Browsing: ပြည်တွင်းသတင်း

သံလွင်ခက်။ ဇွန် ၁ ၊ ၂၀၂၃။ မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုမြို့ အမြောက်တပ်မှ စစ်ကူရန်ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရင့်ရဲကျေးရွာရှိနေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့သည်ဟု ဒေသခံများထံက သိရသည်။ အမြောက်တပ်မှ ထွက်လာသည့် အင်အား ၃၀ခန့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကျောက်ထုတိုက်နယ်အတွင်းတွင် ၎င်းတို့တပ်ဖွဲ့ဝင်များ အထိနာနေသည့်အတွက် ရင့်ရဲကျေးရွာရှိနေအိမ်များကို မီးရှို့ခြင်းများလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု…

Read More

ကောင်းချစ်အောင် ဇွန် ၁၊ ၂၀၂၃။ စစ်ကိုင်းတိုင်းအတွင်းရှိ တော်လှန်ရေးအင်အားစုများပါဝင်ဆွေး‌နွေးသည့် ပထမအကြိမ်စစ်ကိုင်းဖိုရမ်ကို မေလ၃၀ရက်နှင့် ၃၁ရက်တို့တွင် နှစ်ရက်တာကျင်းပခဲ့ပြီး စစ်ကိုင်းတိုင်းအတိုင်ပင်ခံကောင်စီ တည်ထောင်နိုင်ရန်သဘောထားများစုစည်းနိုင်ခဲ့ကြသည်ဟု စစ်ကိုင်းဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့ထံမှ သိရသည်။ နှစ်ရက်တာကျင်းပခဲ့သည့် စစ်ကိုင်းဖိုရမ်တွင် တိုင်းအတွင်း ၂၈မြို့နယ်အခြေစိုက် တော်လှန်ရေးအဖွဲ့အစည်း၁၇၃ဖွဲ့နှင့် လေ့လာသုံးသပ်သူ ၃၁ဦး တက်ရောက်ခဲ့ကြပြီး နိုင်ငံရေး၊ စစ်ရေး၊ ဒေသန္တရအုပ်ချုပ်ရေးနှင့် အထွေထွေဟူသည့်…

Read More

ယမင်းဖူးပွင့်အောင် မေ ၃၁၊ ၂၀၂၃။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှ အိမ်ထောင် ၁၃၀ ရှိ ရေဘေးသင့်ပြည်သူများကို သွားရောက်ကူညီပေးခဲ့သည်ဟု Monywa People’s Force-MPF Support Team (မုံရွာထောက်ပို့အသင်း)ထံမှ သိရသည်။ ယင်းမာပင်မြို့နယ်တွင် လုံခြုံရေးအရ အမည်မဖော်လိုသော ကျေးရွာတစ်ရွာမှ ရေဘေးသင့်ပြည်သူများကို တစ်အိမ်ထောင်လျှင် ဆန်တစ်ပြည်၊…

Read More

သံလွင်ခက်။ မေ ၃၁ ၊ ၂၀၂၃။ တရုတ်နိုင်ငံ၏ တိုက်တွန်းချက်ဖြင့် မြောက်ပိုင်း တိုင်ရင်းသားလက်နက်ကိုင် ၃ ဖွဲ့နှင့် စစ်ကောင်စီတို့ ဇွန်လ ၁ ရက်တွင် မိုင်းလားမြို့၌ တွေ့ဆုံသွားမည်ဟု မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA၏သတင်းဌာနက မေလ ၃၀ ရက်တွင် ထုတ်ပြန်ထားသည်။ တွေ့ဆုံဆွေးနွေးပွဲကို တရုတ်နိုင်ငံ၏…

Read More

ကောင်းချစ်အောင် မေ ၃၁ ၊ ၂၀၂၃ ။ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ မန္တလေးမြို့ ကျုံးနှင့်နီးပြီး စစ်ကောင်စီ၏ အရာရှိနေအိမ်များနှင့် ရုံးများကို လျှပ်စစ်ဖြန့်ဝေပေးနေသည့် ဓာတ်အားခွဲရုံအား ဗုံးခွဲ ဖျက်ဆီးခဲ့သည်ဟု No More Dictatorship People Defense Force-NMD တာဝန်ခံ ကိုZeusက သံလွင်ခက်ကိုပြောသည်။ မန္တလေးတိုင်း၊…

