ခင်သရဖီဦး တိုက်ပွဲများ ပြင်းထန်နေသည့် ကျောက်ဖြူမြို့တွင် ဇွန်လ ၁၅ ရက်က စစ်ကောင်စီ၏ အမှတ် (၃၂) ရဲတပ်ရင်းအနီးမှ စစ်ကောင်စီတပ်သား ၅၀ ခန့် လက်နက်ချ အလင်းဝင်လာသည်ဟု အာရက္ခတပ်တော် AA နှင့် နီးစပ်သူ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။ ထိုသို့…
Browsing: ပြည်တွင်းသတင်း
ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဌဟောင်း ဗိုလ်ချုပ်ကြီး စောဘိုမြ၏ ဇနီး ပဒိုနော်လားဖိုးသည် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၌ ယနေ့ နံနက် ၄ နာရီ ၁၅ မိနစ်တွင် ကွယ်လွန်သွားခဲ့သည်ဟု နီးစပ်သူများထံမှ သိရသည်။ ကွယ်လွန်ချိန်တွင် အသက် ၈၆ နှစ်ရှိပြီ ဖြစ်ပြီး ထိုင်းနိုင်ငံ၊ မဲဆောက်ဆေးရုံကြီး၌ လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။…
ကော်သူးလေးအစိုးရ၏ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ဖွဲ့စည်းတည်ဆောက်မှုနှင့် ပြုပြင်မွန်းမံမှုသမိုင်းများကို သင်ခန်းစာယူရမည်ဟု ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဌ ဗဒိုစောကွယ်ထူးဝင်းမှ ကော်သူးလေနေ့ အတွက် ပေးပို့သည့် သဝဏ်လွှာတွင် ပြောထားသည်။ KNU ဥက္ကဌ ဗဒိုစောကွယ်ထူးဝင်းက ယနေ့ ဇွန် ၁၄ ရက်တွင် ကျရောက်သည့် ၇၆ နှစ်မြောက် “ကော်သူးလေ” နေ့သို့ ပေးပို့သော…
ဆေးဝါးကုသခွင့် လုံလောက်စွာမရ၍ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဇွန်လ ၁ ရက်အထိ ငါးလအတွင်း သေဆုံးသူ နိုင်ငံရေးအကျဉ်းသား ၁၁ ဦးအထိ ရှိသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားကွန်ရက် PPNM မှ သိရသည်။ PPNM တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက “အဓိကတော့ ထောင်တွင်း ဆေးဝါးကုသမှု လုံလောက်စွာ…
ခင်သရဖီဦး ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်း၊ ငဖဲမြို့နယ်အကြား ရိုးမတောင်ကားလမ်းဘေးတွင် တည်ရှိသည့် နတ်ရေကန်စခန်းနားရှိ MPT တာဝါတိုင်စခန်းကုန်းကို စစ်ကောင်စီက စစ်အင်အားရာချီဖြင့် ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်လာသောကြောင့် ယခုရက်ပိုင်း တိုက်ပွဲပြင်းထန်နေသည်ဟု အာရက္ခတပ်တော် AA နှင့် နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။ နတ်ရေကန် တာဝါတိုင် စခန်းကုန်းအား ပြီးခဲ့သည့် ဇွန်လ…
စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ်တပ် PNO/PNA တို့သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံ အရှေ့ဘက်ခြမ်းရှိ ကျေးရွာများသို့ အင်အား ၁၀၀၀ ကျော်ဖြင့် ဇွန်လ ၂ ရက်တွင် စစ်ကြောင်းထိုးလာသောကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲပြင်းထန်နေသည်ဟု PDF နည်းဗျူဟာအမှတ် (၁၄) ထံမှ သိရသည်။ ဖယ်ခုံမြို့နယ်နှင့် ညောင်ရွှေမြို့နယ်အစပ်ရှိ ရေပူကျေးရွာသို့ ဇွန်လ…
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း နလန်ပြန်မထူနိုင်သေးတဲ့ မြန်မာ့စီးပွားရေးဟာ မတ်လနှောင်းပိုင်းတုန်းက လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ပိုပြီး ဆိုးရွားလာခဲ့တယ်လို့ ကမ္ဘာ့ဘဏ်က ထုတ်ပြန်လိုက်ပါတယ်။ မြန်မာ့စီးပွားရေးဟာ ငလျင်ကြောင့် ၂၀၂၅ – ၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ၂ ဒဿမ ၅ ရာခိုင်နှုန်း ကျုံ့ဝင်သွားနိုင်ဖွယ် ရှိတယ်လို့ ဇွန်လ ၁၂…
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က ဇွန်လ ၁၂ ရက် နံနက်ပိုင်း၌ အမျိုးသား သုံးဦးအား ပစ်သတ်ပြီး အလောင်းအား စွန့်ပစ်သွားခဲ့သည်ဟု ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။ “ဒီသုံးယောက်ကို မနက်က အစောပိုင်း ၆ နာရီလောက်ကို စွန့်ပစ်သွားတယ်။ လမ်းဒေါင့်ဘေးမှာ စွန့်ပစ်ထားခဲ့တာ။…
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA၏ အပတ်စဉ် ၆၇ စစ်ရေးသင်တန်းဆင်းပွဲအခမ်းအနားကို တအာင်းပြည်တစ်နေရာတွင် ပြီးခဲ့သည့် ဇွန်လ ၆ ရက်က ပြုလုပ်ခဲ့သည်။ ထိုသင်တန်းတွင် အမျိုးသား ၆၅၇ ဦးနှင့် အမျိုးသမီး ၁၆၅ ဦးအပါအဝင် စုစုပေါင်း ၈၂၂ ဦးတို့ တက်ရောက်ခဲ့ကြသည်။ အပတ်စဥ် ၆၇ စစ်ရေးသင်တန်းကာလမှာ သုံးလကျော်ကြာပြီး…
သူရဇော် မန္တလေးတိုင်း၊ အမရပူရရှိ လူနေအိမ်ရပ်ကွက်များအတွင်း ဇွန် ၁၀ ရက် ညပိုင်း ၁၁ နာရီဝန်းကျင်မှစ၍ ဧရာဝတီမြစ်ရေမြင့်တက်လာသည့်အပြင် မိုးရေချိန်မြင့်မားမှုကြောင့် နာရီပိုင်းအတွင်း၌ ရေများ သိသိသာသာမြင့်တက်လာသည်ဟု ဒေသခံအချို့မှ ပြောသည်။ “မိုးရော၊ မြစ်ရေရောဆိုတော့ ရေက တော်တော်လေး အတက်မြန်တယ်ဗျ။ လောလောဆယ် ရပ်ကွက်ထဲမှာဆို ရင်ခေါင်းလောက်ရောက်တဲ့ နေရာက…