ပဲခူးခရိုင် အထူးတပ်ဖွဲ့ ဖွဲ့စည်း
*************
သံလွင်ခက်
ဖေဖော်ဝါရီ ၉ ၊ ၂၀၂၄။
အမျိုးသားညီညွတ်ရေးအစိုးရ – NUG ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပဲခူးတိုင်း၊ ပဲခူးခရိုင်အထူးတပ်ဖွဲ့ကို ယနေ့ ဖေဖော်ဝါရီ ၉ ရက်တွင် အမှတ် ၂ စစ်ဒေသခွဲ တော်လှန်ရေးနယ်မြေ၌ ဖွဲ့စည်းခဲ့သည်။
ကာကွယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုအတိုင်း ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု ခရိုင်တာဝန်ခံ ကိုဖြိုးမောင်က သံလွင်ခက် သတင်းဌာနကို ပြောသည်။
၎င်းက ” ခရိုင် ပကဖ ၈ မြို့နယ်က ရဲဘော်တွေနဲ့ ကာကွယ်ရေးဝန်ကြီးဌာနလမ်းညွှန်မှုအတိုင်း ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ စစ်ရေးတွေလည်း အရှိန်မြှင့်လာပြီဖြစ်တဲ့အတွက် အဓိကလိုအပ်နေတာကတော့ လက်နက်ခဲယမ်းနဲ့ ရိက္ခာပိုင်းဆိုင်ရာတွေ ဖြစ်တယ် ” ဟု ဆိုသည်။
ပဲခူးခရိုင် ၈ မြို့နယ်ရှိ ပကဖရဲဘော်များသည် မိမိတို့မြို့နယ်အလိုက် စစ်ရေးများဆောင်ရွက်နေပြီး ပူးပေါင်းတပ်ဖွဲ့ များနှင့်လည်း စစ်ရေးဆောင်ရွက်မှုများ လုပ်ဆောင်လျက်ရှိသည်ဟု ကိုဖြိုးမောင်က ထပ်မံပြောဆိုသည်။
ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ပဲခူးတိုင်းအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် စစ်ကောင်စီ ဒေါက်တိုင် ၂၅ ဦး သေဆုံးခဲ့ပြီး ၂၆ ဦးထိခိုက်ဒဏ်ရာရှိခဲ့သည်ဟု ပဲခူးတိုင်း၊ တိုင်းစစ်ဌာနက စစ်ရေးအကျဉ်းချုပ်အနေဖြင့် ဖေဖော်ဝါရီ ၇ ရက်တွင် ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – ပေးပို့
ပုံစာ- အထူးတပ်ဖွဲ့ စစ်ရေးတာဝန်ခံနှင့် တပ်စုမှူးများ တွေ့ဆုံနေသည့်မြင်ကွင်း။
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3291
YouTube – > https://youtu.be/eEaLA1Cu5r0
Website – > https://thanlwinkhet.net/?p=7599