NUG ယာယီသမ္မတ နှင့် ပြည်ထောင်စုဝန်ကြီးချုပ်ထံ ကာကွယ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူများ သွားရောက် တွေ့ဆုံ၊ စစ်ရေးအခြေအနေများတင်ပြ
**************************
သံလွင်ခက်
မတ် ၁၅ ၊ ၂၀၂၄
အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ယာယီသမ္မတ ဒူဝါလရှီးလနှင့် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တို့ထံ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့် ဒုဝန်ကြီးတို့ အသီးသီးသွားရောက်တွေ့ဆုံပြီး လက်ရှိ စစ်ရေးအခြေအနေများကို တင်ပြဆွေးနွေးခဲ့ကြသည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့တွင် ထုတ်ပြန် သည်။
ယာယီသမ္မတ ဒူဝါလရှီးလ ထံ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန် က သွားရောက်တင်ပြ ဆွေးနွေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ထံ ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး နိုင်ကောင်းရွက် က သွားရောက်တင်ပြဆွေးနွေးခဲ့ကြသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF များသည် လက်ရှိအချိန်တွင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့များ ၊ မဟာမိတ်အဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တိုက်ထုတ်နေသည်ဟုဆိုသည်။
လတ်တလောဖြစ်ပွားနေသည့် ကရင်ပြည်နယ်တိုက်ပွဲများတွင်လည်း KNLA နှင့်အတူ ပူးပေါင်းတိုက်ခိုက်နေခြင်း ၊ ကချင်ပြည်နယ်၌ KIA နှင့် အတူပူးပေါင်းတိုက်ခိုက်နေခြင်း ၊ ကရင်နီပြည်တွင် KNDF နှင့်အတူ ပူးပေါင်းတိုက်ခိုက်နေခြင်းများအပြင် အခြားသော တိုင်းရင်းသားဒေသများတွင်လည်း စစ်ကောင်စီတပ် အမြတ်ပြတ်ချေမှုန်းရေးတိုက်ပွဲများ ဖော်ဆောင်လျက်ရှိသည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
စစ်ကောင်စီတပ်ကို အမြစ်ပြတ်ချေမှုန်းရေးအတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော်က မဟာဗျူဟာမြောက် လုပ်ဆောင်နေသည့် အကြောင်းအရာများကိုလည်း တင်ပြဆွေးနွေးခဲ့သည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3764
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8353