ရက်သတ္တတစ်ပတ်တာအတွင်း ထိုင်းမြန်မာနယ်စပ်အနီး ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ စစ်ကောင်စီတပ်စခန်း ခြောက်ခုထက် မနည်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLAနှင့် ပူးပေါင်းတပ်များက ဆက်တိုက်ဆိုသလို သိမ်းပိုက်ခဲ့သည်။ မေ ၂၃ – ဘလယ်ဒိုစခန်း မြဝတီမြို့တောင်ဘက်၊ မြဝတီ – ဝေါ်လေ လမ်းပေါရှိ ဘလယ်ဒိုစခန်းအား ကရင်ပူးပေါင်းတပ်ဖွဲ့ဘက်က မေလ ၂၃ ရက်…
Browsing: ပင်မစာမျက်နှာ
ခင်သရဖီဦး စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် AA တို့ နှစ်ဖက်အပြန်အလှန် အပစ်ရပ်ကြောင်း ထုတ်ပြန်ထားသော်လည် ကျောက်ဖြူမြို့နယ်၊ နှမ်းဖဲတောင်ကျေးရွာအနီးတွင် တိုက်ပွဲ ဖြစ်ပွားမှုများရှိနေသည်ဟု ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် မေလ ၁၉ ရက်မှစတင်၍ နှစ်ဖက်အပြန်အလှန် ထိုးစစ်ဆင်တိုက်ခိုက်မှုများရှိနေရာမှ လက်ရှိတွင် နှမ်းဖဲတောင်ကျေးရွာအနီး တိုက်ပွဲဖြစ်နေခြင်းဖြစ်သည်ဟု အသက် ၄၀ အရွယ်…
ကရင်ပြည်နယ်၊ မြဝတီ – ဝေါလေကားလမ်းမအကျော်ရှိ မော်ခီးစစ်ကောင်စီစခန်းကို ယနေ့ ထပ်မံသိမ်းပိုက်လိုက်သည်ဟု သိရသည်။ ထိုးစစ်ဆင်နေချိန်မှာ စစ်ကောင်စီတပ်သားတွေက စခန်းကို ထားပြီး ထွက်ပြေးသွားကြလို့ သိမ်းပိုက်လိုက်နိုင်ပါပြီ” ဟု မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ မော်ခီးစစ်ကောင်စီစခန်းကို ယနေ့နံနက် ၁၁ နာရီကျော်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု ပူးပေါင်းတပ်ဖွဲ့ဝင်တစ်ဦးကလည်း ဆိုသည်။ လက်ရှိတွင်…
ကရင်ပြည်နယ်၊ မြဝတီ – ဝေါလေကားလမ်းမရှိ စစ်ရေးဗျူဟာအရ အရေးပါသည့် ဘုရင့်နောင်စခန်းကုန်းကို ပူးပေါင်းတပ်များက ထပ်မံသိမ်းပိုက်လိုက်သည်ဟု သိရသည်။ ဘုရင့်နောင်ကုန်းကို ယမန်နေ့ညတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA ပူးပေါင်းတပ်ဘက်မှ သိမ်းပိုက်လိုက်ခြင်းဖြစ်သည်ဟု မြေပြင်ရဲဘော်တစ်ဦးက ဆိုသည်။ ၎င်းက “ဘုရင့်နောင်ကုန်းကျတော့ စစ်ရေးဗျူဟာအရ အရေးပါတဲ့ စခန်း တစ်ခု။ အခုတိုက်နေတဲ့…
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာသို့ ဝင်လာသည့် စစ်ကောင်စီစစ်ကြောင်း၏ ပစ်ခတ်မှုကြောင့် နှစ်ရက်အတွင်း အမျိုးသမီး တစ်ဦး အပါအဝင် အရပ်သား သေဆုံးသူ ငါးဦးအထိရှိလာပြီး ပြင်းထန်းဒဏ်ရသူများလည်းရှိသည် ဟု ကူညီဆောင်ရွက်ပေးနေသူ အမျိုးသားတစ်ဦးက ပြောသည်။ “မနေ့က ဖားကန့်ကို ထွက်သွားတဲ့အချိန် တွေ့တာက သေဆုံးသူ ငါးလောင်း၊ မိန်းကလေး တစ်လောင်း…
