ခင်သရဖီဦး စက်တင်ဘာ ၁၈၊ ၂၀၂၄။ ရခိုင်ပြည်၊ အမ်းကားလမ်းပိုင်းတွင် စစ်ကာင်စီတပ်မှ ယာယီတပ်စခန်းများချ၍ စစ်ဆေးရေးတင်းကြပ်ထားသဖြင့် တောင်သူများ အခက်တွေ့နေသည်ဟု ဒေသခံများထံမှ သိရသည် ပြီးခဲ့သည့် စက်တင်ဘာလ ၁၃ ရက်မှစတင်ကာ မဲတောင်နှင့် အမ်းကားလမ်းကြားရှိ စိုက်ခင်းများတွင် အင်းအား ၁၅၀ ခန့်ပါဝင်သည့် စစ်ကောင်စီစစ်ကြောင်းမှနေရာယူ၍ တောင်ယာနှင် စိုက်ခင်းသို့သွားလာသူများအား…
Author: thanlwinkhet
မောင်ဘဦး စက်တင်ဘာ ၁၇၊ ၂၀၂၄။ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ကျေးရွာ ၁၃ ရွာမှ ဒေသခံသောင်းချီသည် စစ်ကောင်စီတပ်နှင့် ပျူစောထီးတပ်များ၏စစ်ကြောင်းထိုးနေမှုများကြောင့် နေရပ်မပြန်နိုင်သည်မှာ လဝက်ခန့်ရှိနေပြီဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလဆန်းမှ ကန့်ဘလူမြို့နယ်မှ မ.ဘ.သ ကိုယ်တော် ဦးဝါသဝ၏ပျူစောထီးတပ်ဖွဲ့များသည် ခင်ဦးမြို့နယ်သို့ ဝင်ရောက်စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး ကျေးရွာ ၁၃…
ဘုန်းမောင် စက်တင်ဘာ ၂၃၊ ၂၀၂၄။ ထိုင်းနိုင်ငံတွင် ခရိုင် ၇၆ ခရိုင်ရှိသည့်အနက် နခွန်ရာချာဆီမား (Nakhon Ratchasima) သည်လည်း တစ်ခု အပါအဝင်ဖြစ်သည်။ နခွန်ရာချာဆီမားခရိုင်သည် ထိုင်းနိုင်ငံ၏အရှေ့မြောက်ပိုင်းတွင်တည်ရှိကာ နိုင်ငံ၏ တတိယမြောက်အကြီးမားဆုံးမြို့ဖြစ်သလို မြေဧရိယာအားဖြင့်ဆိုလျှင်လည်း အကြီးမားဆုံးခရိုင်တစ်ခုဖြစ် ပေသည်။ တစ်ခါတစ်ရံတော့လည်း နခွန်ရာချာဆီမားမြို့ကို ခိုရတ်(Khorat) မြို့ဟူ၍ ခေါ်ဝေါ်လေ့ရှိကြပါ…
သံလွင်ခက်။ စက်တင်ဘာ ၁၇ ၊ ၂၀၂၄။ တိုင်ဖုန်းယာဂီ၏အကြွင်းကျန်မိုးများကြောင့် မြန်မာနိုင်ငံ၏နေရာအများအပြားတွင် သိသာထင်ရှားသည့် ရေကြီးမှုနှင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပြီး ရေဘေးသင့် လူပေါင်း ၆၃၁,၀၀၀ ခန့် ရှိနိုင်သည်ဟု ကုလသမဂ္ဂလူသားချင်းစာနာမှု ဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က စက်တင်ဘာ ၁၆ ရက်၌ ထုတ်ပြန်ခဲ့သည်။ နေပြည်တော်၊ ပဲခူး၊…
နန်းဆုပန်ခန့် စက်တင်ဘာ ၁၇၊ ၂၀၂၄။ ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့သို့ ရွှေ့ပြောင်းလာပြီး စက်တင်ဘာ ၁၃ ရက်က ပျောက်ဆုံးခဲ့သည့် မြန်မာနိုင်ငံမှစိတ်ကျန်းမာရေးဝေဒနာခံစားသူ အမျိုးသားတစ်ဦးကို ပြန်လည်တွေ့ရှိပြီဖြစ်သည်ဟု တာဝန်ရှိသူများနှင့် နီးစပ်သူထံမှ သိရသည်။ အသက် ၃၂ နှစ်အရွယ် ကိုမျိုးလွင်ဦးကို ယမန်နေ့ စက်တင်ဘာလ ၁၆ ရက်…
