Browsing: ပြည်တွင်းသတင်း

ကောင်းချစ်အောင် မေ ၂၄၊ ၂၀၂၃။ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် လှတောရွာအနီးတွင် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ဆိုင်ကယ်ပေါ်လိုက်ပါလာသည့် အမျိုးသားနှစ်ဦး ကျည်ထိမှန်သေဆုံးခဲ့သည်ဟု ဒေသခံများမှတစ်ဆင့် သိရသည်။ စစ်ကောင်စီတပ်များသည် စစ်ကိုင်းမြို့နယ် ဆား‌တောင်မြို့မှတစ်ဆင့် လှတောရွာသို့  ယမန်နေ့နံနက်ပိုင်းက ကားနှစ်စီးဖြင့် ဝင်ရောက်လာခြင်းဖြစ်ပြီး ဖြတ်သန်းသွားလာသည့် အမျိုးသားနှစ်ဦး စီးနင်းလိုက်ပါလာသော ဆိုင်ကယ်တစ်စီးကို ဖမ်းဆီးခဲ့သည်။…

Read More

သံလွင်ခက်။ မေ ၂၄၊ ၂၀၂၃။ မိုခါ ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်ပြီးနောက် ရခိုင်ပြည်နယ်တွင် ကူညီကယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသူများကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟု ဒေသခံများထံက သိရသည်။ ယမန်နေ့ မေလ ၂၃ရက် နေ့လယ်ပိုင်းက ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ မုန်တိုင်းသင့်ပြည်သူများကို ကူညီကယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန်သွားသည့် စာရေးဆရာ ကိုဝေဟင်အောင်အပါအဝင် ၅ ဦးကို…

Read More

သံလွင်ခက် မေ ၂၄ ၊ ၂၀၂၃ ။ အသက်၁၈နှစ်အရွယ် မတူပီCDF ရဲဘော်သည် ရှေ့တန်းတစ်နေရာတွင် စစ်ဆင်ရေးပြုလုပ်နေစဥ် မိုင်းမတော်တဆပေါက်ကွဲမှုကြောင့် ပြင်းထန်ဒဏ်ရာရရှိခဲ့သည့်အပြင် ဆေးဝါးကုသပေးရန်အတွက်လည်း အခက်အခဲရှိနေခဲ့သောကြောင့် ကျဆုံးခဲ့ရသည်ဟု သိရသည်။ ချင်းပြည်နယ် မတူပီ-ဟားခါးလမ်းရှေ့တန်းတစ်နေရာတွင် ချင်းလဲန်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီတွင် တာဝန်ထမ်းဆောင်နေသော ရဲဘော်တစ်ဦးသည် ဟားခါး-မတူပီလမ်း ရှေ့တန်းတစ်နေရာတွင်…

Read More

နန်းဆုပန်ခန့် မေ ၂၄ ၊ ၂၀၂၃ ။ ပဒူရွာရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့များက ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ ထိခိုက်ကျဆုံးမှုများသဖြင့် စစ်ကောင်စီက ပဒူကျေးရွာကို လေကြောင်းမှ သုံးကြိမ်တိုင် ဗုံးကြဲ၊ ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့သော်လည်း ပြည်သူများထိခိုက်မှုမရှိခဲ့ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ်အတွင်းရှိ ပဒူကျေးရွာကို  မေလ ၂၂ ရက်၊…

Read More

သံလွင်ခက်။ မေ ၂၃၊ ၂၀၂၃။ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၂နယ်မြေ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ၊ သံတောင်မြို့၁၃ မိုင် လူနေရပ်ကွက်များအတွင်းကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သည်ဟုဒေသခံများထံက သိရသည်။ ယမန်နေ့ မေလ ၂၂ ရက် ညပိုင်းမှစ၍ မေလ ၂၃…

Read More

သဇင် မေ ၂၃၊၂၀၂၃။ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် ၊ တောင်မင်းကုလားစစ်ရှောင်စခန်းတွင် မိုခါမုန်တိုင်းကြောင့် စစ်ရှောင်စခန်းများပျက်စီးသွားပြီးနောက် အကူညီများမရောက်ရှိသဖြင့် စစ်‌ဘေးရှောင်ပြည်သူများ အခက်ခဲများရှိနေသည်ဟုကူညီသူများထံက သိရသည်။ မေလ ၁၄ရက်နေ့တွင် ဝင်ရောက်ခဲ့သည့် အင်အားပြင်းမိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်းရှိနေရာအများပြားပျက်စီးခဲ့ပြီး တောင်မင်းကုလားစစ်ရှောင်စခန်းရှိ နေအိမ်များလည်း ပျက်စီးခဲ့ကာ အကူညီများရောက်လာခြင်းမရှိဟု တောင်မင်းကုလားစစ်ရှောင်စခန်းရှိ အမျိုးသမီးတစ်ဦးက သံလွင်ခက်ကိုပြောသည်။ “ဒီက…

