သဇင် ဇွန် ၃၊၂၀၂၃။ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် အနောက်ခြမ်းရှိ ရွာသစ်ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များစစ်ကြောင်းထိုးဝင် ရောက်ပြီးနောက် ဒေသခံအမျိုးသားတစ်ဦး မီးရှို့ခံရပြီး သေဆုံးသွားသည်ဟု ဒေသခံများထံမှသိရသည်။ ဇွန်လ ၁ ရက်၊နံနက်၆နာရီခွဲခန့်တွင် အင်အား ၁၀၀ခန့်ရှိသော စစ်ကြောင်းသည် ခင်ဦးမြို့နယ် ရွာသစ်ကျေးရွာကိုလက်နက်ကြီးငယ်များပစ်ကာ ဝင်ရောက်ခဲ့ပြီး ဒေသခံအမျိုးသားတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက်မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ခင်ဦးမြို့နယ်…
Author: thanlwinkhet
ကောင်းချစ်အောင် ဇွန် ၃၊ ၂၀၂၃။ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်းရှိ တောင်ခင်ရန်းရွာမှ ပြည်သူများကို ပျူစောထီးအဖွဲ့ထဲဝင်ရန် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖိအားပေးစေခိုင်းနေသောကြောင့် ရွာလုံးကျွတ်ထွက်ပြေးနေရသည်ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။ တောင်ခင်ရန်းနယ်မြေရဲစခန်း တိုက်ခိုက်ခံရပြီးနောက် ပြီးခဲ့သည့် မေလ ၂၈ရက်တွင် တောင်ခင်ရန်းနယ်မြေရဲစခန်းမှ တောင်ခင်ရန်းရွာလူထုအား အစည်းဝေးခေါ်ခဲ့ပြီး ရပ်ရွာကာကွယ်ရန်ဟူသည့်အကြောင်းပြချက်ဖြင့် ပျူစောထီးအဖွဲ့ထဲဝင်ရန် ဖိအားပေးခဲ့ခြင်းဖြစ်သည်။ ထိုအခြေအနေနှင့်ပတ်သက်၍ …
သံလွင်ခက် ဇွန် ၃ ၊ ၂၀၂၃ ။ လက်ရှိအာဏာသိမ်းကာလအတွင်း၌ ထိတွေ့တိုက်ပွဲအများဆုံးဖြစ်ပွားနေသည့် ကေအဲန်ယူတပ်မဟာ၅ နယ်မြေတွင် ပြီးခဲ့သောမေလအတွင်းတိုက်ပွဲများ၌ စစ်ကောင်စီနှင့်BGFတပ်ဖွဲ့ဝင် ၁၂၀ ကျော်သေဆုံးခဲ့သည်ဟု ကေအဲန်ယူတပ်မဟာ၅ မူတြော်သတင်းစဥ်က ထုတ်ပြန်ထားသည်။ ကရင်ပြည်နယ်၊ မူတြော်ခရိုင်(ဖာပွန်ခရိုင်) KNU-ကရင်အမျိုးသားအစည်းအရုံး အမှတ်(၅)တပ်မဟာ ထိန်းချုပ်နယ်မြေအတွင်း၌ ပြီးခဲ့သောမေလတွင်တိုက်ပွဲပေါင်း ၂၀၀ ကြိမ်ဖြစ်ပွားခဲ့သည်။ အဆိုပါတိုက်ပွဲအတွင်း၌…
သံလွင်ခက် ဇွန် ၃ ၊ ၂၀၂၃ ။ ကရင်ပြည်နယ် ၊ ကြာအင်းဆိပ်ကြီးမြို့ပေါ်ရှိ မြို့မရဲစခန်း၊ ထွေအုပ်ရုံးနှင့်ဌာနဆိုင်ရာ ရုံးများတွင်နေရာယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သည်ဟု ကြာအင်းဆိပ်ကြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။ တော်လှန်ရေးတပ်ဖွဲ့များက ယမန်နေ့နံနက် ၄း၃၀နာရီတွင် စစ်ကောင်စီ၏ထောက်တိုင်ဖြစ်သောမြို့မရဲစခန်း၊ထွေအုပ်ရုံးနှင့်ဌာနဆိုင်ရာအသီသီးတို့ကို စီးနင်းတိုက်ခိုက်ခဲ့ရာတိုက်ပွဲ ပြင်းထန်ဖြစ်ပွားခဲ့သည်။ …