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် တအာင်းလွတ်မြောက်ရေးတပ် (TNLA) နှင့် စစ်ကောင်စီတပ်တို့ကြားတိုက်ပွဲများပြင်းထန်နေသည်ဟု TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက သံလွင်ခက်ကို ပြောသည်။ “လက်တလောမှာ ကျမတို့ TNLA နဲ့ စစ်ကောင်စီကြားမှာဆိုရင် နောင်ချိုမြို့ရှိ တောင်ခမ်း၊ အုမ္မတီးဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်” ဟု ၎င်းက ပြောသည်။ ပြီးခဲ့သည့် မေ…
အမီးလေး ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံခင်းကျေးရွာမှ ဖားကန့်မြို့သို့ စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေပြီး ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “စကစ စစ်ကြောင်းက လုံးခင်းမှာ တချို့ကို ထားခဲ့ပြီးတော့ စစ်ကြောင်းကတော့ ဖားကန့်မြို့ဆီ ဦးတည်နေပါတယ်။ အခုဆိုရင် ဖားကန့်မြို့ အောက်လမ်းမ ယွန်းလက်ဖက်ရည်ဆိုင်ရှေ့ ရောက်နေပြီကြားတယ်” ဟု ယနေ့ နံနက်ပိုင်းက…
ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ တပ်မဟာ (၆)၊ ကော့ကရိတ်မြို့နယ်အတွင်း ကနဲလေးတပ်စခန်းအား ၃၅ နာရီအကြာ တိုက်ခိုက်ပြီးနောက် သိမ်းပိုက်နိုင်ခဲ့ကာ သိမ်းဆည်းရမိသည့် လက်နက်များကို KNU ထုတ်ပြန်အတည်ပြုခဲ့သည်။ စစ်ကောင်စီတပ်များ ဝင်ရောက် ကျူးကျော် တပ်စွဲထားသည့် ကနဲလေး တပ်စခန်းကို မေလ ၂၇ ရက် မနက် ၇ နာရီတွင်…
အမီးလေး ကိုယ်လက်အင်္ဂါဆုံးရှုံးထားသူများအနေဖြင့် နည်းပညာဖြင့် တော်လှန်ရေးတွင် ပါဝင်လိုပါက Federal Wings ဒရုန်းတပ်ဖွဲ့သို့ ပါဝင်နိုင်သည်ဟု မေလ ၂၉ ရက်တွင် ထုတ်ပြန်သည်။ Federal Wings ဒရုန်းတပ်ဖွဲ့နှင့်အတူ Research and Development-R&D လုပ်ငန်းများအား ပူးတွဲတာဝန်ထမ်းဆောင်ရန်နှင့် နည်းပညာများ တိုးတက်ပြန့်ပွားစေရန်ဖြစ်သည်ဟု Federal Wings ဒရုန်းတပ်ဖွဲ့မှ…
နိုင်ငံတော်အာဏာသိမ်းယူထားတဲ့ စစ်ခေါင်းဆောင်ဟာ သူ့အတွက် လုံခြုံရေးအာမခံချက်မရှိတဲ့အတွက် အာဏာကို စွန့်လွှတ်မှာမဟုတ်ဘူးလို့ ပညာရှင်တွေက သုံးသပ်နေကြပါတယ်။ ၂၀၂၅ နှစ်ကုန်မှာ စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပဖို့ စီစဥ်နေပြီး ရွေးကောက်ပွဲပြီးသွားတဲ့အခါ အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ စစ်ဦးစီးချုပ်အဖြစ် ဆက်ရှိမှာလား၊ ရွေးကောက်ပွဲအနိုင်ရပါတီနဲ့ ပေါင်းပြီး နိုင်ငံတော်သမ္မတ ရာထူးရယူမှာလားဆိုတာကလည်း အခုအချိန်အထိ မကွဲပြားသေးပါဘူး။ အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ အရင်ကတည်းက သမ္မတအိပ်မက်ရှိခဲ့သူဖြစ်တာကြောင့်…