• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • မီဇိုရမ်ဘက်မှ ကုန်အဝင်နည်းသောကြောင့် ရခိုင်တွင် ကုန်ဈေးနူန်း ပြန်တက်
  • သေ့ဘောဘိုးစခန်းသိမ်းတိုက်ပွဲတွင် ၁၂၀ မမနှင့် လက်နက်ကြီးများ သိမ်းဆည်းရရှိ
  • ထိုင်းမှာ ၂ ရက်အတွင်း လူ သုံးသောင်းဝန်းကျင် ကိုဗစ် ကူးစက်ခံရ
  • စီးပွားရေးမြို့တော် ရန်ကုန်တွင် လူ ၂ ဒဿမ ၇ သန်းခန့် ဆင်းရဲကြပ်တည်းနေ
  • သေ့ဘောဘိုးစခန်းကို ကရင်ပူးပေါင်းတပ်များ သိမ်းပိုက် မြဝတီတောင်ပိုင်းတွင် နောက်ထပ် စခန်း ၃ ခုသာကျန်
  • ဖားကန့်တွင် ယမ်းဂိုထောင်ပေါက်ကွဲမှုကြောင့် လူနှစ်ဦး သေဆုံး
  • သေ့ဘောဘိုးတိုက်ပွဲ စစ်ကောင်စီ လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေ
  • အဆိုတော်ချမ်းချမ်းရဲ့ အွန်လိုင်းကုန်ပစ္စည်းတင်သွင်းရောင်းချသူတွေကို စစ်ကောင်စီဖမ်းဆီး
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»နေ့စဉ်သတင်း»ဖျာပုံအကျဥ်းသားများကို ထောင်ပြောင်းမည်ဆိုကာ ခေါ်ထုတ်သွား
နေ့စဉ်သတင်း

ဖျာပုံအကျဥ်းသားများကို ထောင်ပြောင်းမည်ဆိုကာ ခေါ်ထုတ်သွား

thanlwinkhetBy thanlwinkhetApril 5, 2024No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ဖျာပုံအကျဥ်းသားများကို ထောင်ပြောင်းမည်ဆိုကာ ခေါ်ထုတ်သွား

********

သဇင်

ဧပြီ ၅၊၂၀၂၄။

ဧရာဝတီတိုင်း ဖျာပုံအကျဉ်းထောင်က အကျဉ်းသား ၁၁ ဦးကို အင်းစိန်ထောင်နှင့် သာယာဝတီထောင်သို့ပြောင်းရွှေ့မည်ဟုဆိုကာ စစ်တပ်၊ရဲနှင့် အကျဉ်းဦးစီးဌာနက ခေါ်ထုတ်သွားသည်ဟု ယနေ့မနက် ၁၀ နာရီခန့်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် – PPNM က သတင်းထုတ်ပြန်သည်။

အဆိုပါ အကျဉ်းသား ၁၁ ဦးမှာ ပြီးခဲ့သည့်မတ်လ ၃၁ ရက်ဖြစ်စဉ်အတွင်း ဥပဒေမဲ့ရိုက်နှက်ခံခဲ့ရပြီး ထပ်တိုးထောင်ဒဏ် ၆ လ ထပ်မံချမှတ်ခံရသော နိုင်ငံရေးအကျဉ်းသားများလည်းပါဝင်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦး က “မနက်ခင်းကတည်းက ပါဆယ်လာပို့တဲ့သူတွေကို လက်မခံဘူး။ လူကြီးလမ်းကြောင်းရှိတယ်ဆိုတာ အကြောင်းပြတယ်။ မနက် ၁၀ နာရီမှာတော့ စစ်တပ်ရော၊ ရဲရော၊ ရဲထဲမှာဆို ရဲမှူးအဆင့်ရှိတဲ့သူတွေပါဝင်ပြီးမှ အင်းစိန်နဲ့သာယာဝတီထောင်ကို ထောင်ပြောင်းဖို့ဆိုပြီးမှ ခေါ်ထုတ်သွားတာ” ဟုဆိုသည်။

