မင်းပြားမြို့မဈေး ဆိုင်ခန်းအများအပြားမီးလောင်
*******
ခင်သရဖီဦး
ဧပြီ ၁၄၊ ၂၀၂၄။
ရခိုင်ပြည်၊ မင်းပြားမြို့မစျေးကြီး ယမန်နေ့ ဧပြီလ ၁၃ ရက် ၊ ည ၁၀ နာရီကျော်ခန့်တွင် မီးလောင်ခဲ့ပြီး ဆိုင်ခန်း အများအပြား မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
မည်သည့်နေရာကစ၍ မီးလောင်ကျွမ်းသည်ကို မသိရဘဲ မီးတောက်တက်သည့် အချိန်မှသာသိရကြောင်း ဒေသခံ ၁ ဦးက ဆိုသည်။
“ဘယ်နေရာကစလောင်လဲဆိုတာကို မသိရဘူး။ မီးတောက်တက်လာမှ လူတွေက သိကြတာ။ ဖြစ်စဥ်ကို အတိအကျတော့ မသိရသေးဘူး” ဟု ဆိုသည်။
မင်းပြားမြို့တွင် လူ အနည်းငယ်မျှသာ နေထိုင်နေခြင်း ဖြစ်သောကြောင့် ည ၁၂ နာရီ ခန့်မှသာ မီးငြှိမ်းသတ်နိုင်ခဲဲ့ သည်ဟု သိရသည်။
” မြို့မှာ လူတွေက အများကြီးတော့ မရှိဘူး။ ဆိုတော့ မင်းပြားက မီးသတ်ကား ၁ စီးနဲ့ သတ်ကြတယ်။ အဲဒါ အဆင်မပြေလို့ မြောက်ဦး က မီးသတ်ကား ၁ စီးလာပြီး သတ်ပေးတယ်။ ဆိုတော့ ည ၁၂ နာရီကျော်လောက်မှ ငြိမ်သွားတယ်” ဟု မြို့ခံ ၁ ဦးက ဆိုသည်။
မီးလောင်ကျွမ်းမှုကြောင့် ဆိုင်ခန်း ၄ ပုံ ၁ ပုံ ဆုံးရှုံးခဲ့ပြီး ဆုံးရှုံးမှုပမာဏအား အတိအကျမသိရသေးပေ။
ဓာတ်ပုံ – Laymro Media Group
************
Telegram– > https://t.me/ThanLwinKhetNews/4287
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=9254