ခလရ ၂၇၅ စစ်ကောင်စီတပ်ဖွဲ့များ ထိုင်း-ကရင်နယ်စပ် အမှတ် ၂ တံတားတွင် ပုန်းရှောင်လျက်ရှိ
*******
နန်းဆုပန်ခန့်
ဧပြီ ၁၁၊ ၂၀၂၄။
ကရင်ပြည်နယ်၊ မြဝတီမြို့၏ မြို့စောင့်တပ်ဖြစ်သည့် ခလရ ၂၇၅ မှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သားများသည် ထိုင်း-ကရင်နယ်စပ် အမှတ် ၂ တံတားတွင် ပုန်းရှောင်လျက်ရှိသည်ဟု ကေအဲန်ယူဗဟိုက ထုတ်ပြန်သည်။
ယခုလက်ရှိအချိန်တွင် စစ်ကောင်စီတပ်သားများ ထိုင်းဘက်ခြမ်းသို့ ခိုလှုံရန်စီစဉ်နေသော်လည်း ထိုင်းဘက်ခြမ်းသို့ ယခုအချိန်ထိ သွားရောက်နိုင်ခြင်းမရှိသေးဟု ကေအဲန်ယေူ ဗဟိုကထုတ်ပြန်ထားသည်။
ထို့ကြောင့် စစ်ကောင်စီတပ်သားများသည် အမှတ် ၂ တံတားတွင် ပိတ်မိနေလျက်ရှိပြီး စစ်ကောင်စီတပ်သား များက ပြည်သူလူထုအား ရမ်းသန်းပစ်ခတ်မှုများဖြစ်ပေါ်လာနိုင်သည့်အတွက် ပြည်သူလူထုများအနေဖြင့် ထိုနေရာအနီးတဝိုက်ကို သွားရောက်ခြင်းမပြုလုပ်ရန် အသိပေးအပ်ပါသည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ယင်းအပြင် မြဝတီမြို့ရှိ စစ်ကောင်စီတပ်ရင်းများအားလုံးကို KNLA ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ပြီ ဖြစ်သည့်အတွက် စစ်ကောင်စီတပ်ဘက်က ဒေသခံများနေထိုင်ရာ နေရာဒေသများကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုများ အချိန်မရွေးပြုလုပ်လာနိုင်သည့်အတွက်လည်း ပြည်သူလူထုအနေဖြင့် သတိဖြင့် ဘေးကင်း လုံခြုံရာနေရာများတွင် နေထိုင်ကြရန် အသိပေးထုတ်ပြန်ထားသည်။
ခလရ – ၂၇၅ ခြေလျင်တပ်ရင်းအား ယနေ့ နံနက် ၄ နာရီကျော်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ ကရင်အမျိုးသားကာကွယ်ရေးတပ် – KNDO နှင့် ပူးပေါင်းတပ်ဘက်က သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်း များလည်း သိမ်းပိုက်နိုင်ခဲ့သည်။
ဓါတ်ပုံ – The Reporters
ပုံစာ – ခလရ – ၂၇၅ ကထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား အမှတ် ၂ တံတားအောက်တွင် မြင်တွေ့ရစဉ်။
************
Telegram– > https://t.me/ThanLwinKhetNews/4257
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=9168