အဆိုပါအကျဉ်းသား ၁၁ ဦးတွင် နိုင်ငံရေးအကျဉ်းသား ၄ ပါဝင်သည်ဟု ကနဦးသိရှိထားပြီး အမိန့်ချမှတ်ပြီးသည့် အကျဉ်းသားများကို ထောင်ပြောင်းရန်စီစဉ်ခြင်းဖြစ်သည်ဟု ကိုသိုက်ထွန်းဦး က ဆက်ပြောသည်။

“၃၁ ရက်နေ့က အရိုက်ခံရတဲ့သူတွေထဲမှာ အမှုရင်ဆိုင်နေရဆဲ ပြည်သူတွေကိုတော့ သူတို့ထားခဲ့တယ်။ အမိန့်ကျပြီးသားသူတွေကိုတော့ သူတို့ခေါ်သွားတယ်။ ခေါ်သွားတဲ့အခါမှာလည်း အကျဉ်းထောင်ရဲ့ လုပ်ထုံး လုပ်နည်းအတိုင်း ရဲကားတွေ၊ စစ်ကားတွေနဲ့ ခေါ်တာမျိုးမဟုတ်ဘဲနဲ့ အိမ်စီးကားတွေနဲ့ ခေါ်ထုတ်သွားတာဖြစ်တဲ့အတွက် ပိုပြီး စိုးရိမ်ရပါတယ်”ဟုဆိုသည်။

ပြီးခဲ့သည့် မတ်လ ၃၁ ရက်တွင် ဖျာပုံအကျဉ်းထောင်ဝန်ထမ်း ၁ ဦးက သက်ကြီးပိုင်းနိုင်ငံရေးအကျဉ်းသား  ၁ ဦး အား ဆဲဆိုခဲ့သည်ကစ၍ ခိုက်ရန်ဖြစ်သည်အထိဖြစ်ပွားခဲ့ပြီး ထိုနေ့ညနေပိုင်းတွင် အကျဉ်းထောင်အတွင်း စစ်ကားများဝင်ရောက်လာကာ သေနတ်ပစ်ဖောက်ဖြိုခွင်းခဲ့သည်။

ယင်းနောက် အဆိုပါဖြစ်စဉ်အတွင်းပါဝင်ခဲ့သူ နိုင်ငံရေးအကျဉ်းသားအပါအဝင် အကျဉ်းသား ၁၇ ဦးခန့်ကို အချုပ်ခန်းပြင်ပခေါ်ထုတ်ကာ ရိုက်နှက်စစ်ဆေးမှုများလုပ်ဆောင်ခဲ့ပြီး ထောင်ဒဏ် ၆ လ ထပ်မံချမှတ်ခဲ့သည်။

ထိုအကျဉ်းသား ၁၇ ဦးခန့်တွင် အမှုရင်ဆိုင်နေရဆဲအကျဉ်းသားများလည်းပါဝင်နေသည်။

ယနေ့ ဧပြီလ ၅ ရက်၌ ထောင်ပြောင်းရွှေ့ခံရသူများထဲတွင်တော့ အမှုရင်ဆိုင်နေရသည့် အကျဉ်းသားများမပါဝင်ဘဲ အမိန့်ချမှတ်ပြီးသည့် အကျဉ်းသား ၁၁ ဦးကိုသာ ခေါ်ထုတ်သွားခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားကွန်ရက် တာဝန်ရှိသူများထံက သိရသည်။

ဓာတ်ပုံ – မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်။

ပုံစာ – မတ်လ ၃၁ ရက်တွင် ဥပဒေမဲ့ရိုက်နှက်ခံရသူများကို ဧပြီလ ၁ ရက်၌ ရုံးထုတ်လာစဉ်။

************

Telegram– >  https://t.me/ThanLwinKhetNews/4196

YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d

Website – > https://thanlwinkhet.net/?p=8983

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleမုပ္ပလင်ဂိတ်စခန်းကို ကျိုက်ထို KRF တိုက်ခိုက်
Next Article စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီး ၂ လအကြာ စစ်ကိုင်းဖက်ဒရယ်ကောင်စီထံချိတ်ဆက်သူ ၁၀၀ ကျော်ရှိလာ
thanlwinkhet
  • Website