Dating ist einfacher als zuvor mit so vielen Taktiken zu erfüllen neue Leute. Wirklich, das Dating Komponente ist wahrscheinlich nicht. Und du auch kann nicht sicher…
Satisfying new-people is one thing that all you take pleasure in. But many of us might find it difficult to find a romantic curiosity about the…
ယမင်းဖူးပွင့်အောင် ဇွန် ၂၊ ၂၀၂၃။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်အတွင်း တိမ်းရှောင်နေရသည့် စစ်ဘေးရှောင်ပြည်သူများ အနေဖြင့် လာမည့်မိုးတွင်းကာလမြွေအန္တရာယ် စိုးရိမ်မှုမြင့်တက်နေသည်ဟု ဒေသခံများထံက သိရသည်။ ခြုံထူထပ်သည့် တောတောင်များသို့ ရှောင်တိမ်းနေထိုင်ရသဖြင့် မြွေကိုက်ခံရမှုများရှိနေသည်ဟု စစ်ဘေးရှောင်ဒေသခံတစ်ဦးက ပြောသည်။ ကန့်ဘလူခရိုင်တွင် စစ်ဘေးရှောင်ပြည်သူ ၅၀၀၀ ကျော်ခန့်ရှိပြီး ၇၅ ရာခိုင်နှုန်းခန့်သည် မြွေပေါသည့်နေရာတွင်စစ်ဘေးရှောင်နေရသည်ဟု…
ကောင်းချစ်အောင် ဇွန် ၂၊ ၂၀၂၃။ မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အခြေစိုက် အမှတ် ၂၁ ကာကွယ်ရေးပစ္စည်းစက်ရုံမှ ခြောက်မြို့သို့စျေးဝယ်ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အရာရှိတစ်ဦးအား ပစ်ခတ်ရှင်းလင်းခဲ့ရာ ငွေကျပ်သိန်း ၄၀ ကျော်နှင့် ထိပ်တန်းလျှို့ဝှက်စာရွက်စာတမ်းများသိမ်းဆည်းရမိခဲ့သည်ဟု မြို့ပြပြောက်ကျားတပ်ဖွဲ့များထံမှသိရသည်။ ကပစ ၂၁ မှ တပ်ကြပ်ကြီး အောင်သူတင့်ကို ချောက်မြို့ အမှတ်၁၁ ဗဟိုကွက်သစ်ကျောင်းအနီး၌ ယနေ့နံနက်ပိုင်း၉…
သဇင် ဇွန် ၂၊ ၂၀၂၃။ မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ် မုပ္ပလင်လမ်းဆုံဂိတ်အနီးတွင် တပ်စွဲထားသောစစ်ကောင်စီတပ်သားများကို ကျိုက်ထိုတော်လှန်ရေးအင်အားစုများက Droneဖြင့်တိုက်ခဲ့သည် ဟု Kyaikhto Revolution Force(KRF)က ထုတ်ပြန်ထားသည်။ ဇွန်လ ၁ ရက်၊နေ့လည် ၁နာရီခန့်တွင် မုပ္ပလင်လမ်းဆုံဂိတ်အနီး တပ်စွဲထားသော စစ်ကောင်စီ အင်အား ၅၀ခန့်အားတော်လှန်ရေးပူးပေါင်းအဖွဲ့များက Droneဖြင့် ဗုံးသီးချတိုက်ခဲ့ခြင်းဖြစ်သည် ဟု…
သံလွင်ခက် ဇွန် ၂ ရက်၊ ၂၀၂၃ ။ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ပေါ်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲ၊ ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့သောကြောင့် သံဃာတော်နှင့်ပြည်သူ လေးဦးသေဆုံးပြီး ပြင်းထန်ဒဏ်ရာရရှိထားသူများလည်းရှိသည်ဟုဒေသခံများထံမှ သိရသည်။ ကြာအင်းဆိပ်ကြီးမြို့ပေါ်ကို စစ်ကောင်စီက ယနေ့ ဇွန်လ၂ရက် ၊ နံနက်အစောပိုင်း ၅ နာရီခန့်တွင် လေကြောင်းမှလာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ “…