• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ဒရုန်းစစ်ပွဲမှာ တော်လှန်‌ရေးတပ်ဖွဲ့တွေ နောက်ကောက်ကျနေပြီလား . . . . . .?
  • မိုးကုတ်ကို ဂျက်ဖိုက်တာဖြင့် စစ်တပ် ဗုံးကြဲ
  • ဘန်ကောက် ငလျင်ကြောင့် သေဆုံးသွားသူများအတွက် အလုပ်ရှင်မှ တစ်ဦးကို ဘတ် ၁ သန်းပေး
  • စစ်တွေတွင် ဒေသခံများ မကြာခဏ ဖမ်းဆီးခံနေရ
  • ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွင် နေထိုင်သူများအား အလုပ်လုပ်ခွင့်ပြုမည်ဟုဆို
  • ဂေါ်ရခါးလူမျိုး ၈၄ ဦးအား TNLA ပြန်လွှတ်ပေး
  • မိုးကုတ်ကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ၍ ကလေးငယ်များ အပါ ၁၀ ဦးထက်မနည်း သေဆုံး
  • သံမဏိစက်ရုံတွင် တပ်စွဲထားသည့် စစ်တပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ တစ်ဦး သေဆုံး
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»တိုက်ပွဲသတင်း»လေကြောင်းအန္တရာယ်ကြောင့် ဖလူးကျေးရွာအုပ်စုရှိ ဒေသခံများတိမ်းရှောင်နေရ
တိုက်ပွဲသတင်း

လေကြောင်းအန္တရာယ်ကြောင့် ဖလူးကျေးရွာအုပ်စုရှိ ဒေသခံများတိမ်းရှောင်နေရ

thanlwinkhetBy thanlwinkhetApril 30, 2024No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

လေကြောင်းအန္တရာယ်ကြောင့် ဖလူးကျေးရွာအုပ်စုရှိ ဒေသခံများတိမ်းရှောင်နေရ

*******

သဇင်

ဧပြီ ၃၀၊၂၀၂၄။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဖလူးကျေးရွာအုပ်စုရှိဒေသခံများသည် လေကြောင်းအန္တရာယ်စိုးရိမ်သည့် အတွက်ကြောင့် ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေကြသည်ဟု ဒေသခံများထံကသိရသည်။

ပြီးခဲ့သည့် ဧပြီလ ၂၅ ရက် ညပိုင်းက လေးကေ့ကော်မြို့သစ်အနီးရှိ စစ်ကောင်စီတပ်၏ စွယ်တော်ကုန်း(အမြောက်ကုန်း)အနီးဝန်းကျင်ကို Y -12ထောက်ပို့လေယာဉ်ဖြင့် ဗုံးအရအတွက် ၆၀ ခန့် ကြဲချခဲ့ပြီးနောက် ဖလူးကျေးရွာအုပ်စုရှိ  ဖလူးကြီး၊ ဖလူးလေးနှင့် မင်းလက်ပံကျေးရွာများက ဒေသခံတချို့ စတင်တိမ်းရှောင်ခဲ့ကြသည်ဟု ဖလူးကြီးကျေးရွာ ဒေသခံအမျိုးသား ၁ ဦးကဆိုသည်။

၎င်းက “ကြဲတာက နေ့တိုင်းလိုလိုကြဲနေတာ၊ နီးတာနဲ့ ဝေးတာပဲကွာတယ်။ ဦးလေးတို့အနေနဲ့ကျတော့ ရွာထဲမှာ ဝင်နေလို့ မရဲတော့ဘူးလေ။ ၂၅ ရက်နေ့ညက ရွာဘေးမှာလာကျတော့ တော်တော်များများ စစ်ရှောင်နေရတဲ့ အနေအထားဖြစ်ကုန်တယ်။ အလုံး ၆၀ လောက်ချသွားတာ။ တစ်ညလုံးနီးနီးပဲ။ ည ၁ နာရီအထိလောက် ကိုချတာ”ဟု ဆိုသည်။

စစ်ကောင်စီစွယ်တော်ကုန်းစခန်းသည် ဖလူးကျေးရွာအုပ်စုနှင့် ၃ မိုင်ခန့်သာကွာဝေးပြီး  စွယ်တော်ကုန်းအနီးတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့အကြား မကြာခဏတိုက်ပွဲဖြစ်ပွားလေ့ရှိသည်။

ယမန့်နေ့ဧပြီလ ၂၉ ရက်တွင်လည်း ဖလူးကြီးကျေးရွာအနီးသို့ စစ်ကောင်စီလေကြောင်း တိုက်ခိုက်မည်ဟူသော သတင်းများထွက်ပေါ်လာသည့်အတွက် ဖလူးကြီး၊ ဖလူးလေး နှင့်မင်းလက်ပံကျေးရွာရှိ ကျန်ရှိနေသည့် ဒေသခံ များလည်း ရွာလုံးကျွတ်တိမ်းရှောင်ခဲ့ကြသည်ဟု လေးကေ့ကော်မြို့သစ်တာဝန်ခံ ဦးအေးလွင် က ဆိုသည်။

“မနေ့က ညနေပိုင်းမှာ လေကြောင်းတိုက်ခိုက်မှုရှိမယ်ဆိုပြီတော့ ဘယ်ကကြားကြလဲတော့မသိဘူး။ ရွာသားတွေရှောင်ထွက်ကုန်တာပေါ့။ သူတို့ရွာနားကို တစ်ခါကျဖူးတော့ ထိခိုက်မှာစိုးရိမ်လို့ဖြစ်မယ်”ဟုဆိုသည်။

ဖလူးကြီး၊ ဖလူးလေးနှင့် မင်းလက်ပံကျေးရွာများတွင် အိမ်ခြေပေါင်း ၁,၂၀၀ ကျော်ရှိပြီး ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေကြခြင်းဖြစ်သည်။

ယနေ့ဧပြီလ ၃၀ ရက် မနက် ၉ နာရီခွဲခန့်တွင်လည်း စစ်ကောင်စီတပ်က ကရင်ပြည်နယ်၊ မြဝတီမြို့အနီးရှိ လတ်ခတ်တောင်ခြေကို ဗုံး ၆ လုံးကြဲချခဲ့သေးသည်ဟုသိရသည်။

ဓာတ်ပုံ – သံလွင်ခက်။

ပုံစာ – ဖလူးလေး ဘုရားကုန်း စစ်ကောင်စီတပ်စခန်း။

****

Telegram – > https://t.me/ThanLwinKhetNews/4487

YouTube -> https://youtu.be/b23CL15_vH0

Website -> https://thanlwinkhet.net/?p=9668

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleအာဏာသိမ်းပြီးနောက်ပိုင်း အလုပ်သမားများ ပြဿနာများစွာရင်ဆိုင်နေရ
Next Article ဆီဆိုင်ရှိ ဝိန်းလုံကျေးရွာဒေသခံများတိမ်းရှောင်နေရ
thanlwinkhet
  • Website

Related Posts

မိုးကုတ်ကို ဂျက်ဖိုက်တာဖြင့် စစ်တပ် ဗုံးကြဲ

August 17, 2025

စစ်တွေတွင် ဒေသခံများ မကြာခဏ ဖမ်းဆီးခံနေရ

August 16, 2025

ဂေါ်ရခါးလူမျိုး ၈၄ ဦးအား TNLA ပြန်လွှတ်ပေး

August 15, 2025

Leave A Reply Cancel Reply

Recent Posts

  • ဒရုန်းစစ်ပွဲမှာ တော်လှန်‌ရေးတပ်ဖွဲ့တွေ နောက်ကောက်ကျနေပြီလား . . . . . .?
  • မိုးကုတ်ကို ဂျက်ဖိုက်တာဖြင့် စစ်တပ် ဗုံးကြဲ
  • ဘန်ကောက် ငလျင်ကြောင့် သေဆုံးသွားသူများအတွက် အလုပ်ရှင်မှ တစ်ဦးကို ဘတ် ၁ သန်းပေး
  • စစ်တွေတွင် ဒေသခံများ မကြာခဏ ဖမ်းဆီးခံနေရ
  • ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွင် နေထိုင်သူများအား အလုပ်လုပ်ခွင့်ပြုမည်ဟုဆို

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ဒရုန်းစစ်ပွဲမှာ တော်လှန်‌ရေးတပ်ဖွဲ့တွေ နောက်ကောက်ကျနေပြီလား . . . . . .?

မိုးကုတ်ကို ဂျက်ဖိုက်တာဖြင့် စစ်တပ် ဗုံးကြဲ

ဘန်ကောက် ငလျင်ကြောင့် သေဆုံးသွားသူများအတွက် အလုပ်ရှင်မှ တစ်ဦးကို ဘတ် ၁ သန်းပေး

စစ်တွေတွင် ဒေသခံများ မကြာခဏ ဖမ်းဆီးခံနေရ

ယခင်သတင်းများ

  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ဒရုန်းစစ်ပွဲမှာ တော်လှန်‌ရေးတပ်ဖွဲ့တွေ နောက်ကောက်ကျနေပြီလား . . . . . .?

August 17, 2025

မိုးကုတ်ကို ဂျက်ဖိုက်တာဖြင့် စစ်တပ် ဗုံးကြဲ

August 17, 2025

ဘန်ကောက် ငလျင်ကြောင့် သေဆုံးသွားသူများအတွက် အလုပ်ရှင်မှ တစ်ဦးကို ဘတ် ၁ သန်းပေး

August 16, 2025

စစ်တွေတွင် ဒေသခံများ မကြာခဏ ဖမ်းဆီးခံနေရ

August 16, 2025

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွင် နေထိုင်သူများအား အလုပ်လုပ်ခွင့်ပြုမည်ဟုဆို

August 15, 2025

ဂေါ်ရခါးလူမျိုး ၈၄ ဦးအား TNLA ပြန်လွှတ်ပေး

August 15, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.