• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ငလျင်ဒဏ်ကြောင့် နိုင်ငံရေးအကျဉ်းသား ၄၉ ဦး သေဆုံးမှု စစ်ကောင်စီ ဖုံးကွယ်
  • ပုလဲတိုက်ပွဲ ပြင်းထန်၊ စစ်ကောင်စီမှ လေကြောင်းပစ်ကူ အင်အားဖြည့်
  • အမေရိကန် ဗီဇာပိတ်ပြီးနောက် မြန်မာစီးပွားရေးလုပ်ငန်းရှင်နဲ့ မိသားစုဝင်တွေအတွက် ရက်ရှည်ဗီဇာ တရုတ် ခွင့်ပြု
  • လက်သည်မပေါ်သော ဖားကန့်လက်နက်ကြီးပစ်ခတ်မှု ကလေးသုံးဦးအပါအဝင် ရှစ်ဦးသေဆုံး
  • ဖားကန့်တွင် လက်နက်ကျရောက်ပေါက်ကွဲမီးလောင်၍ ဒေသခံများ ပိတ်မိ
  • ကိုးနှစ် ကလေးအား အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သူများကို ပြင်းထန်သည့် ပြစ်ဒဏ်ပေးရန် တောင်းဆို
  • ကျားဖြန့်ဂိုဏ်းမှ နိုင်ငံခြားသား ကိုးဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်း
  • လေကြောင်းဗုံးကြဲမှုကြောင့် ဘုန်းကြီးတစ်ပါးပျံလွန်
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»နေ့စဉ်သတင်း»နယ်စပ်နှစ်ဖက်လုံးရှိပြည်သူ့အရေး KNU အထူးအလေးထားဆောင်ရွက်မည်
နေ့စဉ်သတင်း

နယ်စပ်နှစ်ဖက်လုံးရှိပြည်သူ့အရေး KNU အထူးအလေးထားဆောင်ရွက်မည်

thanlwinkhetBy thanlwinkhetApril 13, 2024No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

နယ်စပ်နှစ်ဖက်လုံးရှိပြည်သူ့အရေး KNU အထူးအလေးထားဆောင်ရွက်မည်
*****

နန်းဆုပန်ခန့်
ဧပြီ ၁၃၊ ၂၀၂၄။

မြဝတီဒေသနှင့် ထိုင်း – ကရင်နယ်စပ် တည်ငြိမ်အေးချမ်းရေးကဏ္ဍများအတွက် ကရင်အမျိုးသားအစည်းအရုံး – KNU က အထူးအလေးထားဆောင်ရွက်မည်ဖြစ်သည်ဟု ယမန်နေ့ညတွင် ကေအဲန်ယူဗဟိုက ထုတ်ပြန်သည်။

ထိုင်း – ကရင် နယ်စပ်မျဉ်းတွင်နေထိုင်သော ပြည်သူလူထု၏ ဘေးကင်းလုံခြုံရေး၊ နယ်စပ်တည်ငြိမ်ရေးနှင့် လူသားချင်း စာနာထောက်ထားမှုအကူအညီများ ရရှိရေးဆိုင်ရာကဏ္ဍများအတွက် အထူးအလေးထား၍ အတတ်နိုင်ဆုံး ကြိုးပမ်းအားထုတ်လုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ချက်ကဆိုသည်။

ပြီးခဲ့သည့် ဧပြီလ ၅ ရက်တွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ သင်္ဃန်းညီနောင်ဗျူဟာကို လည်းကောင်း၊ ဧပြီလ ၁၁ ရက်၌ မြဝတီမြို့ရှိ ခြေလျင်တပ်ရင်း ခလရ – ၂၇၅ တပ်ရင်းကိုလည်းကောင်း ကရင် ပူး ပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့သည်။