သံလွင်ခက်။ စက်တင်ဘာ ၁၇၊ ၂၀၂၄။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် တိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံတစ်ဦးသေဆုံးခဲ့သည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ယမန်နေ့တွင် ထုတ်ပြန်သည်။ စက်တင်ဘာလ ၁၆ ရက် နံနက် ၉ နာရီ မှ ၁၀ နာရီအထိ Y-12 လေယာဥ်ဖြင့်…
မောင်ဘဦး စက်တင်ဘာ ၁၆၊ ၂၀၂၄။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ကြာပိုင်ကျေးရွာမှ ဈေးသည်ကားတစ်စီးကို ပျူစောထီးအဖွဲ့တွေက ချောဆွဲပြီး ကားပေါ် လိုက်ပါလာသည့် အမျိုးသားနှစ်ဦးကို ဖမ်းဆီးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ ယနေ့ နံနက်ပိုင်းတွင် ကြာပိုင်ရွာမှ မြင်းမူမြို့သို့ ဈေးရောင်းဈေးဝယ်ပြုလုပ်သည့် ဒိုင်နာကုန်တင်ကားတစ်စီးကို တောပုကျေးရွာရှိ ပျူစောထီးများက အသုံးပြုခဲ့ပြီး ကားပေါ်ပါလာသည့်…
ထွယ် စက်တင်ဘာ ၁၆၊ ၂၀၂၄။ ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင် (ဆိပ်မူ) ကျေးရွာကို စစ်ကောင်စီတပ်က ယနေ့တွင် လေကြောင်းဖြင့် နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ရှေ့တန်းသတင်းရင်းမြစ်များထံက သိရသည်။ စစ်ကောင်စီတပ်သည် ယနေ့မွန်းတည့် ၁၂ ခွဲခန့်တွင် တစ်ကြိမ်၊ မွန်းလွဲ ၂ နာရီခွဲခန့်တွင် တစ်ကြိမ် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု…
ကောင်းချစ်အောင် စက်တင်ဘာ ၁၇ ၊ ၂၀၂၄။ ဒီမိုကရေစီအစိုးရတွေလက်ထက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ဖယ်ချန်ထားခံခဲ့ရဖူးတဲ့ မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ စစ်ကောင်စီတပ်ရဲ့အင်အားချိနဲ့လာမှုကို မီးမောင်းထိုး ပြလိုက်သလို ဖြစ်ပါတယ်။ ရှမ်းပြည်နယ်အတွင်းမှာ လူမျိုးစုအစွဲပြုတပ်တွေဖြစ်တဲ့ ပလောင်၊ ကိုးကန့်၊ ဝ၊ မိုင်းလား၊ ပအိုဝ်း၊ ဓနုနဲ့ ရှမ်းတပ်တွေဟာလည်း စစ်အင်အားအသီးသီးကိုပိုင်ဆိုင်ထားပြီး…
ထွယ် စက်တင်ဘာ ၁၆၊ ၂၀၂၄။ ကချင်ပြည်နယ်၊ ဖားကန့်မြို့ ဌက်ပျောတောရပ်ကွက်ရှိ ကြိုးတံတားလမ်းဆုံအနီးတွင် ယနေ့မွန်းလွဲ ၁ နာရီခွဲခန့်က လက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့် အမျိုးသားနှစ်ဦးသေဆုံးကာ ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံက သိရသည်။ ယနေ့တစ်နေ့တည်းတွင် ဌက်ပျောတောရပ်ကွက်အပြင် ဆိုင်းတောင် (ဆိပ်မူ) ကျေးရွာအုပ်စုရှိ ဆန်း ကြွယ်မှော်တောင်းနှင့် ဖားပြင်တွင်လည်း လက်နက်ကြီးများကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံများထိ…