ယမင်းဖူးပွင့်အောင် နိုဝင်ဘာ ၉၊ ၂၀၂၄။ မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်တွင် လျှပ်စစ်မီးပုံမှန်မရရှိခြင်းကိုအကြောင်းပြကာ ထောင်အာဏာပိုင်များက အကျဉ်းသားများ၏ ရေအသုံးပြုခွင့်ကို ကန့်သတ်ထားရာ ယားနာရောဂါဖြစ်ပွားမှု ပိုမိုမြင့်တက်လာသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်-PPNM က ယမန်နေ့တွင်ထုတ်ပြန်သည်။ လက်ရှိတွင် ခွက်ရေအတွက်ဖြင့်သာ ရေချိုးနေရပြီး နိုင်ငံရေးအကျဉ်းသားတစ်ဦးလျှင် ပုံမှန်ရေချိုးခွက်ဖြင့် ခွက်ရေ ၁၀ ခွက်မှ ၂၀ ခွက်သာ…
Browsing: နေ့စဉ်သတင်း
သံလွင်ခက် နိုဝင်ဘာ ၈၊၂၀၂၄။ စစ်ကောင်စီက ဝါဒဖြန့် ဘာသာရပ်အချို့ကို ၎င်းတို့လက်အောက်မှာရှိသည့် အခြေခံပညာရေး စာသင်ကျောင်းများတွင် ထည့် သွင်းသင်ကြားရန် ပြင်ဆင်နေသည်ဟု ပြည်တွင်းပဋိပက္ခဖြစ်စဉ်များကို လေ့လာဆန်းစစ်နေသည့် Burma Affairs and Conflict Study-BACS က ယမန်နေ့တွင် ထုတ်ပြန်သည်။ ယခုနှစ် ကျန်ရှိနေသာ စာသင်နှစ် သို့မဟုတ်…
ခင်သရဖီဦး နိုဝင်ဘာ ၇၊၂၀၂၄။ ရခိုင်ပြည်တွင် စစ်ကောင်စီ ထုတ်အရက်ဘီယာများအား တင်သွင်းရောင်းချခွင့်အား အာရက္ခတပ်တော် AA ကကန့်သတ်ပြီးနောက် လက်ကျန်ရှိနေသည့် အရက်ဘီယာရောင်းချနေရသူများ အရှုံးပေါ်နေသည်ဟု အရောင်းဆိုင်တချို့ထံမှ သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ (၁၉) ရက်နေ့မှစ၍ AA က ပြည်မထုတ် ဘီယာ၊ အရက်၊ ဝိုင်းများအား ရခိုင်ဒေသအတွင်းသို့…
ယမင်းဖူးပွင့်အောင် နိုဝင်ဘာ ၇၊ ၂၀၂၄။ အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားသည့် မြောက်ပိုင်းညီနောင်မဟာမိတ် ၃ဖွဲ့အတွက် ငြိမ်းချမ်းရေးတံခါးကို အမြဲဖွင့်ထားပြီး ဆွေးနွေးရန် အသင့်ရှိသည်ဟု စစ်ခေါင်းဆောင်က ဆိုလိုက်သည်။ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တရုတ်နိုင်ငံ ကူမင်းမြို့ ဟိုင်ဂင်ဟိုတယ်တွင် တရုတ်ဝန်ကြီးချုပ် မစ္စတာလီချန်နှင့် ယမန်နေ့ နိုဝင်ဘာ ၆ ရက်က သီးသန့်တွေ့ဆုံစဉ် ပြောဆိုခဲ့ခြင်းဖြစ်သည်ဟု…
မောင်လှိုင်း နိုဝင်ဘာ ၇၊၂၀၂၄။ ရှမ်းပြန်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင် စက်သုံးဆီများပြတ်တောက်လျက်ရှိပြီး အကန့်အသတ်နဲ့သာရောင်းချပေးနေကြောင်း မူဆယ်မြို့ဒေသခံများက ပြောသည်။ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ တင်ပို့သည့် ကုန်ပစ္စည်းများကို အောက်တိုဘာလ နောက်ဆုံးအပတ်တွင် စတင်ကန့်သတ်လိုက်ပြီးပြီးနောက် ယခင် အောက်တိုဘာလ ၂၂ ရက်နေ့တွင် ဓာတ်ဆီ တလီတာ ၄၆၀၀ ကျပ်ရှိရာမှ ယနေ့ (နိုဝင်ဘာလ…
