• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်
  • ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး
  • စစ်တွေတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် လက်နက်ကြီးသံများ ဆက်တိုက်ထွက်ပေါ်
  • ဘက်စုံပိတ်ဆို့မှုကြောင့် စစ်တွေလက်လုပ်လက်စားများ အငတ်ဘေး ရင်ဆိုင်နေရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»တိုက်ပွဲသတင်း»စစ်ကောင်စီ၏ ရှေ့တန်းကာကင်းစခန်း ၄ ခုကို KIA ထပ်မံသိမ်းပိုက်
တိုက်ပွဲသတင်း

စစ်ကောင်စီ၏ ရှေ့တန်းကာကင်းစခန်း ၄ ခုကို KIA ထပ်မံသိမ်းပိုက်

thanlwinkhetBy thanlwinkhetMarch 18, 2024No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

စစ်ကောင်စီ၏ ရှေ့တန်းကာကင်းစခန်း ၄ ခုကို KIA ထပ်မံသိမ်းပိုက်

****************************

ထွယ်

မတ် ၁၈၊ ၂၀၂၄။

ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ရှေ့တန်းကာကင်းစခန်း ၄ ခုကို ယမန်နေ့ မတ်လ ၁၇ ရက်တွင် ကချင်လွတ်လပ်ရေးတပ်မတော် – KIA နှင့် ပူးပေါင်းတပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်ဟု ရှေ့တန်းရဲဘော်များထံက သိရသည်။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁ ဦးကို အရှင်ဖမ်းဆီးခဲ့ပြီး ကျန်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စခန်းစွန့်ခွာထွက်ပြေးသွားသဖြင့် ယနေ့နံနက်ထိ လိုက်လံဖမ်းဆီးနေသည်ဟု KIA ရှေ့တန်းသတင်းရင်းမြစ် ၁ ဦးက သံလွင်ခက်ကို ပြောသည်။

၎င်းက “မန်ဒါ – Man da စခန်းက ၁ ယောက်ကို အရှင်ဖမ်းမိတယ်။ ထွက်ပြေးသွားတဲ့သူတွေကိုတော့ ကျွန်တော်တို့ အခုထိ လိုက်ဖမ်းနေတုန်းပဲ” ဟု ပြောသည်။

စစ်ကောင်စီ၏ မန်ဒါ – Man da  တပ်စခန်းကို ယမန်နေ့နံနက် ၉ နာရီခန့်က KIA ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြစ်ပြီး အဆိုပါ တပ်စခန်းအပြင် ယင်းတပ်အနီးရှိ စစ်ကောင်စီ၏ ဂဒေါ့် ခရက် – Gadaw hkyet တပ်စခန်း၊ ဖကောန်း – (Hpakawn) တပ်စခန်းနှင့် ဘွမ်ကပေါ် – Bum Kapaw တပ်စခန်းများကိုလည်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု ရှေ့တန်းသတင်းရင်းမြစ်က ပြောသည်။

ယမန်နေ့ တိုက်ခိုက်သိမ်းပိုက်ခံရသည့် စစ်ကောင်စီ၏ တပ်စခန်းများသည် မိုးမောက်မြို့ အရှေ့မြောက်ပိုင်းတွင်ရှိပြီး ပရန်ဟူးဒုန်း – Prang kadung ကျေးရွာအနီး၌ရှိသည့် တပ်စခန်းများဖြစ်သည်။

စစ်ကောင်စီတပ်စခန်းများရှိသည့် ကျေးရွာများသည် မိုးမောက်မြို့နှင့် မိုင် ၂၀ ခန့်ဝေးပြီး မိုးမောက်မြို့အခြေစိုက် စစ်ကောင်စီ၏ ခမရ – ၄၃၇ တပ်ကလည်း ယင်းနေရာများသို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့သည်ဟု မိုးမောက်မြို့ ဒေသခံအမျိုးသား ၁ ဦးက ပြောသည်။

၎င်းက “သူတို့က လက်နက်ကြီးကို နေရာပြောင်းထားပြီး ရှယ်ပစ်နေတာ။ လယ်တောနားက ကုန်းမှာ လက်နက်ကြီးဆင်ထားတယ်။ မိုးမောက်ကနေ လှမ်းပစ်နေတာ အိမ်ပါတုန်တယ်” ဟု ပြောသည်။

ဂဒေါ့် ခရက် – Gadaw hkyet ကျေးရွာ၊ မန်ဒါ – Man da ကျေးရွာနှင့် ဖကောန်း – Hpakawn ကျေးရွာ အပါအဝင် ပရန်ဟူးဒုန်း – Prang kadung ကျေးရွာရှိဒေသခံများသည် ၎င်းတို့ကျေးရွာအနီး၌ တိုက်ပွဲဖြစ်ပွားသဖြင့် နေရပ်စွန့်ခွာ တိုက်ပွဲတိမ်းရှောင်နေသည်မှာ ၂ နှစ်ခန့်ရှိပြီဟု ဒေသခံအမျိုးသမီး ၁ ဦးက ပြောသည်။

ကချင်ပြည်နယ်တွင် တိုက်ပွဲများပြင်းထန်နေသည်မှာ ၂ ပတ်ခန့်ရှိပြီဖြစ်ပြီး ယနေ့အချိန်ထိလည်း ကချင်လွတ်လပ်ရေးတပ်မတော် – KIA ၏ တပ်မဟာ ၁ နယ်မြေ၊ တပ်မဟာ ၃ နယ်မြေ အပါအဝင် ယနေ့နံနက်တွင်လည်း တပ်မဟာ ၂ နယ်မြေ၌ တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။

************

Telegram– >  https://t.me/newstlk/3811

YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d

Website – >   https://thanlwinkhet.net/?p=8430

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleတပ်သားသစ်အပ်နှံရန် လုပ်ဆောင်နေသည့် အုပ်ချုပ်ရေးမှူးများကို ရေဘီလူးတပ်အရေးယူမည်
Next Article ကနီမြို့သိမ်းသင်ခန်းစာ “ကျည်ကုန် တပ်ပျက်ဖြစ်တော့ ကိုယ်ကစလုပ်ပြီး ကိုယ်ပြန်ပြေးရသလို ဖြစ်တာပါပဲ “
thanlwinkhet
  • Website

Related Posts

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ခရစ္စမတ်နေ့ဆုတောင်းသည့် ဒိုက်ဦးနိုင်ကျဉ်းသူများ ရိုက်နှက်ခံရ

December 29, 2025

ရွေးကောက်ပွဲအကြောင်းပြ ကရင်နီကုန်သွယ်လမ်းများ စစ်ကော်မရှင်ပိတ်

December 28, 2025

Leave A Reply Cancel Reply

Recent Posts

  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

December 31, 2025

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

December 31, 2025

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

December 31, 2025

ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

December 31, 2025

ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး

December 30, 2025
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.