ထိုသို့သိမ်းပိုက်နိုင်ခဲ့မှုကြောင့် စစ်ကောင်စီကလည်း အဆိုပါစခန်းများ လက်မလွှတ်စေရေးအတွက် စစ်ကောင်စီ တပ်၏ တပ်မ ၅၅ က ကော့ကရိတ်၊ မြဝတီသို့ စစ်ကြောင်းထိုးလာနေပြီး ကာကွယ်ရေးပူးပေါင်းတပ်ဘက်ကလည်း ယင်းစစ်ကြောင်းအား ကြားဖြတ်ပိတ်ဆို့တိုက်ခိုက်ခြင်းများ ပြုလုပ်နေသောကြောင့် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။

ယမန်နေ့ ကေအဲန်ယူထုတ်ပြန်ချက်တွင်လည်း မြဝတီဒေသကို လုံခြုံရေးအရ စိတ်ချရသည့် အနေအထားအောက် သို့ ရောက်ရှိပါက KNU သည် မြဝတီမြို့ကို ၎င်းဒေသရှိဒေသခံများ၏ ပူးပေါင်းပါဝင်မှုဖြင့် အုပ်ချုပ်ရေးလုပ်ငန်းများ ချမှတ်ခြင်း၊ လူကုန်ကူးမှု၊ တရားမဝင်စီးပွားရေးလုပ်ငန်းများ၊ တားမြစ်ပစ္စည်းကုန်သွယ်မှုများ ပိတ်ပင်တားဆီးရေး နှင့် မြို့တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဖော်ဆောင်ခြင်း၊ မရှိမဖြစ်လိုအပ်သော ပြည်သူ့ဝန်ဆောင်မှုများနှင့် ကုန်စည်စီးဆင်းရေးလုပ်ငန်းများကို စိန်ခေါ်မှုများကြားကပင် ဖြစ်နိုင်သည့် အနေအထားများဆောင်ရွက်သွားမည်ဖြစ်သည်ဟု ဖော်ပြထားသည်။

ယင်းအပြင် နှစ်နိုင်ငံအတွင်းနေထိုင်သည့်ပြည်သူများ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအကူအညီများ ရရှိရေး၊ နယ်‌မြေတည်ငြိမ်အေးချမ်းရေးကို ပြန်လည်တည်ဆောက်နိုင်ရေးအတွက် ထိုင်းနိုင်ငံအစိုးရ နှင့် နယ်စပ်အခြေစိုက် ကရင်အဖွဲ့အစည်းများအပါအဝင် ပြည်တွင်းပြည်ပ မဟာမိတ်အဖွဲ့အစည်းများအားလုံးနှင့်ချိတ် ဆက်ပြီး ပူးပေါင်းဆောင်ရွက်မှုပြုလုပ်နိုင်ရေး ကြိုးစားသွားမည်ဖြစ်သည် ဟု ဆိုသည်။

စစ်တပ်ကအာဏာသိမ်းလိုက်သည့် ၂၀၂၁ ခုနှစ်ကစ၍ ၂၀၂၃ ခုနှစ်အထိ ၃ နှစ်နီးပါးကာလအတွင်း ကရင်ပြည်နယ် ရှိ ခရိုင် ၇ ခုတွင် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာရှောင်တိမ်းနေထိုင်ရသည့် စစ်ဘေးရှောင် ၇၀၀,၀၀၀ ကျော် ရှိပြီဟု ကရင်အမျိုးသားအစည်းအရုံး၏ ဇန်နဝါရီလ ၁၈ ရက်ထုတ်ပြန်ချက်အရသိရသည်။

၂၀၂၄ ခုနှစ် နှစ်ဦးပိုင်းကစ၍ ကရင်ပြည်နယ်တွင် တိုက်ပွဲများပိုမိုပြင်းထန်လာသောကြောင့် စစ်ရှောင်အရေအတွက် တိုးလာနေသည်။

ဓာတ်ပုံ – ပေးပို့။

ပုံစာ – သောင်ရင်းမြစ်ကမ်းဘေးတစ်နေရာ၌ စစ်ရှောင်နေရသူများ။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleလေးကေ့ကော်စစ်‌ဘေးရှောင်တို့ရဲ့ သင်္ကြန်အကြိုနေ့မြင်ကွင်း
Next Article မင်းပြားမြို့မဈေး ဆိုင်ခန်းအများအပြားမီးလောင်
thanlwinkhet
  • Website

