ယမင်းဖူးပွင့်အောင် ဇွန် ၁၊ ၂၀၂၃။ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် ကာကွယ်ရေးတပ်ဖွဲ့စခန်းတစ်ခု ဝင်ရောက်စီးနင်းခံခဲ့ရပြီး ပြည်သူတစ်ဦးကိုစခန်းနှင့်အတူ မီးရှို့ အလောင်းဖျောက်သွားခဲ့သည်ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့များထံက သိရသည်။ ယမန်နေ့ နံနက်၈နာရီခန့်တွင် Jammer များတပ်ဆင်ထားသည့် စစ်ကောင်စီကားနှစ်စီးသည် မုံရွေးကျေးရွာ၊ ကြေးမုံကျေးရွာအနီး အင်အား ၁၀၀ ခန့်ဖြင့် ခြေလျင်စစ်ကြောင်းထိုးဝင်ရောက်ကာ စခန်းကို ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်ဟု…
Browsing: တိုက်ပွဲသတင်း
သံလွင်ခက် ဇွန် ၁ ၊ ၂၀၂၃ ။ စစ်ကောင်စီတပ်စစ်ကြောင်းနှင့်အနီးကပ်တိုက်ပွဲတွင်း၌ ဒဏ်ရာရရှိခဲ့သည့် မင်းတပ် CDF ရဲဘော်အား အချိန်မီဆေးကုသရန် အကူအညီလိုအပ်နေသည်ဟု CDF- Mindat စစ်ဒေသမှူး ဆလိုင်းနိုင်းတမ်က သံလွင်ခက်ကိုပြောသည်။ ” အနီးကပ်တိုက်ပွဲ ကျည်ကပ်ပြန်ဖြည့်နေတုန်းဘေးတစောင်းအနေအထားနဲ့ထိတာ ။ ကျည်က နားထင်အောက်ကနေ မျက်လုံးတစ်ဖက်ကိုဖောက်ပြီး နောက်တစ်ဖက်ရဲ့အောက်ကနေပြန်ထွက်လာတာ…
သံလွင်ခက် ဇွန် ၁ ၊ ၂၀၂၃ ။ မိုးဗြဲအနောက်ခြမ်းရှိ ကယန်းပြည်သစ်တပ်မတော် လုံခြုံရေးဂိတ်ကို စစ်ကောင်စီလေတပ်က တိုက်လေဖြင့် ယနေ့နံနက်အစောပိုင်း၌ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ ယနေ့ဇွန်လ ၁ရက် နံနက်၄နာရီဝန်းကျင်အချိန်တွင် မိုးဗြဲ-ပီကင်းလမ်းပေါ်ရှိ ကယန်းဒေသနယ်မြေလုံခြုံရေး ဂိတ်တစ်ခုကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံး၂လုံးကြဲချ တိုက်ခိုက်ခဲ့သည်။ အဆိုပါဂိတ်သည်…
နန်းဆုပန်ခန့် မေလ ၃၁၊ ၂၀၂၃။ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ဝက်လက်-ရွှေဘိုလမ်းပိုင်းတွင် ယခုမေလတစ်လအတွင်း၌ BLACK WOLF – ARMY နှင့်ပူးပေါင်းတပ်ဖွဲ့တို့က စစ်ကောင်စီတပ်စစ်ကြောင်းကို ၂၄ ကြိမ်ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု ပူးပေါင်းအဖွဲ့ထံမှသိရသည်။ ဝက်လက်မြို့နယ်အခြေစိုက် BLACK WOLF – ARMY တပ်ဖွဲ့သည် မဟာမိတ်တပ်များနှင့်ပူးပေါင်း၍ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းကို…
ကောင်းချစ်အောင် မေ ၃၁၊ ၂၀၂၃။ မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် PDFများစစ်ကြောင်းထွက်လာသည့်သတင်းပေါက်ကြားပြီး စစ်ကောင်စီတပ်၏ ကင်းပုန်းဝပ်စောင့်ကြိုတိုက်ခိုက်ခံခဲ့ရကာ ရဲဘော် ၇ဦး အသက်ဆုံးရှုံးရသည်ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။ မင်းလှမြို့နယ် ဒီးဒုတ်ကန်-အိုးဘိုကုန်း-ရေဘော်လမ်းပိုင်းတစ်နေရာတွင် စစ်ကောင်စီတပ်များက ကြိုတင်စောင့်ဆိုင်းကာ မေလ ၂၉ရက် ည၈ခွဲခန့်က ကြားဖြတ်တိုက်ခိုက်ခဲ့သောကြောင့် ရဲဘော် ၇ဦးသေဆုံးခဲ့ရသည်ဟုသရက်ခရိုင်တပ်ရင်း-၄ Eagle…
