Author: thanlwinkhet

(ယခင်တစ်ပတ်မှ အဆက်) ဘုန်းမောင် PDF များကို မြန်မာစစ်တပ်က အချိန်တိုအတွင်းမှာပင် ရက်ရက်စက်စက် ချေမှုန်းနိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့ကြသော်လည်း မြန်မာစစ်တပ်သည် ယခင်ကဲ့သို့ စည်းကမ်းမရှိ ဖြစ်လာသည့်အပြင် လက်နက်မဲ့ အရပ်သားများကိုသာမကြာခဏ တိုက်ခိုက်နေတတ်သည်။ ထို့ကြောင့်လည်း “ရွပ်ရွပ်ချွံချွံ ရင်ဆိုင်တိုက်ပွဲ” ဆိုသော ဂုဏ်ပုဒ်က ချောင်ထိုးခံထားရသည်။ ပြည်သူအတွက် တိုက်ခိုက်နေသူများကတော့ မျှော်မှန်းထားသည်ထက်…

Read More

နန်းမိုးဆွေ မနက်မိုးလင်း၍ မျက်စိနှစ်လုံး ဖွင့်သည်နှင့် ရန်ကုန်မြို့တွင် နေထိုင်သူ ကိုအောင် ပထမဆုံး လုပ်သည့် အလုပ်ကဖေ့စ်ဘွတ်ခ်တွင် သတင်းများကို ဖတ်ရန် ဖြစ်သည်။ အစိုးရသတင်းစာများကိုတော့ သူ မဖတ်။ လွတ်လပ်၍ အမှီအခိုကင်းသော သတင်းဌာနများကိုသာ အကြည့်များသည်။ သို့သော် သတင်းဖတ်တိုင်း သူ အမြဲ စိတ်ညစ်ရသည်။ အကြောင်းမှာ…

Read More

သံလွင်ခက်။ ဇွန် ၃၊ ၂၀၂၃။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များကစစ်ကြောရေးသို့ ခေါ်ဆောင်သွားသည်ဟု ဒေသခံများထံက သိရသည်။ ယနေ့ ဇွန်လ ၃ ရက်နေ့ နေ့လည်ပိုင်းတွင် ဆားလင်းကြီးမြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့ ( ပ. အ. ဖ ) လျှပ်စစ်အဖွဲ့ဝင် ကိုဗန့်ဂျီကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက…

Read More

သံလွင်ခက် ဇွန် ၃ ၊ ၂၀၂၃ ။ စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ယခုရက်ပိုင်းအတွင်း ပြည်သူများမကြာခဏထိခိုက်သေဆုံးနေသည့် မိုးဗြဲမြို့တွင် ယနေ့တွင်လည်း ပြည်သူတစ်ဦးထပ်မံသေဆုံးခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။ ယနေ့ ဇွန်လ ၃ရက် နံနက် ၆း၀၀ နာရီ အချိန်တွင်  မိုးဗြဲအခြေစိုက် ခမရ(၄၂၂) တပ်မှ မိုးဗြဲမြို့တွင်းကို…

Read More

ယမင်းဖူးပွင့်အောင် ဇွန် ၃၊ ၂၀၂၃။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် အခြေခံကျောင်းများတက်ရောက်နေမှုများကို ခြိမ်းခြောက်အကြပ်ကိုင်မှုများ မပြုလုပ်ကြရန် မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့က တားမြစ်ထားသည်။ အခြေခံပညာကျောင်း တက်ရောက်နေကြသည့် ကျောင်းသား၊ ကျောင်းသူများ အပါအဝင် ဆရာ၊ ဆရာမများနှင့်ကျောင်းသားမိဘများကို ခြိမ်းခြောက်အကြပ်ကိုင်ခြင်း မပြုလုပ်ရန် တားမြစ်ထားခြင်းဖြစ်သည်ဟု မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ခေါင်းဆောင် ကိုအာကူးက သံလွင်ခက်ကိုပြောသည်။ “ပညာရေးနဲ့ ပတ်သက်တဲ့…

Read More