီးရှိ ကျောင်းများသို့ မပို့ရန် ဆုံးဖြတ်ခဲ့သည်ဟု Khaosod English ထိုင်းသတင်းဌာနတွင် ဖော်ပြသည်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပူးပေါင်းတပ်ဖွဲ့ဝင်များသည် သေ့ဘောဘိုးစခန်းသို့ အင်အားဖြည့်တင်းလာသော စစ်ကောင်စီတပ်သား ၇၀…

Read More

မြဝတီ – ဝေါလေကားလမ်းမရှိ တပ်မ ၄၄ အခြေစိုက် စစ်ကောင်စီစခန်းရှိ စစ်တပ်နှင့် ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲပြင်းထန်နေသည်ဟု မြေပြင်သတင်းရင်းမြစ်ထံမှ သိရသည်။ ဘလက်ဒိုစခန်းကျပြီး ၅ ရက်မြောက်နေ့ ယမန်နေ့နံနက် ၁၀ နာရီကျော်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲပြင်းထန်နေခြင်းဖြစ်သည်။ သေ့ဘောဘိုးဒေသခံတစ်ဦးက “လောလောဆယ်…

Read More

ခင်သရဖီဦး အာရက္ခတပ်တော် AA သိမ်းပိုက်ထိန်းချုပ်ထားသည့် ပေါက်တောမြို့နယ်ရှိ စစ်ဘေးရှောင်များမှာ လာ‌ရောက်လှူသည့် အဖွဲ့အစည်းများ မရှိသည့်အတွက် စားဝတ်နေရေး ကျပ်တည်းလာပြီး စားနပ်ရိက္ခာအကူအညီများလိုအပ်နေသည်ဟု စစ်ဘေးရှောင်များထံမှ သိရသည်။ ပေါက်တောမြို့နယ်တွင် စစ်ရှောင်ဦးရေ သောင်းနှင့်ချီ ရှိနေသေးပြီး မြို့ပေါ်ရပ်ကွက်များအပြင် စစ်တွေ့မြို့နှင့် နီးစပ်သည့်ကျေးရွာများမှ ဒေသခံများလည်း စစ်ကောင်စီ၏ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများကြောင့် လက်ရှိအချိန်အထိ…

Read More

မကွေးအကျဉ်းထောင်တွင် ထောင်ဝန်ထမ်းများနှင့် အကျဉ်းသားများကြား တင်းမာမှုများ ဖြစ်ပွားခဲ့ပြီး ထောင်ဝန်ထမ်းများမှ သေနတ်ပစ်ဖောက်နှိမ်နင်းမှုကြောင့် နိုင်ငံရေးအကျဉ်းသား နှစ်ဦးသေဆုံးခဲ့သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) မှ ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် ဧပြီလ ၁၃ ရက်တွင် မကွေးအကျဉ်းထောင်ရှေ့၌ ဒေသတွင်းအခြေစိုက် ကာကွယ်ရေးတပ် LPDF အဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ချိန်တွင် အကျဉ်းသားများနှင့် ထောင်ဝန်ထမ်းများကြား…

Read More

 ခင်သရဖီဦး  တိုက်ပွဲဖြစ်ပွားနေခြင်းမရှိသော်လည်း စစ်တွေမြို့ရှိ စစ်ကောင်စီတပ်ရင်းများက အနီးအနားရှိ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ စစ်တွေမြို့နယ်များရှိ ကျေးရွာများအား လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်မှုများ လုပ်နေသည်ဟု ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် မေလ ၂၅ ရက်မှ စတင်ကာ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်လာခြင်းဖြစ်သည်ဟု ပေါက်တောဒေသခံ အသက် ၂၂…

Read More

ခင်သရဖီဦး ရခိုင်တွင် အာရက္ခတပ်တော်AA ထိန်းချုပ်သိမ်းပိုက်ထားသည့် မြို့နယ်များ၌ ULA /AA ၏ ကျန်းမာရေးဌာနက မိုးရာသီတွင် အဖြစ်များသည့် ဝမ်းရောဂါ၊ ငှက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါများအား ကာကွယ်နိုင်ရန် ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။ ပြီးခဲ့သည့် မေလ ပထမပတ်မှစပြီး AA သိမ်းပိုက်ထားသည့်မြို့နယ်တချို့တွင် ကျန်းမာရေးဆောင်ရွက်မှုများ လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။…

Read More