Read More

သံလွင်ခက် မေ ၃၁ ၊ ၂၀၂၃ ။ လက်ရှိအာဏာသိမ်းကာလအတွင်း၌ စစ်ကောင်စီတပ်များကို အပြင်းထန်ဆုံး ခုခံတော်လှန်တိုက်ခိုက်နေသည့်ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF သည် ဝါရင့်ပြီး ရည်မှန်းချက်တူညီသော တော်လှန်ရေးအဖွဲ့အစည်းကြီးများ၏ ပံ့ပိုးကူညီမှုများစွာကို ရရှိခဲ့သည်ဟု ယနေ့တွင် KNDF ကထုတ်ပြန်ကြေညာသည်။ ၂၀၂၃ ခုနှစ်၊ မေလ ၃၁ ရက်နေ့ ၊…

Read More

သံလွင်ခက်။ မေ ၃၀ ၊ ၂၀၂၃။ ရွာလုံးကျွတ် မီးရှို့ခံထားရမှုကြောင့် စစ်ဘေးတိမ်းရှောင်နေရသည့် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ရေရှင်ကျေးရွာမှ စစ်ဘေးရှောင်များ အရေးပေါ် စားနပ်ရိက္ခာများ လိုအပ်လျက်ရှိသည်ဟု ကူညီထောက်ပံ့သူများထံက သိရသည်။ ယခင်က ရေရှင်စစ်ဘေးရှောင်ပြည်သူများအတွက် လစဉ် စားနပ်ရိက္ခာ ကူညီထောက်ပံ့နေသည့်အဖွဲ့အစည်းများရှိသော်လည်း ယခု လှုဒါန်းမှုမရှိသည်မှာ တစ်လခန့်ရှိပြီဖြစ်သည်ဟု သိရသည်။ ရေရှင်စစ်ဘေးရှောင်တစ်ဦးက…

Read More

ကောင်းချစ်အောင် မေ ၂၉ ၊ ၂၀၂၃ ။ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင် ခုနစ်ဦး စစ်ကောင်စီတပ်ထံ ထွက်ပြေးသွားခဲ့ပြီးနောက် Eagle Brigade အဖွဲ့၏ လက်နက်၊ခဲယမ်းနှင့်စစ်အသုံးအဆောင်ပစ္စည်းများ စစ်ဆေးရေးဂိတ်၌ ဖမ်းဆီးခံလိုက်ရသည်ဟု အဆိုပါတပ်ဖွဲ့ထံမှ သိရသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လုံခြုံရေးပုံမှန်ပြုလုပ်နေသည့် ပခုက္ကူ-မြိုင်ကားလမ်းပေါ်ရှိ အင်ပင်စစ်ဆေးရေးဂိတ်တွင် မေလ၂၇ရက်၊ညနေ၌ လက်နက်များ…

Read More

ကောင်းချစ်အောင် မေ ၂၇၊ ၂၀၂၃။ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော် ခုနစ်ဦးမှာ လက်နက်များနှင့်အတူ ကျပ်သိန်း ၂၄၀၀ခန့်ယူဆောင်၍ စစ်ကောင်စီထံ ထွက်ပြေးခဲ့သည့်အတွက် အရေးယူဆောင်ရွက်သွားမည်ဟု ပခုက္ကူမြို့နယ် ပ.အ.ဖ အဖွဲ့ကထုတ်ပြန်သည်။ ပြီးခဲ့သည့် ဧပြီလအတွင်း၌  စစ်ကောင်စီထံ လက်နက်ချအညံ့ခံထွက်ပြေးခဲ့သည့် Defense Team Pakokku-DTP အဖွဲ့ခေါင်းဆောင် အောင်သူ(ခ)Snake၏…

Read More

သံလွင်ခက်။ မေလ ၂၆၊ ၂၀၂၃။ ရန်ုကုန်တိုင်း၊ ကြည့်မြင်တိုင်၊ ပန်းပင်ကြီးလမ်း ဆန္ဒပြပွဲတွင် ဖမ်းဆီးခံခဲ့ရသည့် သတင်းထောက် မမှူးရတနာခက်မို့မို့ထွန်းကို စစ်ကောင်စီလက်အောက်ခံ တရားခံရုံးက ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့သည်ဟု တရားရုံးနှင့် နီးစပ်သူများထံမှ သိရသည်။ ယနေ့ မေလ ၂၆ ရက်တွင် စစ်ကောင်စီလက်အောက်ခံ သင်္ဃန်းကျွန်းခရိုင်…

Read More