Browsing: ပြည်တွင်းသတင်း

 ခင်သရဖီဦး ရခိုင်ပြည်နယ်၊ ကျောက်ဖြူတွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား ထိတွေ့တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က အထိအခိုက် ကျရှုံးများကာ လက်နက်ချ အလင်းဝင်သူနှင့် ဖမ်းဆီးရမိသည့် စစ်သုံ့ပန်း စုစုပေါင်း ၆၀ ခန့်အထိ ရှိလာနေသည်ဟု AA နှင့် နီးစပ်သည့် စစ်ရေးသတင်းရစ်မြစ်ထံမှ သိရသည်။…

Read More

ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ မြို့စောင့်တပ် ခြေလျင်တပ်ရင်း ခလရ – ၂၇၅ ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA ပူးပေါင်းတပ်ဘက်မှ လက်နက်ကြီးဖြင့် ပြန်ပစ်ခတ်မှုများ ရှိသည်ဟု သိရသည်။ ခလရ ၂၇၅ သည် ယခုလအတွင်း မြဝတီ – ဝေါလေကားလမ်းမနှင့် ဝေါလေအကျော်ရှိ စစ်စခန်းများကို ပူးပေါင်းတပ်ဖွဲ့ဘက်မှ…

Read More

ရန်ကုန်တိုင်းစစ်ဌာန၏ ပထမဆုံးတပ်ရင်းဖြစ်သော ရန်ကုန်တပ်ရင်း ၅၁၀၁ သည် မဟာမိတ်တပ်များနှင့် ပူးပေါင်းကာ ရှမ်းတောင်၊ ရှမ်းကယားနယ်စပ်၊ ကရင်နှင့် ပဲခူးဒေသများတွင် စစ်ရေးလှုပ်ရှားတိုက်ပွဲဝင်ခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့သည်။ တပ်ရင်း ၅၁၀၁ သည် ၂၀၂၃ ခုနှစ်ဇွန်လ ၁ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး အမျိုးသားညီညွတ်ရေး(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန​၏ လမ်းညွှန်မှုအောက်တွင် ဖွဲ့စည်းထားသည်ဟု ဖော်ပြထားသည်။…

Read More

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ရှင်မုတ္ထီးကျေးရွာအုပ်စု၊ စော်ဝရွာ၊ သစ်ဆိမ့်ပင်ကျောင်းဝင်းအတွင်းသို့ ဇွန်လ ၁ ရက်ညနေပိုင်းတွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲသဖြင့် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဣန္ဒောဘာသပျံလွန်တော်မူခဲ့သည်ဟု ဒေသခံများက အတည်ပြုပြောဆိုသည်။ ရှင်မုတ္ထီးရွာအနီး ရွှေဂူတံတားစစ်ဆေးရေးဂိတ်တွင် ယနေ့ နေ့လယ်ပိုင်းအချိန်မှစတင်ကာ စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ ညနေ ၃ နာရီခွဲအချိန်ခန့်တွင် လက်နက်ကြီးကျည်မှာ ကျောင်းဝင်းအတွင်းကျရောက်ပေါက်ကွဲသဖြင့် သက်တော်…

Read More

မေလ ၂၃ ရက်မှ ၂၉ ရက်အထိ တစ်ပတ်အတွင်း စစ်ကောင်စီ၏ လေယာဉ်ဗုံးကြဲမှုကြောင့် ငလျင်သင့်ဒေသများတွင် ပြည်သူ ၂၉ ဦး သေဆုံးခဲ့ရသည်ဟု ဉာဏ်လင်းသစ်သုတေသနအဖွဲ့က မေလ ၃၀ ရက်တွင် ထုတ်ပြန်သည်။ ထို့အပြင် ပြီးခဲ့သည့် မတ်လ ၂၈ ရက်က အင်အား ရစ်ခ်ျတာစကေး ၇.၇…

