သံလွင်ခက် စက်တင်ဘာ ၂၀ ၊ ၂၀၂၄။ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး အတူတကွလက်တွဲဆောင်ရွက်သွားမည်ဟု တိုင်းရင်းသားခုခံတော်လှန်ရေးအဖွဲ့အစည်းများ၊ ပြည် နယ်/ လူမျိုးကိုယ်စားပြုကောင်စီများ အဖွဲ့ ၉ ဖွဲ့က ယမန့်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ၎င်းအဖွဲ့များက အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ကြိုတင်ပြင်ဆင်ညှိနှိုင်းမှုများ ကို အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီးနောက်…
Author: thanlwinkhet
ထွယ် စက်တင်ဘာ ၂၀၊ ၂၀၂၄။ ကချင်ပြည်နယ်၊ ဖားကန့်မြို့အနီးတွင်း တိုက်ပွဲများနှင့် စစ်ကောင်စီမှ လက်နက်ကြီးများ ရမ်းတမ်းပစ်ခတ်နေသဖြင့် ယနေ့နံနက်ပိုင်းမှစတင်ပြီး မြိုပေါ်နေလူအများစုမှာ တိုက်ပွဲတိမ်းရှောင်လျက်ရှိသည်ဟု ဒေသခံများထံက သိရသည်။ ပြီးခဲ့သည့် ၂ ပတ်ခန့်မှစပြီး ဖားကန့်မြို့ဗျူဟာကုန်းမှ တိုက်ပွဲဖြစ်ပွားနေသည့် ဆိုင်းတောင် (ဆိပ်မူ) ကျေးရွာတွင်ဆိုင်း တောင်ကျေးရွာအပါအဝင် ဘေးပတ်ဝန်းကျင်သို့ လက်နက်ကြီးများ…
သံလွင်ခက် စက်တင်ဘာ ၂၀၊ ၂၀၂၄။ “အဲဒီနုန်းတွေရဲ့ အောက်မှာလူတွေရှိတယ်” လို့ အဝါရင့်ရောင် ရွံ့ညွန်ပြင်ကို လက်ညိုးထိုးရင် အသက်မဲ့ခန္ဓာတွေဟာ ရေစီးနဲ့အတူမျောပါလာပြီး နုန်းတွေအောက်ရောက်နေတဲ့အကြောင်းကို လူမှုကူညီရေးအသင်းတာဝန်ရှိသူတစ်ဦးက ပြောပြနေတာပါ။ အိမ်အလုံးလိုက်ရေစီးထဲမျောပါနေတဲ့ မြင်ကွင်းတွေ၊ အသက်ဘေးလွတ်မြောက်ဖို့အတွက် ရေပြင်ထဲက သစ်ကိုင်းတွေကို ဖက်တွယ်ရင်း ကူညီသူတွေကို စောင့်မျှော်သူတွေမြင်ကွင်း၊ တောင်ကျချောင်းရေကြောင့် ပင်လယ်ပြင်ကြီးလိုဖြစ်သွားတဲ့ လယ်ကွင်းတွေရဲ့မြင်ကွင်းဖြစ်စဉ်တွေဟာ…
မောင်ဘဦး စက်တင်ဘာ ၂၀၊ ၂၀၂၄။ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် ကံဇီးရွာက ပျူစောထီးစခန်းကို တော်လှန်ရေးအဖွဲ့တွေမဏ္ဍ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ပျူစောထီးတပ်ဖွဲ့ဝင် ၁၀ ဦးကျော် သေဆုံးကာ ၎င်းတို့၏မိသားစုဝင်တွေအပါအဝင် စစ်သုံ့ပန်း ၇၀ ခန့် ဖမ်းဆီးရရှိခဲ့သည်ဟု ဒေသတွင်း တော်လှန်ရေးအဖွဲ့ဝင်များထံမှ သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာ ၁၉ ရက်နှင့်…
ဒီနေ့ည သွေးသစ်ဝင်းလှိုင်ပွဲရှိပါတယ် ******************** သံလွင်ခက် စက်တင်ဘာ ၂၀၊ ၂၀၂၄။ ဒီနေ့ည One Friday Fight 80 မွှေထိုင်းလက်ဝှေ့ပြိုင်ပွဲမှာ မြန်မာ့လက်ဝှေ့ချန်ပီယံ သွေးသစ်ဝင်းလှိုင်နဲ့ ဥဇဘက်ကစ္စတန်နိုင်ငံသား မာလွန်ဘတ် ခါခိုရောတို့ ထိုးသတ်သွားဖို့ရှိပါတယ်။ သွေးသစ်ဝင်းလှိုင်ဟာ ပြီးခဲ့တဲ့ One ပွဲဦးထွက်မှာ ထိုင်းဖိုက်တာခွန်ဆုကို ရှုံးနိမ့်ထားခဲ့တာကြောင့် ဒုတိယမြောက်…