Read More

‌ကောင်းချစ်အောင် မေ ၂၃၊ ၂၀၂၃။ မန္တလေးတိုင်း မြင်းခြံမြို့ရှိ မြင်းခြံဗဟိုအကျဉ်းထောင်တွင် ဖုန်းတစ်လုံးတွေ့ရှိသည်ဟူသော အကြောင်းပြချက်ဖြင့်နိုင်ငံရေးအကျဉ်းသားများကို ခေါ်ထုတ်ရိုက်နှက်စစ်ဆေးမှုများ လုပ်ဆောင်နေပြီး အကျဉ်းသားတစ်ဦးသေဆုံးခဲ့ရသည်ဟု အကျဉ်းထောင်နှင့် နီးစပ်သူများထံမှ သိရသည်။ မေလ ၂၁ရက် ညပိုင်းကစ၍ ခေါ်ထုတ်စစ်ဆေးနေရာလက်ရှိအချိန်တွင် ခေါ်ထုတ်စစ်ဆေးခြင်းခံရသည့် နိုင်ငံရေးအကျဉ်းသားစုစုပေါင်း ၉ဦး ထိရှိလာပြီဖြစ်သည်။ ရိုက်နှက်စစ်ဆေးခံရသူများအနက် ကိုဥက္ကာသေဆုံးသွားသည်ဟူသော ကနဦးသတင်းများထွက်လာမှုကြောင့်…

Read More

သံလွင်ခက် မေ ၂၃ ၊ ၂၀၂၃ ။ ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသည့် ချင်းပြည်နယ်တွင် မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသည့် အခြေအနေများကို စာရင်းကောက်ယူနိုင်ရန် ခက်ခဲနေကာ မုန်တိုင်းအပြီး ၉ရက်မြောက်နေ့ ယနေ့တွင်ပျက်စီးမှုစာရင်း ၁၅၀၀ ကျော်ထိထပ်တိုးရရှိခဲ့သည်ဟု ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ -INTERIM CHIN NATIONAL CONSULTATIVE COUNCIL…

Read More

သံလွင်ခက်။ မေ ၂၃ ၊ ၂၀၂၃။ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်အတွင်းက တိုက်ပွဲဖြစ်ပွားရာနေရာကို စစ်ကောင်စီတပ်က လေယာဉ် ၂ စီးဖြင့်ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်ဟု ဒေသခံများထံက သိရသည်။ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားရာနေရာကို လက်နက်ကြီးဖြင့် ပစ်ခတ်ပြီးနောက် ယနေ့ မေလ ၂၃ ရက် နံနက်၁၁ နာရီ ၂၀…

Read More

နန်းဆုပန်ခန့် မေလ ၂၃ ၊ ၂၀၂၃။ ပြီးခဲ့သည့် စပါးရိတ်သိမ်းချိန်တွင် တိုက်ပွဲများကြောင့် ကောက်ပဲသီးနှံများ ပျက်စီးဆုံးရှုံးခဲ့ရသည့် ကေအဲန်ယူတပ်မဟာ၃ ဒေသခံများသည် လာမည့်မိုးရာသီစပါးပြန်စိုက်ရန်အတွက်လည်း ထွန်ယက်မှုများမပြုလုပ်နိုင်သေးဘဲ  စစ်ကြောင်းများထိုးနေမှုကြောင့် မကြာခဏထွက်ပြေးတိမ်းရှောင်နေကြရသည်။ ကေအဲန်ယူတပ်မဟာ ၃ ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင် ခရိုင်အတွင်းရှိ မုန်းမြိုနယ်နှင့် ကျောက်ကြီးမြို့နယ်အတွင်းရှိကျေးရွာ ၇၀ ရာခိုင်နှုန်းသည် စစ်ကောင်စီစစ်ကြောင်းထိုးလိုက်၊…

Read More