Read More

အမီးလေး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နှင့် လေရှီးမြို့တို့တွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် လူနေအိမ်နှင့် တံတားများ ပြိုကျမျောပါသွားပြီး ထပ်မံ ပြိုကျမည်ကို ဒေသခံများ စိုးရိမ်နေကြသည်။ ပြီးခဲ့သည့် မေလ ၃၀ ရက်က လေရှီးမြို့တွင် လေပြင်းတိုက်ပြီး မိုးဆက်တိုက်ရွာသွန်းခြင်းကြောင့် လူနေအိမ် လေးလုံး မြေပြိုမှုတွင် ပါသွားပြီး ဆက်လက်၍ မိုးပြင်းထန်စွာ ရွာသွန်းပါက…

Read More

ခင်သရဖီဦး နှစ်ဖက်ထိတွေ့တိုက်ပွဲများ ပြင်းထန်နေသည့် ကျောက်ဖြူတွင် စစ်ကောင်စီဘက်မှ ဒုတိယ ဗိုလ်မှူးကြီး အဆင့်ရှိသူ တစ်ဦးအပါအဝင် စစ်သုံ့ပန်း ၁၅ ဦးအား အာရက္ခတပ်တော် AA က လက်ရဖမ်းဆီးမိခဲ့သည်ဟု ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက အတည်ပြုပြောသည်။ “အဲဒါကိုတော့ အတည်ပြုလို့ ရပါတယ်။ ဖမ်းဆီးရမိတာ ရှိပါတယ်။ သတင်းက မှန်ပါတယ်”…

Read More

မှော်ဘီမြို့နယ်၊ လေထီး (၁၆) မှတ်တိုင်အနီးရှိ ပိုင်ရှင်မဲ့တိရိစ္ဆာန်လေးများ ထိန်းသိမ်းကယ်တင်စောင့်ရှောက်ရေးဂေဟာကို မေ ၃၀ ရက် မနက် ၂:၂၀ နာရီတွင် လေဆင်နှာမောင်းတိုက်ခတ်ခဲ့ခြင်းကြောင့် ဂေဟာတစ်ခုလုံး ပြိုကျပျက်စီးခဲ့ပြီး အရေးပေါ် အကူအညီများ လိုနေသည်ဟု ဂေဟာမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အဆိုပါ ဂေဟာမှာ Mother’s Arm Dogs…

Read More

ရက်သတ္တတစ်ပတ်တာအတွင်း ထိုင်းမြန်မာနယ်စပ်အနီး ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ စစ်ကောင်စီတပ်စခန်း ခြောက်ခုထက် မနည်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLAနှင့် ပူးပေါင်းတပ်များက ဆက်တိုက်ဆိုသလို သိမ်းပိုက်ခဲ့သည်။ မေ ၂၃ – ဘလယ်ဒိုစခန်း မြဝတီမြို့တောင်ဘက်၊ မြဝတီ – ဝေါ်လေ လမ်းပေါရှိ ဘလယ်ဒိုစခန်းအား ကရင်ပူးပေါင်းတပ်ဖွဲ့ဘက်က မေလ ၂၃ ရက်…

Read More

ခင်သရဖီဦး စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် AA တို့ နှစ်ဖက်အပြန်အလှန် အပစ်ရပ်ကြောင်း ထုတ်ပြန်ထားသော်လည် ကျောက်ဖြူမြို့နယ်၊ နှမ်းဖဲတောင်‌ကျေးရွာအနီးတွင် တိုက်ပွဲ ဖြစ်ပွားမှုများရှိနေသည်ဟု ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် မေလ ၁၉ ရက်မှစတင်၍ နှစ်ဖက်အပြန်အလှန် ထိုးစစ်ဆင်တိုက်ခိုက်မှုများရှိနေရာမှ လက်ရှိတွင် နှမ်းဖဲတောင်ကျေးရွာအနီး တိုက်ပွဲဖြစ်နေခြင်းဖြစ်သည်ဟု အသက် ၄၀ အရွယ်…

Read More