စစ်ကောင်စီ ရွေးကောက်ပွဲ ပညာရေးဝန်ထမ်းများအကြား စိုးရိမ်မှု မြင့်တက် ******************* ဒီဇင်ဘာ ၂၉၊ ၂၀၂၂။ စစ်ကောင်စီ ပြုလုပ်မည့် ရွေးကောက်ပွဲနှင့်ပတ်သတ်ပြီး မဲရုံမှူးအဖြစ် တာဝန်ယူရမည့် ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမ များအကြား စိုးရိမ်မှု မြင့်တက်နေသည်။ သံလွင်ခက် သတင်းဌာနအနေဖြင့် လက်ရှိတာဝန်ထမ်းဆောင်နေသည့် ပညာရေးဝန်ထမ်း ၂၀ ခန့်ကို…
Author: thanlwinkhet
ကော့ကရိတ်တိုက်ပွဲကြောင့် လမ်းများပိတ်နေ၍ တောလမ်းအသုံးပြုနေရာတွင် BGF ဂိတ်များက ငွေကြေးမတရား ကောက်ခံနေ ********************************* ဒီဇင်ဘာ ၂၈ ၊ ၂၀၂၂ ။ ကရင်ပြည်နယ်၊ ကေ့ကရိတ်မြို့နယ်အတွင်း၌ ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ကားလမ်းများ ပိတ်နေသဖြင့် တောလမ်းခရီးကို အသုံးပြုနေသည့် အခြေအနေ၌ BGF ဂိတ်များက ငွေကြေးမတရား ကောက်ခံမှုများ…
ကန့်ဘလူဒေသခံများ လူသားဒိုင်းအဖြစ် ဖမ်းဆီးခံနေရ ********************************** သံလွင်ခက် ဒီဇင်ဘာ ၂၈၊ ၂၀၂၂။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မြောက်ပိုင်း၊ ကိုးတောင်ဘို့ တိုက်နယ်ကျေးရွာရှိ ဒေသခံများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်နေသည်ဟု ဒေသခံများက ပြောသည်။ ဒီဇင်ဘာ ၂၇ ရက်နေ့တွင် ကောလင်းမြို့နယ်၊ အောက်ကျင်းရွာ တောင်ဘက်သို့ ထွက်လာသည့် စစ်ကောင်စီ…
အင်းတော်တွင် စစ်ကောင်စီတပ်များနှင့် KIA၊ PDF ပူးပေါင်းတပ်တို့ နှစ်ရက်ဆက်တိုက်ပွဲဖြစ် ဒီဇင်ဘာ ၂၈၊ ၂၀၂၂။ စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်တွင် စစ်ရေးလှုပ်ရှားနေသည့် အင်အား၁၀၀ကျော်ရှိ စစ်ကောင်စီတပ်များနှင့် ဒေသခံ ပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့တို့အကြား ၂ ရက်တာတိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိသည်။ ယခုလ ဒီဇင်ဘာလ ၂၆ ရက်နေ့နှင့် ၂၇ ရက်နေ့တို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး…
စစ်ကောင်စီတပ် နှစ်ရက်ဆက်မီးရှို့ဖျက်ဆီးမှုကြောင့် ဒီပဲယင်း ကြည်ဘုရားထွက် ကျေးရွာနေအိမ် ၇၀၀ခန့် မီးလောင်ပြာကျ ******************************* ဒီဇင်ဘာ ၂၈ ၊ ၂၀၂၂ ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်အတွင်းကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ နှစ်ရက်ဆက်မီးရှို့ဖျက်ဆီးမှုကြောင့် ကြည်ဘုရားထွက်ကျေးရွာမှ နေအိမ် ၇၀၀ ခန့်အထိ မီးလောင်ပြာကျခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။ အင်အား…
