စစ်ကောင်စီကြောင့် တောင်ငူခရိုင်က ပြည်သူ ၂ ဦးသေ ဆုံး
*********
သံလွင်ခက်
မတ် ၂၁၊ ၂၀၂၄။
ကေအဲန်ယူ − ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ တောအူး(တောင်ငူ) ခရိုင် ထောတထူ (ထန်းတပင်) မြို့နယ်အတွင်း စစ်ကောင်စီတပ်များ၏ လုပ်ရပ်များကြောင့် ပြည်သူ ၂ ဦး သေဆုံးခဲ့သည်ဟု KNU က ယနေ့တွင်ထုတ်ပြန်သည်။
မတ်လ ၈ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လက် နက်ကြီးပစ်ခတ်မှုကြောင့် ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးတောင်ခြမ်းကျေးရွာအုပ်စု၊ လမင်းသာကျေးရွာနေ ဦးသိန်းမြင့် ၆၅ နှစ် လက်နက်ကြီးထိမှန်ကာ သေဆုံးခဲ့သည်။
အလားတူ မတ်လ ၁၈ ရက်တွင်လည်း ဇရပ်ကြီးတောင်ခြမ်းကျေးရွာအုပ်စု၊ ဂွေးကုန်းကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဦးတင်ဆောင် ၇၀ နှစ်အား ဖမ်းဆီးပြီး ကြိုးတုပ်ကာ ဓါတ်ဆီလောင်းမီးရှို့သတ်ဖြတ်ခဲ့သည်ဟု KNU ကထုတ်ပြန်ထားသည်။
ဓာတ်ပုံ − တောအူးခရိုင်။
ပုံစာ − စစ်ကောင်စီတပ်ကြောင့် သေဆုံးခဲ့ရသည့် ပြည်သူ ၂ ဦး။
************
Telegram– > https://t.me/newstlk/3905
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8551