စစ်ကောင်စီကိုဆန့်ကျင်ဆန္ဒပြထားသော ပိတ်စဖြူကို လာဖြုတ်သည့်ရဲများ မိုင်းထိမှန်ပြီး တစ်ဦးသေဆုံး ******************************* ဇန်နဝါရီ ၂၊ ၂၀၂၃။ ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်း၊ သဲကုန်းမြို့နယ်တွင် စစ်ကောင်စီရွေးကောက်ပွဲအားဆန့်ကျင်သော စာသားပါ ပိတ်စဖြူ (ဘန်နာ) ဆိုင်းဘုတ်ကို ဖြုတ်ယူသည့် ရဲ သုံးဦး မိုင်းဆွဲခံရကာ တစ်ဦးသေဆုံးသွားကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။ ယမန်နေ့ နံနက် ၈…
Author: thanlwinkhet
စစ်အာဏာရှင်ကိုတိုက်ထုတ်ရန် မြောက်ပိုင်း၃ဖွဲ့ လုပ်သင့်လုပ်ထိုက်သည်များ ဆက်လုပ်မည် **************************** ဇန်နဝါရီ ၂ ၊ ၂၀၂၃ ။ မြန်မာပြည်သူတစ်ရပ်လုံးမျှော်မှန်းထားသော ဘုံရည်မှန်းချက်များပြည့်ဝစေရန်၊ လက်ရှိအခြေအနေကို အကောင်းဆုံးကျော်လွှားနိုင်ရန်နှင့် စစ်အာဏာရှင်ကို တိုက်ထုတ်နိုင်ရန်အတွက် လုပ်သင့်လုပ်ထိုက်သည်များကို ဆက်လက်လုပ်ဆောင်သွားမည်ဟု MNDAA ၊ TNLA နှင့် AAတို့ မြောက်ပိုင်း ၃ ဖွဲ့က…
TNLA အလုပ်သင်အရာရှိနှင့် ဗိုလ်လောင်းသင်တန်းဆင်းပွဲ ပြုလုပ် ****************** ဇန်နဝါရီ ၂၊ ၂၀၂၃။ နမ့်ဆန်မြို့နယ်၊ တပ်မဟာ(၂)စစ်ဒေသ၊ လွတ်မြောက်နယ်မြေ တစ်နေရာတွင် ဗိုလ်သင်တန်းကျောင်း(ATA) နှင့် အလုပ်သင်အရာရှိ(TAOT) သင်တန်းဆင်းပွဲကို တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ကျင်းပပြုလုပ်ခဲ့သည်ဟု ယနေ့၌ ထုတ်ပြန်သည်။ အခမ်းအနားကို အပိုင်း(၂)ပိုင်းခွဲ၍ နံနက်ပိုင်းတွင်…
တိုက်ပွဲများဖြစ်ပွားနေသည်မှာ ၁၀ရက်ကျော် နေပြီဖြစ်သည့် ကရင်ပြည်နယ်၊ ကော့ကရိတ်တွင် ယနေ့တွင်လည်း တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့သည်ဟု သိရသည်။ ကော့ကရိတ်မြို့အနီးရှိကော့နွဲရွာတစ်ဝိုက်တွင် ယနေ့၊နေ့လည် ၂နာရီခန့်မှစ၍ စစ်ကောင်စီတပ် များနှင့် KNLA ပူးပေါင်းတပ်များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ ” လက်နက်ကြီးနဲ့က မနက်ကတည်းကဖြစ်နေတာ။ တိုက်ပွဲက နေ့လည်၂နာရီလောက်မှာ ထိတွေ့မှုဖြစ်တာ။ အခုညနေပိုင်းတော့ငြိမ်သွားပါပြီ “ဟု ကော့ကရိတ်တိုက်ပွဲတွင်း၌ ရောက်ရှိနေသည့်…
နိုင်ငံတော်သမ္မတ ဦးဝင်မြင့်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို စစ်ကောင်စီ တရားစွဲဆိုထားသည့် အဂတိမှု ၅ မှုဖြင့် နေပြည်တော်ထောင်တွင်း အထူးတရားရုံးက ယနေ့ ဒီဇင်ဘာ ၃၀ ရက်တွင် ထောင်ဒဏ် ၇ နှစ်စီ ထပ်မံချမှတ်လိုက်သည်။ ယနေ့ အမိန့်ချမှတ်လိုက်သည့် အမှုများသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD လက်ထက်တွင် သဘာဝဘေး…