မြင်းခြံမြို့နယ်ရှိ ပျူရွာကို မဟာမိတ်တပ်များ ပူးပေါင်းတိုက်ခိုက် ************************** ဒီဇင်ဘာ ၂၈၊ ၂၀၂၂။ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ် ဆုံရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် လက်အောက်ခံ ပျူစောထီးအဖွဲ့ဝင်များကို ယမန်နေ့နံနက် အစောပိုင်း ၁ နာရီခွဲခန့်က မြင်းခြံမဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခဲ့ရာ ပျူစောထီးတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။ ထိုကျေးရွာရှိ ပျူစောထီးအဖွဲ့ဝင်များကို…
ယမန်နေ့ ဒီဇင်ဘာလ ၂၇ရက်တွင် တစ်နေကုန် နီးပါးတိုက်ပွဲပြင်းထန်ခဲ့သည့် ကရင်ပြည်နယ်၊ ကော့ကရိတ်တိုက်ပွဲ၌ စစ်ကောင်စီတပ်ဘက်မှ ၂၀ ဦးထက်မနည်းသေဆုံးခဲ့သည်ဟု ပူးပေါင်းတပ်ဖွဲ့များထံမှသိရှိရသည်။ ကော့ကရိတ်မြို့အနီးရှိ ကော့နွဲကျေးရွာနှင့်ရွာသစ်ကျေးရွာ အနီးတဝိုက်တွင် စစ်ကောင်စီတပ်နှင့်KNLA ပူးပေါင်းတပ်တို့အကြား ယမန်နေ့ နံနက် ၇နာရီမှစ၍ ညနေပိုင်းအထိ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ” ၇ နာရီကနေ ညနေ၃ နာရီအထိပစ်တယ်။…
ယနေ့ ကော့ကရိတ်တိုက်ပွဲတွင်း၌ စစ်ကောင်စီ တပ်က ပစ်လိုက်သည့်လက်နက်ကြီးကျည်အစ ဦးခေါင်းထိမှန်၍ကော်ဘရာစစ်ကြောင်း၏ စနိုက်ပါရဲဘော် ဒေါက်ရှဲ ကျဆုံးခဲ့ရသည်ဟု သိရသည်။ ” ဝပ်ကျင်းထဲဝင်နေတာ ခေါင်းထွက်နေတော့ အစက လာမှန်တာ။ ဆေးရုံအထိအသက်ရှိသေးတယ်။ ဆေးရုံရောက်တော့မှ အသက်မရှိတော့တာ “ဟု ကော်ဘရာစစ်ကြောင်းမှ စနိုက် ပါရဲဘော်တစ်ဦးက ရဲဘော်ထောက်ရှဲ ကျဆုံးခဲ့ရသည့် ဖြစ်စဥ်ကိုပြောသည်။ အသက်၂၉…
၂၀၂၃ ခုနှစ်တွင် ပီပီပြင်ပြင် ပြတ်ပြတ်သားသား ဖြစ်မည့် နိုင်ငံရေးရလဒ် တစ်ခုခုကို ထပ်မံပေါ်ထွက်အောင်ကြိုးစားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။ ယနေ့ ဒီဇင်ဘာ ၂၇ ရက်နေ့တွင် ပြုလုပ်သည့် (၈၀) ကြိမ်မြောက် NUG အစိုးရအဖွဲ့ အစည်းအဝေး၌ ပြောကြားခဲ့ခြင်းဖြစ်သည်။ ယာယီသမ္မတ ဒူဝါလရှီးလက…
မန္တလေးမြို့ကပုဂ္ဂလိကဆေးရုံ ၅ ရုံကို ပိတ်သိမ်းရန် စစ်ကောင်စီ ဖိအားပေး ************************** ဒီဇင်ဘာ ၂၇၊ ၂၀၂၂။ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပုဂ္ဂလိကဆေးရုံ ငါးရုံကို ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံးထားပိတ်သိမ်းရန် တွန်းအားပေး စေခိုင်းခဲ့သည် ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။ ထိုဆေးရုံများသည် CDM…