မွန်ပြည်နယ်တွင် ဧပြီလအတွင်း တိုက်ပွဲ (၃၉)ကြိမ် နှင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှု(၄၃)မှုဖြစ်ပွား
*********
သဇင်
မေ ၆၊၂၀၂၄။
မွန်ပြည်နယ်တွင် ပြီးခဲ့သည့် ဧပြီလ အတွင်း လက်နက်ကိုင် တိုက်ပွဲပေါင်း (၃၉) ကြိမ်ဖြစ်ပွားခဲ့ပြီး လူအခွင့်အရေးချိုးဖောက်ခံရမှု (၄၃) မှု ဖြစ်ပွားခဲ့သည်ဟု လဂွန်းအိမ်ဒေတာ အချက်အလက်များအရ သိရသည်။
ဧပြီလအတွင်း မွန်ပြည်နယ်အတွင်းရှိ သထုံ၊ ဘီလင်း၊ ကျိုက်ထို၊ ကျိုက်မရော နှင့် စစ်အုပ်ချုပ်ရေး (Martial Law)ကြေညာခံထားရသော ရေးမြို့နယ်များတွင် အခြားမြို့နယ်များထက် တိုက်ပွဲများ ပိုမိုပြင်းထန်ခဲ့သည်။
မွန်ပြည်နယ် (၁၀) မြို့နယ်အနက် ကျိုက်ထိုမြို့နယ်တွင် တိုက်ပွဲငယ်ဖြစ်ပွားမှု (၉)ကြိမ် နှင့် ကျိုက်မရောမြို့တွင် တိုက်ပွဲငယ်အပါအဝင် ပြင်ထန်းတိုက်ပွဲဖြစ်ပွားမှု အကြိမ်ပေါင်း (၁၁) ကြိမ်ထက်မနည်းရှိခဲ့ပြီး အဆိုပါမြို့နှစ်မြို့တွင် တိုက်ပွားအများဆုံးဖြစ်ပွားခဲ့သည်။
ကျိုက်ထို ၊သထုံ၊ မုဒုံ၊ ရေး၊ ဘီးလင်း၊ မော်လမြိုင်သံနှင့် ဖြူဇရပ်မြို့နယ်များတွင်လည်း ဒရုန်းဖြင့် တိုက်ခိုက်မှုအပြင် မိုင်းဆွဲတိုက်ခိုက်မှု (၁၈)ကြိမ်ခန့်ဖြစ်ပွားခဲ့သည်ဟု လဂွန်းအိမ်စာစဉ်ထုတ်ပြန်ချက်အရ သိရသည်။
ထို့သို့ တော်လှန်ရေးအင်အားစုများက တိုက်ပွဲများခပ်စိပ်စိပ်ဖော်ဆောင်လာနိုင်ပြီး စစ်ကောင်စီတပ်သားထိခိုက်သေဆုံးမှုရှိလာတာကြောင့် စစ်ကောင်စီက အပြစ်မဲ့ အရပ်သားပြည်သူများအား မတးရာဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ တိုက်ပွဲများဖြစ်ပွားခြင်း မရှိသည့် ကျေးရွာများအတွင်း အကြောင်းမဲ့လက်နက်ကြီးများနှင့် ပစ်ခတ်ခြင်း၊ လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်ခြင်းစသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကျူးလွန်ခဲ့သည်။
ဧပြီလ ၁ ရက်နေ့မှ ၃၀ ရက်အတွင်း အရပ်သား ဖမ်းဆီးခံရသူ (၆) ဦး၊ ထိခိုက်ဒဏ်ရာရသူ (၁၇) ဦး၊ သတ်ဖြတ်ခံရသူ (၁၅)ဦး နှင့် ဖျက်စီးခံရသည့် နေအိမ်အလုံးပေါင်း (၅၁)လုံးကျော်အထိ ရှိခဲ့သည်။
အဆိုပါ ထိခိုက်၊ သေဆုံးသူများတွင် သက်ကြီးရွယ်အိုနှင့် ကလေးငယ်များအပါအဝင် ကျောင်းထိုင်ဆရာတော်များလည်း ပါဝင်ခဲ့သည်။
၂၀၂၄ ခုနှစ်အတွင်း မွန်ပြည်တဝှမ်းရှိ စစ်ရေးအရှိန်သည် ယမန်နှစ်ထက် ပိုမိုအားကောင်းလာခဲ့ပြီး မတ်လအတွင်း တိုက်ပွဲ(၃၁)ကြိမ်ဖြစ်ပွားမှုအကြိမ်ရေထပ် ဧပြီလအတွင်း တိုက်ပွဲဖြစ်ပွားမှုအကြိမ်ရေ သိသိသာသာတိုးတက်လာသည်ဟု လဂွန်းအိမ်စာစဉ် က ဖော်ပြထားသည်။
ပုံစာ – စစ်ကောင်စီလေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ပျက်စီးခဲ့သည့် ဓမ္မသကျေးရွာမြင်ကွင်း။
Photo – crd
****
Telegram – > https://t.me/ThanLwinKhetNews/4535
YouTube -> https://youtu.be/b23CL15_vH0
Website -> https://thanlwinkhet.net/?p=9783