Related Posts

ငလျင်ဒဏ်ကြောင့် နိုင်ငံရေးအကျဉ်းသား ၄၉ ဦး သေဆုံးမှု စစ်ကောင်စီ ဖုံးကွယ်

June 7, 2025

ပုလဲတိုက်ပွဲ ပြင်းထန်၊ စစ်ကောင်စီမှ လေကြောင်းပစ်ကူ အင်အားဖြည့်

June 7, 2025

လက်သည်မပေါ်သော ဖားကန့်လက်နက်ကြီးပစ်ခတ်မှု ကလေးသုံးဦးအပါအဝင် ရှစ်ဦးသေဆုံး

June 7, 2025

Leave A Reply Cancel Reply

Recent Posts

  • ငလျင်ဒဏ်ကြောင့် နိုင်ငံရေးအကျဉ်းသား ၄၉ ဦး သေဆုံးမှု စစ်ကောင်စီ ဖုံးကွယ်
  • ပုလဲတိုက်ပွဲ ပြင်းထန်၊ စစ်ကောင်စီမှ လေကြောင်းပစ်ကူ အင်အားဖြည့်
  • အမေရိကန် ဗီဇာပိတ်ပြီးနောက် မြန်မာစီးပွားရေးလုပ်ငန်းရှင်နဲ့ မိသားစုဝင်တွေအတွက် ရက်ရှည်ဗီဇာ တရုတ် ခွင့်ပြု
  • လက်သည်မပေါ်သော ဖားကန့်လက်နက်ကြီးပစ်ခတ်မှု ကလေးသုံးဦးအပါအဝင် ရှစ်ဦးသေဆုံး
  • ဖားကန့်တွင် လက်နက်ကျရောက်ပေါက်ကွဲမီးလောင်၍ ဒေသခံများ ပိတ်မိ

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ငလျင်ဒဏ်ကြောင့် နိုင်ငံရေးအကျဉ်းသား ၄၉ ဦး သေဆုံးမှု စစ်ကောင်စီ ဖုံးကွယ်

ပုလဲတိုက်ပွဲ ပြင်းထန်၊ စစ်ကောင်စီမှ လေကြောင်းပစ်ကူ အင်အားဖြည့်

အမေရိကန် ဗီဇာပိတ်ပြီးနောက် မြန်မာစီးပွားရေးလုပ်ငန်းရှင်နဲ့ မိသားစုဝင်တွေအတွက် ရက်ရှည်ဗီဇာ တရုတ် ခွင့်ပြု

လက်သည်မပေါ်သော ဖားကန့်လက်နက်ကြီးပစ်ခတ်မှု ကလေးသုံးဦးအပါအဝင် ရှစ်ဦးသေဆုံး

ယခင်သတင်းများ

  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ငလျင်ဒဏ်ကြောင့် နိုင်ငံရေးအကျဉ်းသား ၄၉ ဦး သေဆုံးမှု စစ်ကောင်စီ ဖုံးကွယ်

June 7, 2025

ပုလဲတိုက်ပွဲ ပြင်းထန်၊ စစ်ကောင်စီမှ လေကြောင်းပစ်ကူ အင်အားဖြည့်

June 7, 2025

အမေရိကန် ဗီဇာပိတ်ပြီးနောက် မြန်မာစီးပွားရေးလုပ်ငန်းရှင်နဲ့ မိသားစုဝင်တွေအတွက် ရက်ရှည်ဗီဇာ တရုတ် ခွင့်ပြု

June 7, 2025

လက်သည်မပေါ်သော ဖားကန့်လက်နက်ကြီးပစ်ခတ်မှု ကလေးသုံးဦးအပါအဝင် ရှစ်ဦးသေဆုံး

June 7, 2025

ဖားကန့်တွင် လက်နက်ကျရောက်ပေါက်ကွဲမီးလောင်၍ ဒေသခံများ ပိတ်မိ

June 7, 2025

ကိုးနှစ် ကလေးအား အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သူများကို ပြင်းထန်သည့် ပြစ်ဒဏ်ပေးရန် တောင်းဆို

June 6, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.