သဇင် မေလ ၃၁၊၂၀၂၃။ ကရင်ပြည်နယ် ၊ကော့ကရိတ်ခရိုင်၊ ကျုံဒိုးမြို့နယ်ခွဲတွင် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်မှုကြောင့် ဒေသခံတစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ ယမန်နေ့ မေလ ၃၀ရက်၊ နံနက် ၁၀နာရီခန့်တွင် ကျုံဒိုးမြို့အခြေစိုက်ခြေမြန်တပ်ရင်း(ခမရ ) ၅၄၅နှင့် (ခမရ) ၅၄၆မှ လက်နက်ကြီးငါးချက် ပစ်မှုကြောင့် ကမ်းနီရွာတွင် နေထိုင်သောအမျိုးသားတစ်ဦး…
သံလွင်ခက် မေ ၃၁ ၊ ၂၀၂၃ ။ လက်ရှိအာဏာသိမ်းကာလအတွင်း၌ ပေါ်ပေါက်လာသည့် တော်လှန်ရေးတပ်ဖွဲ့များအနက် အင်အားအတောင့်တင်းဆုံးနှင့်စုဖွဲ့မှုအကောင်းဆုံး ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF သည် တပ်ရင်း ၂၂ ရင်းထိ ဖွဲ့စည်းထူထောင်ထားနိုင်သည်ဟု သိရသည်။ ၂၀၂၁ ခုနှစ်၊ မေလ ၃၁ရက်တွင်စတင်ထူထောင်ခဲ့သည့် KNDF သည် နှစ်နှစ်တာကာလအတွင်း၌ ကရင်နီပြည်တစ်ပြည်လုံးအတိုင်းအတာဖြင့်…
သံလွင်ခက် မေ ၃၀ ၊ ၂၀၂၃။ ချင်းပြည်နယ်၊ ဟားခါးမြို့နယ် သီးမစ်တိုက်ပွဲတွင် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ၁၁ဦး ကျဆုံးခဲ့သည်ဟုဒေသခံများထံမှ သိရသည်။ အင်အား ၁၅၀ ခန့်စစ်ကောင်စီတပ်က ဟားခါးမြို့မှ ထန်တလန်မြို့နယ်ဘက်သို့ စစ်ကြောင်းထိုးလာခဲ့ရာ ဟားခါး-ထန်တလန်အကြား သီမစ်ဒေသတွင် ယမန်နေ့ မေ ၂၉ရက်တွင် ထိတွေ့တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့သည်။ အဆိုပါတိုက်ပွဲအတွင်း၌ စစ်ကောင်စီတပ်က…
သဇင် မေ ၃၀၊၂၀၂၃။ စစ်ကိုင်းတိုင်း၊ မုံရွာဘက်မှ စစ်ကိုင်းဘက်သို့ ထွက်လာသော စစ်ကောင်စီ ယာဉ်တန်းအား မုံရွာ-မန္တလေး လမ်းပိုင်းတွင် တော်လှန်ရေးအင်အားစုများပူးပေါင်းကာ မိုင်းဆွဲတိုက်ခဲ့သည်ဟု Black Eagle Defence Force-MMU ကယနေ့တွင် ထုတ်ပြန်သည်။ ယမန်နေ့ မေလ(၂၉)ရက် ည ၈နာရီခန့်တွင် မုံရွာမှ စစ်ကိုင်းဘက်သို့ ထွက်လာသော…
သံလွင်ခက် မေ ၃၀ ၊ ၂၀၂၃ ။ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်း၌ စစ်ကောင်စီတပ်စစ်ကြောင်းနှင့် မဟာမိတ်ပူးပေါင်းစစ်ကြောင်းတို့ကြားထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ အထိနာပြီး တပ်ဆုတ်ခဲ့သည့် စစ်ကောင်စီတပ်ကို ထပ်မံတိုက်ခိုက်ခဲ့သည်ဟု CDF များထံမှ သိရသည်။ မင်းတပ်မှဆင်းလာခဲ့သည့် အင်အား ၂၀၀ ခန့်ရှိစစ်ကောင်စီတပ်စစ်ကြောင်းနှင့် မင်းတပ်CDF၊ ကန်ပက်လက်CDF ၊ ဂန့်ဂေါခရိုင်တပ်ရင်း၁၃၊၈ ပူးပေါင်းတပ်ဖွဲ့တို့ကြား…