Browsing: ပြည်တွင်းသတင်း

အိန္ဒိယ-မြန်မာကုန်သွယ်ရေးတွင် အရေးပါသော အာဆီယံလမ်းမကြီးဘေးရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ယမန်နေ့ ဇွန် ၁၉ ရက်တွင် သိမ်းပိုက်ခဲ့သည်။ အဆိုပါ စစ်ကောင်စီစခန်းသည် စစ်ကိုင်းတိုင်း၊ ပုလဲမြို့ အနောက်ဘက် ၁၄ မိုင်ခန့်အကွာတွင် တည်ရှိပြီး မုံရွာ-ဂန့်ဂေါ-တမူး-အိန္ဒိယနိုင်ငံအထိ ဆက်သွယ်ထားသော အာရှကုန်သွယ်ရေးလမ်းမကြီးဘေး၌ တည်ရှိသည်။ ထို့အပြင် ကန့်ဒေါင့်ရဲစခန်း၏…

Read More

ခင်သရဖီဦး  ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ လယ်သမားများအနေဖြင့် လယ်ယာစိုက်ပျိုးရေးအတွက် လိုအပ်သည့် သွင်းအားစုများ၊ လောင်စာဆီနှင့် လယ်ယာအလုပ်သမားစရိတ်များ မြင့်တက်နေခြင်းကြောင့် လယ်မြေဧကများကို လျှော့ပြီး စိုက်ပျိုးနေကြရသည်ဟု လယ်သမားများထံမှ သိရသည်။ လက်ရှိတွင် လယ်သမားများအနေဖြင့် လယ်ယာများအား ဇွန်လဆန်းပိုင်းမှစတင်၍ ထွန်ယက် စိုက်ပျိုးလျက်ရှိသော်လည်း ယခင်ထက် လယ်ဧက လျှော့ချ စိုက်ပျိုးနေသည်ဟု မင်းပြား…

Read More

ခင်သရဖီဦး စစ်ကောင်စီက အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် နယ်မြေများတွင် လတ်တလော စစ်ပွဲများ ဖြစ်ပွားခြင်းမရှိသော်လည်း လေကြောင်းမှ မကြာခဏ ဗုံးကြဲနေသည့်အတွက် စာသင်ကျောင်းများအား မဖွင့်လှစ်နိုင်ဘဲ အိမ်စာသင်ဝိုင်းများဖြင့်သာ ပညာသင်ကြားနေရသည်ဟု ပညာရေးအသိုင်းအဝိုင်းမှ သိရသည်။ စစ်ကောင်စီအနေဖြင့် ယခင်က အစိုးရရုံးစိုက်ခဲ့ရာ အစိုးရဌာနရုံးများ၊ စာသင်ကျောင်းများနှင့် ဘုန်းကြီးကျောင်းများအား ပစ်မှတ်ထား၍ ဗုံးကြဲတိုက်ခိုက်မှုများရှိနေသည့်အတွက် ကျောင်းများ…

Read More

ကရင်အမျိုးသမီးခေါင်းဆောင် ပဒိုနော်လားဖိုးရဲ့ ဈာပနကို ကရင်လူထုက မဲဆောက်မြို့မှာ ဇွန်လ ၁၇ ရက်က လိုက်ပါပို့ဆောင်ခဲ့ပါတယ်။ သူ့သက်တမ်းတလျှောက် ပညာရေး၊ ကျန်းမာရေးနဲ့ အမျိုးသမီးရေးရာကိစ္စတွေကို တက်တက်ကြွကြွ ပါဝင်လုပ်‌ဆောင်ခဲ့တာကြောင့် ကရင်လူထုအတွက် ဆုံးရှုံးမှုကြီးတစ်ခုအဖြစ် မှတ်ချက်ပြုကြပါတယ်။

Read More

မြန်မာနိုင်ငံမှာ ဇွန်လအတွင်း ကိုဗစ်အတည်ပြုလူနာအရေအတွက် တဖြည်းဖြည်းမြင့်တက်လာနေပြီး ဇွန်လ ၈ ရက် ည ၈ နာရီကနေ ဇွန်လ ၁၅ ရက် ည ၈ နာရီအထိ ကိုဗစ် – ၁၉ အတည်ပြုလူနာသစ် ၅၂ ဦး တွေ့ရှိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်ချက်အရ သိရပါတယ်။…

