• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • မောင်တော ဒေသခံ ၃ ဦးကို အာဆာထပ်မံ ဖမ်းဆီး
  • ရခိုင်တွင် ဒေသထွက် အုန်းသီးဈေး နှစ်ဆမြင့်တက်
  • ကျားဖြန့်ဂိုဏ်းများမှ ထွက်ပြေးလာသူများကို စီစစ်၍ အရေးယူမည်ဟု ထိုင်းအာဏာပိုင်များ ပြော
  • KK Park မှ ထွက်ပြေးတိမ်းရှောင်လာသူများအား ယာယီစခန်း ၄ ခုတွင် နေထိုင်ခွင့်ပြုထား
  • မောင်တောတွင် ARSA အဖွဲ့ ပစ်သတ်၍ ဒေသခံများ သေဆုံးဒဏ်ရာရ
  • အာဆီယံထိပ်သီး အစည်းအဝေး စစ်‌ခေါင်းဆောင် မင်းအောင်လှိုင် တက်ခွင့် မရ
  • TNLA ထိန်းချုပ်နယ်မြေများတွင် သုံးပတ်အတွင်း ဗုံး ၃၅ ကြိမ် ကြဲခံရ
  • ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သား သိန်းနှင့်ချီ အလုပ်လက်မဲ့ ဖြစ်နေ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»တိုက်ပွဲသတင်း»မြောက်ဦးတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၄ ဦးအပါအဝင် ပြည်သူ ၅ ဦးသေဆုံး
တိုက်ပွဲသတင်း

မြောက်ဦးတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၄ ဦးအပါအဝင် ပြည်သူ ၅ ဦးသေဆုံး

thanlwinkhetBy thanlwinkhetMarch 21, 2024No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

မြောက်ဦးတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၄ ဦးအပါအဝင် ပြည်သူ ၅ ဦးသေဆုံး
**********************

ယမင်းဖူးပွင့်အောင်
မတ် ၂၁၊ ၂၀၂၄။

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၅ ဦးသေဆုံးပြီး ၁၀ဦး‌ခန့်ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံက သိရသည်။

မြောက်ဦးမြို့နယ် လေညှင်းတောင်ကျေးရွာကို ယနေ့နံနက် ၉နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ပြီး အသက်၂နှစ်၊ ၅နှစ်၊ ၉နှစ်နှင့် ၁၂ နှစ်အရွယ် ကလေးငယ် ၄ဦးအပါအဝင် အသက် ၃၈ နှစ် အရွယ်‌အမျိူးသမီး ၁ဦးတို့ သေဆုံးခဲ့ရသည်ဟု မြောက်ဦးဒေသခံ ၁ဦးက သံလွင်ခက်ကိုပြောသည်။

၎င်းက ” တိုက်ပွဲ ဖြစ်တာလည်း မရှိဘူး ။ ဒီတိုင်း လာပစ်တာပေါ့။ နံနက်ပိုင်းဆိုတော့ လူတွေက ပုံမှန် သွားလာနေကြတယ်။ ရွာထဲကို ဂျက်လေယာဉ် နဲ့ ၄ ချက်လောက် ဆက်တိုက်ချခဲ့တယ် ”ဟု ဆိုသည်။


ကလေးငယ် ၄ဦးအပါအဝင် ပြည်သူ ၅ဦးသေဆုံးခဲ့သည့်အပြင် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် ၁၀ နှစ်အရွယ် ကလေးငယ် ၂ ဦးအပါအဝင် ၁၀ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံက သိရသည်။

လေကြောင်းတိုက်ခိုက်ခံခဲ့ရသည့် လေညှင်းတောင်ကျေးရွာသည် အိမ်ခြေ ၂၀၀ခန့်ရှိသည့် ကျေးရွာဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် အိမ်ခြေအများအပြားထိခိုက်ပျက်စီးခဲ့ရသည်ဟု သိရသည်။

