ရွှေနှင့် မြေရှားသတ္တုများ တူးဖော်ခြင်းကြောင့် ဖြစ်ပေါ်လာသည်ဟု ယူဆရသော ချင်းရိုင်းပြည်နယ်အတွင်းရှိ မယ်ဆိုင်မြစ်ရေ ညစ်ညမ်းမှုပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် ထိုင်းအစိုးရက မြန်မာနိုင်ငံသို့ ခရီးစဉ်တစ်ခု စီစဉ်ရန် ကြိုးပမ်းနေသည်ဟု ထိုင်းပြည်ထဲရေး ဒုဝန်ကြီးက ပြောဆိုခဲ့သည်ဟု ထိုင်းသတင်း Khaosod English တွင် ဖော်ပြသည်။ အဆိုပါ ကိစ္စရပ်အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် လုပ်ဆောင်ရမည်ဖြစ်ပြီး…
Browsing: ပင်မစာမျက်နှာ
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ ဥကရိထအနီးရှိ ရွှေအေးမြိုင်စခန်းကို ပူးပေါင်းတပ်များ ယနေ့ နေ့လည် ၁၂ နာရီဝန်းကျင်တွင် ထပ်မံတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု ဒေသခံနှင့် ပူးပေါင်းတပ်ဖွဲ့များထံမှ သိရသည်။ ဒေသခံတစ်ဦးက “ဒီနေ့ပဲ ရွှေအေးမြိုင်ကို ထပ်ရပြီ။ ၁၂ နာရီကျော်လောက်က ရသွားတာ” ဟု ဆိုသည်။ ရွှေအေးမြိုင်ဘုရားကုန်းစခန်းသည် ကရင်ပြည်နယ်၊ ဝေါ်လေလမ်းပိုင်းရှိ ဥကရစ်ထစခန်း၏…
ထိုင်းမြန်မာနယ်စပ်၊ ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုဖြစ်သည့် ကနဲလေးစခန်းကို ပူးပေါင်းတပ်ဖွဲ့များက ယမန်နေ့ညက သိမ်းပိုက်နိုင်ခဲ့သည်ဟု ကရင်စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ အဆိုပါ စစ်စခန်းက ပူးပေါင်းတပ်များက မေလ ၂၁ ရက်ကတည်းက စတင်တိုက်ခိုက်နေခြင်းဖြစ်ပြီး ယမန်နေ့ မေလ ၂၈ ရက် ညတွင် အပြီးတိုင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLAနှင့်…
ခင်သရဖီဦး ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ် တောင်ပေါ်မူဆလင် ဒုက္ခသည်စခန်းတွင် မိုးရာသီကျလာရောက်လာသည့်အတွက် လက်ရှိနေထိုင်နေသည့် နေအိမ်များမှာ ယိုးယွင်းပျက်စီးလာနေသောကြောင့်အကူအညီများ လိုအပ်နေသည်ဟု စခန်းတွင် နေထိုင်သူများထံမှ သိရသည်။ လက်ရှိနေထိုင်နေသည့် နေအိမ်များမှာ ခေါင်းမိုးအပြင် အကာအရံများမှာလည်း ပျက်စီးလာသည့်အတွက် အကူအညီလိုအပ်နေခြင်းဖြစ်သည်ဟု စခန်းတာဝန်ခံ ဦးမောင်တင်အောင်က ပြောသည်။ “ကျနော်တို့ အဓိက အခုမိုးရာသီလေ၊ ရောက်လာတော့…
လာမည့် ဇွန်လ ၁ ရက်မှ စ၍ မော်တော်ဆိုင်ကယ်မောင်းသူများ ဦးထုပ် မဆောင်းပါက ဘတ် ၂၀၀၀ အထိ ဒဏ်ငွေ ကျခံရမည်ဟု ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ (RTP) က သတင်းထုတ်ပြန်ခဲ့သည်။ မြေပြင်ယာဉ်သွားလမ်းဥပဒေ ပုဒ်မ ၁၂၂ အရ ထိခိုက်ဒဏ်ရာရမှုကို ကာကွယ်ရန် မောင်းသူရော စီးနင်းသူ နှစ်ဦးစလုံး…