စစ်ကိုင်းတိုင်းဒေသကြီးနှင့်မကွေးတိုင်းဒေသကြီးအတွင်းတို့ရှိ စစ်ရှောင်များနှင့်ကလေးငယ် များကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် PRAဆေးအဖွဲ့ ဆေးဝါးမလုံလောက်မှုကြောင့် လူနာများကို ဆေးချွေတာပေးနေရသည်ဟု သိရသည်။ စစ်ဘေးရှောင်များ၊ လမ်းပန်းဆက်သွယ်ရေးအခက်ခဲကြောင့်ကျန်းမာရေးအလှမ်းဝေးသည့်ဒေသများနှင့် NUG ပညာရေးစနစ်ဖြင့် သင် ကြားပေးနေသည့် သင်တန်းကျောင်းများရှိ ကလေးငယ်များကို အခြေခံကျန်းမာရေးစောင့် ရှောက်မှုပေးနေသောကြောင့် ဆေးဝါးလိုအပ်ချက်များစွာရှိနေသည်ဟု People Revolution Army PRA တပ်ရင်း (၉)…
ယခုဒီဇင်ဘာလနောက်ဆုံးအပတ်တွင်း၌ နေအိမ်၇၀၀ ခန့်အထိ မီးရှို့ဖျက်ဆီးခံထားရသည့် ဒီပဲယင်းမြို့နယ်အတွင်းရှိ ကြည်ဘုရားထွက်ရွာကို စစ်ကောင်စီတပ်စစ်ကြောင်းထပ်မံဝင်ရောက်၍ မီးရှို့နေသည်ဟု ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီတပ်စစ်ကြောင်းက ပြီးခဲ့သောရက်ပိုင်း ဒီဇင်ဘာ ၂၆ရက်နှင့် ၂၇ ရက်တို့တွင် ကြည်ဘုရားထွက်ရွာကို နှစ်ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးပြီးနောက် ယနေ့ဒီဇင်ဘာ ၃၀ ရက် နံနက်အစောပိုင်းတွင် ထပ်မံဝင်ရောက်၍ နေအိမ်များကို မီးရှို့ဖျက်ဆီးနေသည်ဟု…
လသာထွေအုပ်ရုံးရှေ့က ကင်းတဲ ဗုံးခွဲ တိုက်ခိုက်ခံရ *************** ဒီဇင်ဘာ ၂၉၊ ၂၀၂၂။ ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ အမှတ်၄ ရပ်ကွက်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့ရှိ ကင်းတဲတစ်ခုအား မြို့ပြပျောက်ကြားမဟာမိတ်တပ်ဖွဲ့များက ဗုံးခွဲတိုက်ခိုက်ခဲ့သည်။ ယမန့်နေ့ ဒီဇင်ဘာလ ၂၈ရက်နေ့ ညနေ ၄နာရီခွဲခန့်တွင် အဆိုပါရဲကင်းကို လက်ပစ်ဗုံးတစ်လုံး ပစ်သွင်းတိုက်ခိုက်ခဲ့သည်ဟု Freeland Attack…
ဧရာဝတီတိုင်း အစိုးရအဖွဲ့ကို စစ်ကောင်စီပြန်လွှတ် ************** ဒီဇင်ဘာ ၂၉ ၊၂၀၂၂။ စစ်တပ်အာဏာသိမ်းပြီး နေအိမ်အကျယ်ချုပ် ဖမ်းဆီးထားသည့် ဧရာဝတီတိုင်း အစိုးရအဖွဲ့ကို ယမန်နေ့နှင့် ယနေ့တွင် ပြန်လည်လွှတ်ပေးခဲ့သည်။ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများအားလုံးပါဝင်ပြီး လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးကို ပြန်လွှတ်မပေးဟု ပြန်လည်လွတ်မြောက်လာသည့် အစိုးရအဖွဲ့ဝန်ကြီး၏ မိသားစုဝင်တစ်ဦးက သံလွင်ခက်ကို ပြောသည်။ အာဏာသိမ်းပြီးနောက်…
စစ်ကောင်စီသတင်းပေး လေးဦး ရှင်းလင်းခံရ ************************* ဒီဇင်ဘာ ၂၉၊ ၂၀၂၂။ မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ ငါန်းဇွန်းမြို့နယ်တွင် ဒီဇင်ဘာလ တစ်လအတွင်း စစ်ကောင်စီခန့်အပ်ထားသော အုပ်ချုပ်ရေးမှုးနှင့် ဒလံဟုသတ်မှတ်ခံရသူ ၄ ဦး ရှင်းလင်းခံခဲ့ရသည်။ ငါန်းဇွန်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စစ်ကောင်စီခန့်အပ်ထားသော အုပ်ချုပ်ရေးမှုးများနှင့် စစ်ကောင်စီသတင်းပေးဆိုသူများကြောင့် ပြည်သူများ ထိခိုက်နစ်နာမှုရှိသဖြင့် ရှင်းလင်းခဲ့ရခြင်းဖြစ်သည်ဟု…