Related Posts

မီဇိုရမ်ဘက်မှ ကုန်အဝင်နည်းသောကြောင့် ရခိုင်တွင် ကုန်ဈေးနူန်း ပြန်တက်

June 4, 2025

သေ့ဘောဘိုးစခန်းသိမ်းတိုက်ပွဲတွင် ၁၂၀ မမနှင့် လက်နက်ကြီးများ သိမ်းဆည်းရရှိ

June 4, 2025

စီးပွားရေးမြို့တော် ရန်ကုန်တွင် လူ ၂ ဒဿမ ၇ သန်းခန့် ဆင်းရဲကြပ်တည်းနေ

June 4, 2025

Leave A Reply Cancel Reply

Recent Posts

  • မီဇိုရမ်ဘက်မှ ကုန်အဝင်နည်းသောကြောင့် ရခိုင်တွင် ကုန်ဈေးနူန်း ပြန်တက်
  • သေ့ဘောဘိုးစခန်းသိမ်းတိုက်ပွဲတွင် ၁၂၀ မမနှင့် လက်နက်ကြီးများ သိမ်းဆည်းရရှိ
  • ထိုင်းမှာ ၂ ရက်အတွင်း လူ သုံးသောင်းဝန်းကျင် ကိုဗစ် ကူးစက်ခံရ
  • စီးပွားရေးမြို့တော် ရန်ကုန်တွင် လူ ၂ ဒဿမ ၇ သန်းခန့် ဆင်းရဲကြပ်တည်းနေ
  • သေ့ဘောဘိုးစခန်းကို ကရင်ပူးပေါင်းတပ်များ သိမ်းပိုက် မြဝတီတောင်ပိုင်းတွင် နောက်ထပ် စခန်း ၃ ခုသာကျန်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

မီဇိုရမ်ဘက်မှ ကုန်အဝင်နည်းသောကြောင့် ရခိုင်တွင် ကုန်ဈေးနူန်း ပြန်တက်

သေ့ဘောဘိုးစခန်းသိမ်းတိုက်ပွဲတွင် ၁၂၀ မမနှင့် လက်နက်ကြီးများ သိမ်းဆည်းရရှိ

ထိုင်းမှာ ၂ ရက်အတွင်း လူ သုံးသောင်းဝန်းကျင် ကိုဗစ် ကူးစက်ခံရ

စီးပွားရေးမြို့တော် ရန်ကုန်တွင် လူ ၂ ဒဿမ ၇ သန်းခန့် ဆင်းရဲကြပ်တည်းနေ

ယခင်သတင်းများ

  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

မီဇိုရမ်ဘက်မှ ကုန်အဝင်နည်းသောကြောင့် ရခိုင်တွင် ကုန်ဈေးနူန်း ပြန်တက်

June 4, 2025

သေ့ဘောဘိုးစခန်းသိမ်းတိုက်ပွဲတွင် ၁၂၀ မမနှင့် လက်နက်ကြီးများ သိမ်းဆည်းရရှိ

June 4, 2025

ထိုင်းမှာ ၂ ရက်အတွင်း လူ သုံးသောင်းဝန်းကျင် ကိုဗစ် ကူးစက်ခံရ

June 4, 2025

စီးပွားရေးမြို့တော် ရန်ကုန်တွင် လူ ၂ ဒဿမ ၇ သန်းခန့် ဆင်းရဲကြပ်တည်းနေ

June 4, 2025

သေ့ဘောဘိုးစခန်းကို ကရင်ပူးပေါင်းတပ်များ သိမ်းပိုက် မြဝတီတောင်ပိုင်းတွင် နောက်ထပ် စခန်း ၃ ခုသာကျန်

June 3, 2025

ဖားကန့်တွင် ယမ်းဂိုထောင်ပေါက်ကွဲမှုကြောင့် လူနှစ်ဦး သေဆုံး

June 3, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.