သံလွင်ခက် စက်တင်ဘာလ ၁၉၊ ၂၀၂၄။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့တွင် စစ်ကောင်စီပစ်ခတ်ခဲ့သည့် လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် အမျိုးသမီး (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ထုတ်ပြန်သည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၇ ရက် ညနေ ၅ နာရီခွဲခန့်တွင် အုတ်ကျင်းရပ်ကွက်၊ ဘုရားကြီးကျောင်းအတွင်းသို့…
သဇင် စက်တင်ဘာ ၁၉၊ ၂၀၂၄။ ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်ရှိ ဝက်ဖြူကုန်းနှင့် ထန်းကုန်းရွာရှိ ရေဘေးရှောင်စခန်းတွင် ယမန်နေ့ညက အစာအဆိပ်သင့်ခဲ့ပြီး ဆေးရုံရောက်ရှိခဲ့သည့် လူနာအယောက် ၈၀ ကျော်မှာ ပြန်လည်သက်သာလာပြီဟု သွားရောက်ကူညီခဲ့သူများက ပြောသည်။ “သေဆုံးတဲ့အထိတော့ တစ်ယောက်မှမဖြစ်ပါဘူး။ ညတွင်းချင်းပဲ အကုန်လုံး အဆင်ပြေသွားတယ်။ ကောင်းသွားပါတယ်။ လက်ရှိမှာ ဆေးရုံမှာ…
မောင်ဘဦး စက်တင်ဘာ ၁၉ ရက်၊ ၂၀၂၄။ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် စစ်သင်္ဘော ၉ စီးအပါအဝင် မြေပြင်စစ်ကြောင်းထိုးနေသဖြင့် ချင်းတွင်းမြစ်တစ်လျှောက်ရှိ ကျေးရွာ ၈ ရွာမှ ဒေသခံထောင်ချီ ရှောင်တိမ်းနေကြရသည်ဟု ဒေသခံများထံမှ သိရသည်။ စက်တင်ဘာလ ၁၉ ရက် မနက် ၁၀နာရီခွဲတွင် ချင်းတွင်းမြစ်တစ်လျှောက် စုန်ဆင်းလာသည့်…
ခင်သရဖီဦး စက်တင်ဘာလ ၁၉၊ ၂၀၂၄။ ရခိုင်ပြည်၊ ဂွမြို့နယ်ရှိ စစ်ရှောင်စခန်းနှင့် ကျေးရွာတချို့ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုအပြင် လက်နက်ကြီး ပစ်ခတ်ခဲ့ခြင်းကြောင့် ၂ ရက်အတွင်း ဒေသခံ ၃ ဦးသေဆုံးခဲ့ပြီး ၁၀ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံက သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာ ၁၅ နှင့် ၁၆…
သံလွင်ခက် စက်တင်ဘာ ၁၈ ၊ ၂၀၂၄။ ပဲခူးတိုင်း၊ တောင်ငူခရိုင်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းသည့်အလှူငွေများကို စစ်ကောင်စီလက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူ/ကယ်ပြန်ဝန်ထမ်းများက သိမ်းယူမှုများပြုလုပ်နေသည်ဟု ဒေသခံများထံက သိရသည်။ တောင်ငူမြို့ပေါ်တွင် ရေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးစခန်း ၃၇ ခုဖွင့်လှစ်ထားပြီး အဆိုပါစခန်းများအား လာရောက်လှူဒါန်းသည့် အလှူငွေများကို သိမ်းယူနေခြင်းဖြစ်သည်ဟု ပရဟိတဆောင်ရွက်နေသူတစ်ဦးက…