ကျေက်ဖြူရှိ သစ်ပုတ်တောင်နှင့် အုန်းကြိမ်ရေတပ်စခန်းက နေ့စဥ်လက်နက်ကြီးပစ်ခတ်နေ
*******
ခင်သရဖီဦး
မေ ၁၄ ၊ ၂၀၂၄။
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ သစ်ပုတ်တောင် စခန်းနှင့်အုန်းကြိမ်ရေတပ်စခန်းများက နေ့စဥ်ဆိုသလို လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်းသိရသည်။
ယင်းကဲ့သို့ ပစ်ခတ်မှုများကြောင့် ယင်းစခန်းအနီးဝန်းကျင်ရှိကျေးရွာများဖြစ်ကြသည့် တောင်ညို ၊တောင်ရှည်၊ ကာပီချောင်း၊ သဲချောင်း၊ မင်းဂံ စသည့် ကျေးရွာများရှိ ဒေသခံများမှာလည်း လက်နက်ကြီးပစ်ခတ်နေမှုအပေါ် စိုးရိမ်မှုများရှိနေကြသည်။
သဲချောင်းကျေးရွာသား ၁ ဦးက ” လက်နက်ကြီးတွေကိုရွာတွေထက်ကနေ နေ့တိုင်းပစ်နေတဲ့အတွက် ဘယ်ချိန် ရွာထဲကျမလဲဆိုတာကို စိုးရိမ်နေရပါတယ်။ ရွာနားလယ်ကွင်းမှာ ပေါက်ကွဲတဲ့နေ့တွေလည်းရှိတယ်။ အဲဒီ သစ် ပုတ်တောင်နဲ့ အုန်းကြိမ်ရေတပ်စခန်းက လှမ်းပစ်နေတာလေ” ဟု ဆိုသည်။
စစ်တပ်အနေဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်နေရာများကိုလည်း လေကြောင်းဖြင့် မကြာခဏပစ်ခတ်မှုများ ရှိနေသည်။
ထို့ပြင် ယင်းဒေသရှိဒေသခံများအနေဖြင့် စားဝတ်နေရေးအကြပ်အတည်းနှင့် ဆေးဝါးပြတ်လပ်မှုများဖြင့် ရင်ဆိုင် နေရသည်ဟု ဆိုသည်။
အဆိုပါ သဲချောင်းကျေးရွာသားကပဲ ” ဒီဘက်မှာ စစ်ဘေးရှောင်တွေလည်းရှိတယ်။ စားသောက်ကုန်တွေလည်း ပြတ်ပါတယ်။ အဆိုးဆုံးကတော့ ဆေးဝါးပါပဲ။ လမ်းခရီးကလည်း ထွက်ပေါက်မရတော့ အခက်အခဲတွေ အများ ကြီးပါပဲ” ဟု ဆိုသည်။
ရခိုင်ပြည်နယ်တွင် AA မသိမ်းပိုက်နိုင်သေးသည့် ရခိုင်တောင်ပိုင်းတွင် လမ်းခရီးသွားလာရေးများပိတ်ဆို့မူများရှိနေ သည့်အတွက် စားကောက်ကုန်နှင့် ဆေးဝါးများပြတ်လပ်နေခြင်းဖြစ်သည်။
ပုံစာ – စစ်နည်းဗျူဟာအဆင့် ရေပေါ်ရေအောက် ပူးပေါင်းစစ်ဆင်မှုလေ့ကျင့်ခန်း (Sea Shield-2022) လေ့ကျင့် ဆောင်ရွက်စဥ်။
****
Telegram – > https://t.me/ThanLwinKhetNews/4588
YouTube -> https://youtu.be/b23CL15_vH0
Website -> https://thanlwinkhet.net/?p=9950