• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်
  • ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး
  • စစ်တွေတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် လက်နက်ကြီးသံများ ဆက်တိုက်ထွက်ပေါ်
  • ဘက်စုံပိတ်ဆို့မှုကြောင့် စစ်တွေလက်လုပ်လက်စားများ အငတ်ဘေး ရင်ဆိုင်နေရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»နေ့စဉ်သတင်း»နေအိမ် ၂၀၀ ကျော်မီးရှို့ခံရသည့် သက္ကယ်ကျင်းကျေးရွာတွင် ဒေသခံအလောင်း ၃ လောင်းတွေ့ရှိ
နေ့စဉ်သတင်း

နေအိမ် ၂၀၀ ကျော်မီးရှို့ခံရသည့် သက္ကယ်ကျင်းကျေးရွာတွင် ဒေသခံအလောင်း ၃ လောင်းတွေ့ရှိ

thanlwinkhetBy thanlwinkhetMarch 15, 2024No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

နေအိမ် ၂၀၀ ကျော်မီးရှို့ခံရသည့် သက္ကယ်ကျင်းကျေးရွာတွင် ဒေသခံအလောင်း ၃ လောင်းတွေ့ရှိ

***************************

နန်းဆုပန့်ခန့်

မတ် ၁၅၊ ၂၀၂၄။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ၊ သက္ကယ်ကျင်းကျေးရွာကို ယမန်နေ့တွင် စစ်ကောင်စီတပ်က နေအိမ် ၂၀၀ ဝန်းကျင် မီးရှို့ခဲ့ပြီး မီးလောင်သည့်အထဲတွင် ဒေသခံအလောင်း ၃ လောင်း တွေ့ရှိခဲ့သည်ဟု ဒေသခံများထံက သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မုံရွာမြို့ပေါ်မှ သက္ကယ်ကျင်းကျေးရွာသို့ စစ်ကားအကြီး ၈ စီးခန့်ဖြင့် စတင်ဝင်ရောက်ကာ သေနတ်များပစ်ဖောက်ခဲ့ပြီးနောက် ဒေသခံများ၏ နေအိမ်များကို မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု မီးငြှိမ်းသတ်ခဲ့သော ဒေသခံအမျိုးသား ၁ ဦးက ပြောသည်။

၎င်းက “ ၁၁ နာရီလောက်မှာ ဝင်ပစ်ကြရင်း ၁ နာရီခွဲမှာ ရွာကိုမီးရှို့တယ်။ ကျွန်တော်တို့ကတော့ သူတို့ထွက်သွားမှ သွားပြီးမီးငြှိမ်းလို့ရတာပေါ့။ ၇ နာရီကျော်လောက်မှ မီးစငြှိမ်းရတာ။ ၁၁ ခွဲမှ မီးငြှိမ်းနိုင်ခဲ့တာ။ မီးသတ်ကားတွေပါလို့ အဲ့အချိန်ပြီးတာ” ဟု ဆိုသည်။

စစ်ကောင်စီတပ်၏မီးရှို့မှုကြောင့် သက္ကယ်ကျင်းကျေးရွာရှိ နေအိမ်အလုံး ၂၀၀ ခန့်မီးလောင်ပျက်စီးခဲ့သည့်အပြင် ဒေသခံ ၃ ဦးလည်း မီးလောင်သေဆုံးခဲ့သည်ဟု ဒေသခံများထံက သိရသည်။

မီးလောင်သေဆုံးခဲ့သည့် ဒေသခံများသည် အသက် ၂၂ နှစ်အရွယ် ၁ ဦး ၊ အသက် ၃၂ နှစ်ဝန်းကျင်အရွယ် ၁ ဦးနှင့် အသက် ၃၄ နှစ်အရွယ် ၁ ဦးတို့ဖြစ်ကြသည်။

ဒေသခံ ၁ ဦးက “ နေအိမ် ၂၀၀ နီးပါးပဲ။ မီးလောင်တဲ့အထဲမှာ ညက အလောင်း ၂ လောင်းက ပြာကျနေပြီး ၁လောင်းက နည်းနည်းပဲကျန်တော့တယ်။ မီးလောင်သွားတဲ့ဒေသခံတွေက အမျိုးသမီး ၁ ယောက်နဲ့ အမျိုးသား ၂ ယောက်ပါတယ် ” ဟု ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် သက္ကယ်ကျင်းကျေးရွာကိုမီးရှို့သွားသည့်အပြင် ဒေသခံ ၅၀ ဦး ခန့်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသခံများထံက သိရသည်။

မီးရှို့ဖျက်ဆီးမှုများကြောင့် သက္ကယ်ကျင်းကျေးရွာတွင် နေအိမ်အလုံး ၃၀ ခန့်သာကျန်ရှိပြီး ဒေသခံများသည်လည်း မုံရွာမြို့နယ်ရှိ မိုးညှင်းသမ္ဗုဒ္ဓေ ဘုရားတွင် သွား ရောက်ခိုလှုံနေကြရသည်ဟု သိရသည်။

မိုးညှင်းသမ္ဗုဒ္ဓေဘုရားတွင် လာရောက်တိမ်းရှောင်နေသည့် စစ်ဘေးရှောင်ပြည်သူ ၃,၀၀၀ နီးပါးရှိပြီး အများအားဖြင့် နေအိမ်မီးလောင်သည့်ကျေးရွာက ဒေသခံများဖြစ်သည်ဟုလည်း တပိုင်တနိုင်ကူညီသူ ၁ ဦးကဆို သည်။

၎င်းက “ နဂါးတွင်းရွာ၊ ကံပြားလေးရွာ၊ ကြာပိုင်ရွာ၊ ထနောင်းတော၊ ကံဇီ၊ ကနီ၊ သက္ကယ်ကျင်း၊ ကူတော၊ မုံရွေး-ကြေးမုံ၊ ညောင်ကန် တွေပေါ့။ အတိအကျဆိုရင် ကျောက္ကာဘက်က ၄ ရွာ၊ မုံရွာတောင်လတ်က ၆ ရွာ၊ ကနီက ၃ ရွာ စုစုပေါင်း ၁၃ ရွာပေါ့။ အဲဒီဘုရားမှာက စစ်ရှောင်တွေက တော်တော်များများ နေအိမ်မီးလောင်သွားတဲ့ ဒေသခံတွေပဲများတယ်” ဟု ဆိုသည်။

အဆိုပါ စစ်ဘေးရှောင်များကို အခြားကူညီသူအဖွဲ့အစည်းများက လာရောက်ကူညီပေးခြင်းမရှိဘဲ မြို့ပေါ် ကဒေသခံပြည်သူများက အလှည့်ကျကူညီနေခြင်းဖြစ် သည်ဟု ကူညီသူများထံက သိရသည်။

လက်ရှိအချိန်တွင် စစ်ရှောင်များသည် အဝတ်အစား၊ ဖိနပ်၊ စားနပ်ရိက္ခာ စသည့်အကူအညီများလိုအပ်လျက်ရှိသည်ဟု ကူညီသူများကဆိုသည်။

ဓာတ်ပုံ –  Commando Force

ပုံစာ – စစ်ကောင်စီတပ်ဖွဲ့ဝင်များက သက်ကယ်ကျင်းရွာကို ဝင်ရောက်မီးရှို့ပြီးနောက်မြင်ကွင်း။

************

အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – >  https://t.me/newstlk/3765

YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d

Website – >   https://thanlwinkhet.net/?p=8357

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous ArticleNUG ယာယီသမ္မတ နှင့် ပြည်ထောင်စုဝန်ကြီးချုပ်ထံ ကာကွယ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူများ သွားရောက် တွေ့ဆုံ၊ စစ်ရေးအခြေအနေများတင်ပြ
Next Article စစ်မှုထမ်းဥပဒေနဲ့ ပြေးစရာမြေမရှိတော့တဲ့ မြန်မာလူငယ်တွေ
thanlwinkhet
  • Website

Related Posts

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ခရစ္စမတ်နေ့ဆုတောင်းသည့် ဒိုက်ဦးနိုင်ကျဉ်းသူများ ရိုက်နှက်ခံရ

December 29, 2025

ရွေးကောက်ပွဲအကြောင်းပြ ကရင်နီကုန်သွယ်လမ်းများ စစ်ကော်မရှင်ပိတ်

December 28, 2025

Leave A Reply Cancel Reply

Recent Posts

  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

December 31, 2025

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

December 31, 2025

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

December 31, 2025

ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

December 31, 2025

ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး

December 30, 2025
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.