ယမင်းဖူးပွင့်အောင် နိုဝင်ဘာ ၇၊ ၂၀၂၄။ အမေရိကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်ကို ရွေးကောက်ပွဲတွင်အနိုင်ရသည့်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ယာယီသမ္မတ ဒူဝါလရှီးလက ဂုဏ်ပြုစကားဆိုလိုက်သည်။ ထရမ့်၏ နောက်တစ်ကြိမ်ပြန်လည်ခေါင်းဆောင်မှုနှင့်အတူ အရေးပါပြီးခိုင်မာသည့်ဆက်ဆံရေးအဖြစ်ဆက်သွားနိုင်ရန် မျှော်လင့်သည်ဟု ယာယီသမ္မတဒူဝါလရှီးလက ၎င်း၏ X လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။ ၄ နှစ်တစ်ကြိမ်ပြုလုပ်သည့် ၄၅ ကြိမ်မြောက် အမေရိကန်ရွေးကောက်ပွဲတွင်လည်း ထရမ့်က…
သံလွင်ခက် နိုဝင်ဘာ ၇၊၂၀၂၄။ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်သည် ကုလသမဂ္ဂ ပညာရေး၊သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO)၏ ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် ပဏာမ ပါဝင်လာသည်ဟု ယူနက်စကို ဝက်ဆိုက်ဒ်တွင် ဖော်ပြထားသည်။ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို ကမ္ဘာ့ဒြပ်မဲ့ ယဉ်ကျေးမှုစာရင်းတွင် အသိအမှတ်ပြုရန် ၂၀၂၃ခုနှစ် မတ်လကတည်းက စစ်ကောင်စီ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနလက်အောက်ရှိ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက…
ခင်သရဖီဦး နိုဝင်ဘာ ၇၊ ၂၀၂၄။ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် စစ်ကောင်စီက ကုန်လမ်းနှင့် ရေလမ်းများ ပိတ်ဆို့ခံထားသဖြင့် ကုန်ဈေးနှုန်းများ ဆက်လက်မြင့်တက်နေကာ ဒေသခံများ စားဝတ်နေရေး အကျပ်အတည်းများကို ရင်ဆိုင်နေကြရသည်။ လက်ရှိတွင် ပေါ်ဆန်မွှေးဆန်တစ်အိတ်လျှင် ၁၅၀,၀၀၀ ကျပ်၊ ဆီတစ်လီတာလျှင် ၁၅,၀၀၀ ကျပ်၊ ငရုပ်သီး တစ်ပိဿာလျှင် ၅၀,၀၀၀…
သံလွင်ခက် နိုဝင်ဘာ ၆၊၂၀၂၄။ ရခိုင်ပြည်နယ်နှင့် မကွေးတိုင်းကိုဆက်သွယ်ထားသည့် အမ်း-ပဒါန်းလမ်းပိုင်းတွင် လုံခြုံရေးယူထားသော စစ်ကောင်စီ ကင်းစခန်းနှစ်ခုကို တော်လှန်ရေးအင်အားစု မဟာမိတ်များ ပူးပေါင်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၁၀)ဦးခန့် သေဆုံးခဲ့သည်ဟု People’s Revolution Alliance (PRA-Magway ) က ယနေ့တွင် သတင်းထုတ်ပြန်သည်။ ယမန်နေ့ နိုဝင်ဘာ…
သံလွင်ခက် နိုဝင်ဘာလ ၆၊၂၀၂၄။ တအာင်းပြည်အတွင်းသို့ တင်သွင်းလာသည့် သွင်းကုန်၊ပို့ကုန်များကို အခွန်ကင်းလွတ်ခွင့်ပြုသည်ဟု နိုဝင်ဘာ ၅ ရက်တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။ ဒေသခံပြည်သူများ၏အခက်အခဲကိုဖြေရှင်းနိုင်ရန်ရည်ရွယ်ကာပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA)၏ အကောက်ခွန်ဌာနက အောက်တိုဘာလ ၂၅ ရက်တွင် အတည်ပြုလိုက်သည်ဟု ဖော်ပြထားသည်။ ထိုအခွန်ကင်းလွတ်ခွင့်တွင် တအာင်းပြည်သို့ တင်သွင်းသည့် စားသောက်ကုန်ပစ္စည်းများ၊ စက်သုံးဆီအမျိုးမျိုး၊ အိမ်သုံးကုန်ပစ္စည်းများသာ…