သံလွင်ခက် မေ ၃၀ ၊ ၂၀၂၃ ။ ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့အနီးရှိ ကာကွယ်ရေးပူးပေါင်းကင်းစခန်းများကို အင်အား၂၀၀ကျော်ဖြင့် ဝင်ရောက်စီးနင်းခဲ့သည့် စစ်ကောင်စီတပ်သည် ထိခိုက်ကျဆုံးများပြီး တပ်ပြန်ဆုတ်သွားခဲ့ရသည်ဟုပူးပေါင်းစစ်ကြောင်းများထံမှ သိရသည်။ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဖြစ်သော တပ်မဟာ(၆) KNU/KNLA၊ ကော်ဘရာစစ်ကြောင်း(၁)၊ ကော်ဘရာစစ်ကြောင်း(၂)၊ ကျားသစ်နက်စစ်ကြောင်း၊ Golden Eagle ၊ Federal…
Browsing: တိုက်ပွဲသတင်း
သဇင် မေလ ၂၉၊၂၀၂၃။ စစ်ကိုင်းတိုင်း၊ကန့်ဘလူခရိုင်၊ကျွန်းလှမြို့နယ်အတွင်းရှိ ကုက္ကိုကုန်းရွာနှင့် လွှတ်တိုက်ရွာတို့အား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သည်ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ယနေ့တွင် ထုတ်ပြန်ထားသည်။ မေလ ၂၈ ရက်နေ့က ကျွန်းလှမြို့နယ်၊ကုက္ကိုကုန်းရွာတွင် ညအိပ်တပ်စွဲခဲ့သော စစ်ကောင်စီလက်အောက်ခံခြေမြန်တပ်ရင်း-၃၆၁ နှင့် ပျူစောထီးစုပေါင်းအင်အား ၁၇၀ ခန့်ရှိသောစစ်ကြောင်းသည် ယနေ့မနက် ၇ နာရီတွင်ကုက္ကိုကုန်းမှ ပြည်သူပိုင်တန်ဖိုးကြီးပစ္စည်းများအား ရှာဖွေယူဆောင်ကာ …
သံလွင်ခက် မေ ၂၉ ၊ ၂၀၂၃ ။ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းကို စစ်ကောင်စီလေတပ်က ဂျက်တိုက်လေယာဥ်ဖြင့် ဗုံးကြဲချခဲ့သောကြောင့် ဘုန်းကြီးကျောင်းနှင့်စေတီများ ထိခိုက်ပျက်စီးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ ယမန်နေ့ မေလ ၂၈ ရက် ည၁၀ နာရီခန့်တွင် စစ်ကောင်စီက ကော့ကရိတ်မြို့နယ်အတွင်းကို လေကြောင်းမှ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။…
ယမင်းဖူးပွင့်အောင် မေ ၂၉၊ ၂၀၂၃။ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းဆွဲခံရပြီး သုံးဦးသေဆုံးခဲ့သည်ဟု ဒေသခံများထံက သိရသည်။ မတ္တရာမြို့နယ်၊ ကျောက်တံတားရွာ စာသင်ကျောင်းအနီး ကင်းလှည့်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ ခေတ္တရပ်နားနေစဉ် မတ္တရာပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့နံနက် ခြောက်နာရီခွဲအချိန်တွင် မိုင်းခွဲတိုက်ခဲ့ခြင်းဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ လှည့်ကင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား…
သံလွင်ခက် မေ ၂၉ ၊ ၂၀၂၃ ။ ကရင်ပြည်နယ်၊ ကေအဲန်ယူတပ်မဟာ ၆ ထိန်းချုပ်နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်စခန်း ၃ခုကို ပူးပေါင်းတပ်ဖွဲ့များမှ တစ်ပြိုင်တည်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ တပ်ရင်းမှူး ၁ဦးအပါအဝင် ၉ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့သည်ဟု FederalWings ဒရုန်းတပ်ဖွဲ့က ယနေ့တွင် သတင်းထုတ်ပြန်သည်။ မြဝတီမြို့တောင်ဘက်ရှိ…