မြောက်ဦးမြို့နယ်တွင် နောက်ဆုံးကျန်ရှိသည့် စစ်ကောင်စီ ခမရ-၃၇၇တပ်ရင်းကို ဖေဖော်ဝါရီ ၆ရက်နေ့တွင်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် မြောက်ဦးမြို့နယ် ၁ခုလုံးကို ရက္ခိုင့်တပ်တော်-AA က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

ပုံစာ – လေကြောင်းတိုက်ခိုက်ခံခဲ့ရသည့် လေညှင်းတောင်ကျေးရွာမြင်ကွင်း။

Photo – DMG

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleကနီစစ်ရှောင်များ စားဝတ်နေရေးအခက်ကြုံနေ
Next Article စစ်ကောင်စီကြောင့် တောင်ငူခရိုင်က ပြည်သူ ၂ ဦးသေ ဆုံး
thanlwinkhet
  • Website

Related Posts

ရခိုင်တွင် ဒေသထွက် အုန်းသီးဈေး နှစ်ဆမြင့်တက်

October 24, 2025

မောင်တောတွင် ARSA အဖွဲ့ ပစ်သတ်၍ ဒေသခံများ သေဆုံးဒဏ်ရာရ

October 23, 2025

အာဆီယံထိပ်သီး အစည်းအဝေး စစ်‌ခေါင်းဆောင် မင်းအောင်လှိုင် တက်ခွင့် မရ

October 23, 2025

Leave A Reply Cancel Reply

Recent Posts

  • မောင်တော ဒေသခံ ၃ ဦးကို အာဆာထပ်မံ ဖမ်းဆီး
  • ရခိုင်တွင် ဒေသထွက် အုန်းသီးဈေး နှစ်ဆမြင့်တက်
  • ကျားဖြန့်ဂိုဏ်းများမှ ထွက်ပြေးလာသူများကို စီစစ်၍ အရေးယူမည်ဟု ထိုင်းအာဏာပိုင်များ ပြော
  • KK Park မှ ထွက်ပြေးတိမ်းရှောင်လာသူများအား ယာယီစခန်း ၄ ခုတွင် နေထိုင်ခွင့်ပြုထား
  • မောင်တောတွင် ARSA အဖွဲ့ ပစ်သတ်၍ ဒေသခံများ သေဆုံးဒဏ်ရာရ

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

မောင်တော ဒေသခံ ၃ ဦးကို အာဆာထပ်မံ ဖမ်းဆီး

ရခိုင်တွင် ဒေသထွက် အုန်းသီးဈေး နှစ်ဆမြင့်တက်

ကျားဖြန့်ဂိုဏ်းများမှ ထွက်ပြေးလာသူများကို စီစစ်၍ အရေးယူမည်ဟု ထိုင်းအာဏာပိုင်များ ပြော

KK Park မှ ထွက်ပြေးတိမ်းရှောင်လာသူများအား ယာယီစခန်း ၄ ခုတွင် နေထိုင်ခွင့်ပြုထား

ယခင်သတင်းများ

  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

မောင်တော ဒေသခံ ၃ ဦးကို အာဆာထပ်မံ ဖမ်းဆီး

October 24, 2025

ရခိုင်တွင် ဒေသထွက် အုန်းသီးဈေး နှစ်ဆမြင့်တက်

October 24, 2025

ကျားဖြန့်ဂိုဏ်းများမှ ထွက်ပြေးလာသူများကို စီစစ်၍ အရေးယူမည်ဟု ထိုင်းအာဏာပိုင်များ ပြော

October 24, 2025

KK Park မှ ထွက်ပြေးတိမ်းရှောင်လာသူများအား ယာယီစခန်း ၄ ခုတွင် နေထိုင်ခွင့်ပြုထား

October 23, 2025

မောင်တောတွင် ARSA အဖွဲ့ ပစ်သတ်၍ ဒေသခံများ သေဆုံးဒဏ်ရာရ

October 23, 2025

အာဆီယံထိပ်သီး အစည်းအဝေး စစ်‌ခေါင်းဆောင် မင်းအောင်လှိုင် တက်ခွင့် မရ

October 23, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.