Browsing: နေ့စဉ်သတင်း

မောင်ဘဦး နိုဝင်ဘာ ၅၊ ၂၀၂၄။ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အင်းတဲရွာက အသက် ၇၀ အရွယ် ဒေသခံတဦးကို စစ်ကောင်စီက ဦးခေါင်းဖြတ်သတ်ခဲ့သည်ဟု ရပ်ကျေးပအဖအဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။ ပြီးခဲ့သည့် အောက်တိုဘာ ၂၉ ရက်တွင် အဆိုပါအမျိုးသားကို သတ်ဖြတ်ခဲ့ခြင်းဖြစ်ကာ သေဆုံးသူကို အောက်တိုဘာ ၃၁ ရက်တွင် ရပ်ကျေးပအဖအဖွဲ့ဝင်များမှ…

Read More

သံလွင်ခက် နိုဝင်ဘာ ၆၊ ၂၀၂၄။ စစ်ကိုင်တိုင်း၊ ကနီမြို့နယ် ပညာရေးဘုတ်အဖွဲ့ တာဝန်ခံ ဦးဝင်းဌေးနှင့် သူ၏ မိသားစုဝင်နှစ်ဦးအသတ်ခံရမှုအပေါ် တရားမျှတမှုရှိရေး ဆောင်ရွက်သွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ ဦးဝင်းဌေး သည် တပုန်းကျေးရွာတွင်ရှိသည့် သူ၏နေအိမ်၌ ဇနီးဖြစ်သူ ဒေါ်ခြိမ့်ခြိမ့်သဲဝေ၊ သုံးလအရွယ်သမီးငယ် မရွှေဝတ်ရည်လွှာ တို့နှင့်အတူ နြိဝင်ဘာ…

Read More

မောင်ဘဦး နိုဝင်ဘာ ၆၊ ၂၀၂၄။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် အိုင်းမရွာကို စစ်ကောင်စီက တိုက်ခိုက်ရေးလေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဒေသခံ ၄ ဦးသေဆုံးပြီး ၅ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ ယမန့်နေ ညနေ ၃ နာရီဝန်းကျင်တွင် ကထိန်အလှူပြုလုပ်နေသည့် အဆိုပါကျေးရွာရှိ ဘုန်းကြီးကျောင်းကို စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ…

Read More

သံလွင်ခက် နိုဝင်ဘာ ၅၊ ၂၀၂၄။ စစ်ကိုင်းမြို့၊ ပဲကတိုးကျေးရွာ၊ နည်းပညာတက္ကသိုလ်အနီးတွင် တပ်စွဲထားသည့် စစ်ကောင်စီဂိတ်စခန်းကို လျှပ်တပြက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ နှစ်ဆယ်ကျော် သေဆုံးမှုရှိနိုင်သည်ဟု Sagaing PDF ထံမှ သိရသည်။ အဆိုပါ ဂိတ်စခန်းသည် စစ်ကိုင်းမြို့မှအထွက် မန္တလေး-ရွှေဘိုကားလမ်းမကြီးပေါ်တွင် တည်ရှိပြီး ခန့်မှန်းခြေအင်အား ၅၀ခန့် တပ်စွဲထားသည်ဟု…

Read More

သံလွင်ခက် နိုဝင်ဘာ ၃ ၊၂၀၂၄။ ပြည်သူလူထုအတွက် အမှန်တရားနှင့် အရေးပါသော သတင်းအချက်အလက်များကို ဖော်ထုတ်ရေးသားနေသည့် မြန်မာနိုင်ငံနှင့်ကမ္ဘာတစ်ဝန်းရှိ သတင်းသမားများ၊ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများဘေးကင်းရေးအတွက် ယူကေအစိုးရက အကူအညီများ ပံ့ပိုးနေမည်ဟု မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက ယမန်နေ့ နိုဝင်ဘာ ၂ရက်တွင်ထုတ်ပြန်သည်။ ယူကေအစိုးရအနေဖြင့်လည်း မီဒီယာလွတ်လပ်ခွင့်အပေါ်ချိုးဖောက်မှုအား ရှုတ်ချပြီး မီဒီယာလွတ်လပ်ခွင့်အား အလွဲသုံးစားလုပ်သည့်…

Read More

သံလွင်ခက် နိုဝင်ဘာ ၃၊ ၂၀၂၄။ European Civil Protection and Humanitarian Aid Operations (ECHO) – ဥရောပ အရပ်ဘက်ကာကွယ်ရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထွေထွေညွှန်ကြားရေးမှူးရုံးမှ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် – WFP ကို ပေးအပ်သည့် ရန်ပုံငွေကို…

Read More

သံလွင်ခက်။ နိုဝင်ဘာ ၃၊ ၂၀၂၄။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) နှင့် Force for Federal Democracy(FFD)တို့ပါဝင်သော မဟာမိတ်ပူးပေါင်းအဖွဲ့သည် ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ခေါပုတ်စခန်းမှ ဆုတ်ခွါသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား လိုက်လံရှင်းလင်းရာ နိုဝင်ဘာလ(၃)ရက်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွါးခဲ့သည်ဟု BPLA က…

Read More

သံလွင်ခက် ‌နိုဝင်ဘာ ၄၊ ၂၀၂၄။ ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ ၅ နယ်မြေ၊ ဖာပွန်ခရိုင်ရှိ စစ်ကောင်စီ၏ ခေါပုတ်စခန်းမှ ထွက်ပြေး သွားသည့် စစ်သားများကို လက်နက်များနှင့် ဖမ်းဆီးရမိခဲ့သည်ဟု ဗမာပြည်သူ့လွတ်မြောက်ရေး တပ်တော် (BPLA) က ယမန်နေ့ညတွင် ထုတ်ပြန်သည်။ ခေါပုတ်စခန်းတွင် ခလရ…

Read More

သံလွင်ခက် နိုဝင်ဘာ ၄၊ ၂၀၂၄။ တရုတ်နိုင်ငံအစိုးရ၏ ဖိတ်ကြားချက်ဖြင့် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တရုတ်နိုင်ငံသို့ သွားရောက်မည်ဟု စစ်ကောင်စီသတင်းမှန်ပြန်ကြားရေးအဖွဲ့က ယနေ့နံနက်ပိုင်းတွင် ထုတ်ပြန်သည်။ စစ်ခေါင်းဆောင်အနေဖြင့် အာဏာသိမ်းကာလအတွင်း ပထမဆုံးအကြိမ် တရုတ်နိုင်ငံသို့ သွားရောက်မည့် ခရီးစဉ်ဖြစ်ပြီး နှစ်နိုင်ငံအစိုးရနှင့် ပြည်သူမျများအကြား ချစ်ကြည်ရေး၊ စီးပွားရေးနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာအောင်…

Read More

သံလွင်ခက်  နိုဝင်ဘာ ၅၊ ၂၀၂၄။ ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်ရှိ ချစ်ဂေါ (Chit Gaw) ကျေးရွာနှင့် နုကြုံ (Nu Chyang) ကျေးရွာကို ချိတ်ဆက်ထားသည့် တံတား မိုင်းခွဲဖျက်ဆီးခံရသဖြင့် ‌ဒေသခံပြည်သူများ သွားလာ‌ရေး ခက်ခဲလျက်ရှိသည်ဟု ဒေသခံများထံက သိရသည်။ အဆိုပါတံတားကို ဦးဇခုန်တိန်ယိမ်း၏ သားဖြစ်သူ ဇခုန်ယိမ်းဆောင်က…

Read More