Read More

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ထဲက အိမ်ထောင်စု ၂၀၀ ကျော်ရှိသည့် စစ်ရှောင်စခန်းတစ်ခုသည် ယနေ့ ဇွန် ၁၈ ရက် နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် တောင်ကျရေများစီးဆင်းလာခြင်းကြောင့် အရေးပေါ် အကူအညီများ လိုအပ်နေသည်ဟု စစ်ရှောင်များကို ကူညီပေးနေသူများထံမှ သိရသည်။ ပုဏ္ဏားကျွန်းလူငယ်အစည်းအရုံးမှ တာဝန်ရှိသူ တစ်ဦးက “တောင်ကျရေဆင်းတာကြောင့် တချို့နေရာတွေမှာဆိုရင် အားလုံးနစ်မြုပ်သွားပါပြီ။ စစ်ရှောင်စခန်းထဲမှာ…

Read More

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့်ဖို့ တစ်ရက်အလိုမှာပဲ တရားရုံးထဲမှာ ရိုက်ကူးထားတဲ့ ဗီဒီယိုတွေနဲ့ သူမရဲ့ နေ့စဉ်ထောင်ဘဝ အသေးစိတ်မှတ်တမ်းတွေကို Guardian သတင်းစာက ထုတ်ဖော်ခဲ့ပါတယ်။ ဒါဟာ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်က အာဏာစသိမ်းချိန်ကနေ ၄ နှစ်ခွဲအကြာမှာ ဖမ်းဆီးခံထားရတဲ့…

Read More

ခင်သရဖီဦး ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှ စစ်ဘေးရှောင်နေသည့် စစ်ရှောင်များအနေဖြင့် မိမိနေရပ်သို့ ပြန်နိုင်ရန် ပြီးခဲ့သည့် မေလမှစပြီး အာရက္ခတပ်တော် AA ထံ စာတင်ထားသော်လည်း လေကြောင်းအန္တရာယ် စိုးရိမ်ရသည့် အတွက် နေရပ်သို့ ပြန်ရန် ခွင့်ပြုချက်မရသေးဟု သိရသည်။ ရသေ့တောင်မြို့ပေါ်မှ စစ်ဘေးရှောင်များမှာ မေလ ပထမပတ်မှ စတင်ကာ မိမိနေရပ်သို့…

Read More

KNU ဥက္ကဌဟောင်း ဗိုလ်ချုပ်ကြီး စောဘိုမြ၏ ဇနီး ကရင်အမျိုးသမီးအစည်းအရုံး (KWO) ဥက္ကဌဟောင်း ပဒိုနော်လားဖိုး၏ နာရေးကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၌ ဇွန် ၁၇ ရက် နေ့လယ်ပိုင်းအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။ မဲဆောက်မြို့နယ်၊ မဲ့ကစာခရစ်ယာန်သုသာန်တွင် ထုံးတမ်းဓလေ့များဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး ၎င်း၏ ကျန်ရစ်သူမိသားစု၊ မိတ်‌ဆွေများနှင့် ကရင်လူထုမှ လိုက်ပါပို့ဆောင်ခဲ့ကြသည်။…

Read More

ယနေ့ ဇွန်လ ၁၆ ရက် နံနက်ပိုင်းတွင် ဖားကန့်မှ ဒေသခံ နှစ်ဦး ထပ်မံပစ်ခတ်ခံရပြီး တစ်ဦး သေဆုံးသွားသည်ဟု ဒေသခံအချို့ထံမှ သိရသည်။ ဖားကန့်တွင် နေထိုင်သည့် ဒေသခံ အမျိုးသားတစ်ဦးက “ဒီမနက်ကဟာလည်း ဘယ်သူဘယ်ဝါဆိုတာ မသိရဘူး။ ဒီနေ့ နှစ်ယောက် ပစ်ခံရတယ်။ တစ်ယောက် သေတယ်” ဟု…

Read More