နိုင်ငံအနှံ့ စစ်မျက်နှာတွေမှာ စစ်ရှုံးနေတဲ့ စစ်ကောင်စီက တော်လှန်ရေးတပ်ဖွဲ့တွေအတွင်း သူလျှို၊ ဒလန်တွေ စေလွှတ်ပြီး သတင်းအချက်အလက်တွေ ထောက်လှမ်းရယူနေတဲ့အတွက် တော်လှန်ရေးအင်အားစုတွေအနေနဲ့ အထူးဂရုပြုသင့်တယ်လို့ MDY – PDF က ထုတ်ပြန်လာပါတယ်။ စစ်ကောင်စီက ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီမှာ စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးနောက်ပိုင်း သူတို့ စေလွှတ်ထားတဲ့ အသက် ၂၀ ဝန်းကျင်အရွယ်…
စစ်ကူလာသည့် စစ်ကြောင်းတိုက်ခိုက်ခံရပြီးနောက် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ DKBA ဌာနချုပ်ရှိရာ ဆုံဆည်းမြိုင်ကျေးရွာကို စစ်ကောင်စီဘက်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်နေသည်ဟု သိရသည်။ ယနေ့ နေ့လည် ၁ နာရီကျော်တွင် စစ်ကောင်စီဘက်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ထိခိုက်မှုများရှိသည်ဟု မြေပြင်သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။ ၎င်းက “အခုက လေယာဥ်ကြဲသွားပြီ။ ရွာထဲမှာ။ ရွာသားကလေး…
ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ သေ့ဘောဘိုးစခန်းသို့ စစ်ကူလာသော စစ်ကောင်စီစစ်ကြောင်းတစ်ခုလုံးကို KNLA ပူးပေါင်းတပ်များက ချေမှုန်းနိုင်ခဲ့သည်ဟု သိရသည်။ အဆိုပါ စစ်ကြောင်းသည် အင်အား ၇၀ ကျော်ရှိပြီး ၃၀ ဦးခန့်ကိုအရှင်ဖမ်းမိထားသည်ဟု မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။ ၎င်းက “ဖမ်းမိထားတာ အယောက် ၃၀ လောက်ရှိမယ်။ လောလောဆယ် ဖမ်းမိထားသူတွေကို ကား…
တက်ခရိုင် ဖုပ်ဖရအနီး တစ်ဖက်ခြမ်းတွင် စစ်ကောင်စီတပ်နှင့် ကရင်တပ်ဖွဲ့များကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခြင်းကြောင့် ထိုင်းမိဘများက ၎င်းတို့၏ကလေးများကို ယနေ့နံနက်တွင် နယ်စပ်အနီးရှိ ကျောင်းများသို့ မပို့ရန် ဆုံးဖြတ်ခဲ့သည်ဟု Khaosod English ထိုင်းသတင်းဌာနတွင် ဖော်ပြသည်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပူးပေါင်းတပ်ဖွဲ့ဝင်များသည် သေ့ဘောဘိုးစခန်းသို့ အင်အားဖြည့်တင်းလာသော စစ်ကောင်စီတပ်သား ၇၀…
မြဝတီ – ဝေါလေကားလမ်းမရှိ တပ်မ ၄၄ အခြေစိုက် စစ်ကောင်စီစခန်းရှိ စစ်တပ်နှင့် ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲပြင်းထန်နေသည်ဟု မြေပြင်သတင်းရင်းမြစ်ထံမှ သိရသည်။ ဘလက်ဒိုစခန်းကျပြီး ၅ ရက်မြောက်နေ့ ယမန်နေ့နံနက် ၁၀ နာရီကျော်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲပြင်းထန်နေခြင်းဖြစ်သည်။ သေ့ဘောဘိုးဒေသခံတစ်ဦးက “လောလောဆယ်…