သံလွင်ခက် မေ ၂၉ ၊ ၂၀၂၃ ။ သုံးလကျော်အကြာတိုက်ပွဲများ ဆက်တိုက်ပြင်းထန်ဖြစ်ပွားနေသည့် ဖယ်ခုံနှင့်ပင်လောင်းမြို့နယ်အစပ် ယခုလအတွင်းတိုက်ပွဲများ၌ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF B11 ဖယ်ခုံ တပ်ရင်းမှ တပ်ရင်းမှူး၊ တပ်စိပ်မှူးအပါအဝင် ရဲဘော်၅ဦး ကျဆုံးခဲ့သည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့နယ်နှင့်ပင်လောင်းမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့်PNO ပအိုဝ်းပြည်သူ့စစ်တပ်များ စစ်ကြောင်းထိုးနေမှုကြောင့် ပြီးခဲ့သည့်…
သံလွင်ခက် မေ ၂၈ ၊ ၂၀၂၃ ။ KNLA-အမှတ်(၅)တပ်မဟာစစ်သည်တော်များက BGFတပ်အား လမ်းခုလတ်တွင်ရှောင်တခင်တိုက်ခိုက်စဉ် BGF တပ်ဖွဲ့ဝင် ၅ဦးသေဆုံးပြီးလက်နက်မျိုးစုံသိမ်းဆည်းရမိခဲ့သည်ဟု ယနေ့ညတွင် ကေအဲန်ယူ-မူတြော် သတင်းစဉ်က ထုတ်ပြန်သည်။ KNU-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်ထိန်းချုပ်ရာနယ်မြေအတွင်းသို့ နယ်မြေကျူးကျော်လျက် ထင်ရာစိုင်းဗိုလ်ကျသောင်းကျန်းလာသည့်နယ်ခြားစောင့်တပ်(BGF-Border Guard Force)အား မေလ၂၆ရက်၊ နံနက်၀၆း၁၃နာရီအချိန်တွင် KNLA-အမှတ်(၅)တပ်ဟာ၏ဌာနချုပ်စစ်သည်တော်များနှင့် ၎င်းလက်အောက်ရှိတပ်ရင်း(၁၀၂)စစ်သည်တော်များက…
သံလွင်ခက် မေ ၂၈ ၊ ၂၀၂၃ ။ ကရင်နီပြည်ရှေ့တန်း တစ်နေရာတွင် စစ်ကောင်စီလေတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် Medic Unit ဆေးတပ်ဖွဲ့မှရဲဘော်နှင့်ရဲမေ ၄ဦးကျဆုံးခဲ့သည်ဟု ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက သံလွင်ခက်ကိုပြောသည်။ ယမန်နေ့ မေလ ၂၇ ရက်ညပိုင်းတွင် တိုက်လေယာဥ်ဖြင့်ဗုံးကြဲခံရပြီး ဆေးတပ်ဖွဲ့ဝင် အမျိုးသားရဲဘော်နှစ်ဦးနှင့်အမျိုးသမီးရဲဘော် နှစ်ဦးတို့ကျဆုံးခဲ့သည်။ Medic Unit…
သံလွင်ခက် မေ ၂၈၊ ၂၀၂၃။ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် အရှေ့ဘက်တွင် ယမန်နေ့ မေလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်မှ မွန်းလွဲ ၆နာရီခန့်က ပြည်သူ့ကာကွယ်ရေးတပ် PDF နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့အကြား နှစ်ကြိမ်တိုင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ရှေ့တန်းရဲဘော်များထံက သိရသည်။ အင်အား…
သံလွင်ခက် မေ ၂၈ ၊ ၂၀၂၃ ။ ကရင်နီပြည်ရှေ့တန်းတစ်နေရာတွင် စစ်ကောင်စီလေတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် Medic Unit ဆေးတပ်ဖွဲ့မှဆေးမှူးရဲမေတစ်ဦးကျဆုံးခဲ့သည်ဟု ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ အသက် ၁၇ နှစ်အရွယ်ရှိ ဆေးမှူး ကယ်ရိုလိုင်းခိုလင်းသည် ယမန်နေ့ညပိုင်းတွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခံရမှု၌ ကျဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ဒီးမော့ဆို ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက…