စလင်းမြို့တွင် စစ်ကောင်စီ MiG -29 တိုက်လေယာဉ်ပျက်ကျ
************************************
သဇင်
ဖေဖော်ဝါရီ ၂၉၊၂၀၂၄။
မကွေးတိုင်း ၊ မင်းဘူးခရိုင် ၊ စလင်းမြို့နယ် ကြို့ဝန်း
ကျေးရွာအနီးတွင် စစ်ကောင်စီ၏တိုက်လေယာဉ် ၁ စင်း ပျက်ကျခဲ့သည်ဟု ဒေသခံများထံက သိရသည်။
ယနေ့ ဖေဖော်ဝါရီလ ၂၉ရက် နေ့လယ် ၁၂ နာရီ ၄၅အချိန်ခန့်တွင် စစ်ကောင်စီ၏ MiG -29 တိုက်လေယာဥ်သည် လေကြောင်းအတိုင်း အမြင့်ပျံသန်းလာရင်းကနေ အနိမ့်အနေထားသို့ရောက်ရှိကာ ဇောက်ထိုးကျခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
လေယာဥ်ပျက်ကျချိန်တွင် လေယာဉ်မောင်းသူအပါ အဝင် အကူမောင်းနှင်သူပါ လေထီးဖြင့် အချိန်မီခုန်ချနိုင်ခဲ့သဖြင့် လွတ်မြောက်ခဲ့သည်ဟု မင်းဘူးခရိုင် ပကဖ ပြန်ကြားရေးတာဝန်ခံက သံလွင်ခက်ကို ပြောသည်။
“မောင်းတဲ့သူနဲ့ အကူမောင်းတဲ့သူ ၁ ဦးကတော့ လေထီးနဲ့ခုန်ချလွတ်မြောက်သွားတယ်။ လေထီးနဲ့ ခုန်ချလွတ် မြောက်သွားတဲ့ ၂ ဦးလုံးကို Mi – 17နဲ့ လာပြီးကယ်ထုတ်သွားတယ်။ လေယာဉ်က အစိတ်အပိုင်းတွေလည်းပြန့်ကျဲနေတယ်။အပိုင်းနှစ်ပိုင်းပြတ်ပြီး မီးလောင်သွားတယ်”ဟုဆိုသည်။
အဆိုပါတိုက်လေယာဉ်သည် မကွေးလေတပ်စခန်းဌာနချုပ်က ပျံသန်းလာခြင်းဖြစ်ပြီး လေ့ကျင့်ပျံသန်းနေချိန် ပျက်ကျခဲ့ခြင်းဖြစ်သည်ဟု သူက ဆက်ပြောသည်။
လေယာဉ်ပျက်ကျပြီးနောက် Mi -17 အပြင် မြေပြင်ရှိ ရဲနှင့်စစ်သားများ လေယာဉ်ပျက်ကျရာနေရာသို့ရောက်ရှိလာပြီး လုံခြုံရေးယူထားသည့်အနေအထားတွင်ရှိနေ
သည်ဟု ဒေသခံများထံက သိရသည်။
လေယာဥ်ပျက်ကျမှုဖြစ်စဥ်နှင့် ပတ်သတ်၍ စစ်သားနှင့် ရဲများ ရောက်ရှိလာခြင်းကြောင့် ဒေသခံများ စိုးရိမ်
ထိတ်လန့်နေကြသည်။
ပုံစာ – ဖေဖော်ဝါရီလ ၂၉ရက်တွင် စလင်းမြို့၌ ပျက်ကျခဲ့သည့် စစ်ကောင်စီ၏ MiG -29တိုက်လေယာဉ်။
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3584
YouTube – > https://youtu.be/eEaLA1Cu5r0
Website – > https://thanlwinkhet.net/?p=8028