မဘိမ်းမြို့သိမ်းတိုက်ပွဲတွင် KIA နှင့်အတူ AA ပူးပေါင်းပါဝင်
************************
သဇင်
ဇန်နဝါရီ ၂၃ ၊၂၀၂၄။
ရခိုင်ပြည်နယ်တွင် စစ်ဆင်ရေးများဆက်တိုက်ဖော်ဆောင်နေပြီး စစ်ကောင်စီတပ်နှင့် တိုက်ပွဲပြင်းထန်နေသည့် ရက္ခိုင့်တပ်တော် AA သည် မဘိမ်းမြို့သိမ်းစစ်ဆင်ရေးတွင်လည်း ကချင်လွတ်မြောက်ရေးတပ်မတော် – KIA နှင့် အတူ ပူးပေါင်းပါဝင်ခဲ့သည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားသည်။
ရှမ်း – ကချင်နယ်စပ် မိုးမိတ်ခရိုင်တွင်းတည်ရှိသည့် မဘိမ်းမြို့နယ်၊ စစ်ကောင်စီရဲစခန်းနှင့် တပ်စခန်းကုန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် – KIA နှင့် KPDF တို့က ဇန်နဝါရီလ ၂၀ ရက်တွင် စတင်တိုက်ခိုက်ခဲ့ပြီး ဇန်န ဝါရီလ ၂၁ ရက်တွင် အလုံးစုံထိန်းချုပ်ထားနိုင်ပြီဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သည် မဘိမ်းမြို့ပေါ်ကို လေယာဉ်ဖြင့်ဆက်တိုက် ဗုံးကြဲမှုများလုပ်ဆောင် ခဲ့သော်လည်း ပူးပေါင်းတပ်များကသိမ်းပိုက်နိုင်ခဲ့သည်။
ရက္ခိုင့်တပ်တော် – AA သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်နှင့် စစ်ကိုင်းတိုင်းတို့တွင် မဟာမိတ်တပ်များနှင့် ပူးပေါင်းပြီး စစ်ဆင်ရေးများဆင်နွှဲနေပြီး ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ ရက်ကစ၍ ရခိုင်ပြည်နယ်တွင် ထိုးစစ်ဆင်နွှဲ နေရာ ပြင်းထန်တိုက်ပွဲများ နေ့စဥ်ဖြစ်ပွားနေသည်။
ယမန်နေ့တွင်လည်း ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်၊ ကျောက်ဖြူ၊ ပေါက်တော၊ မြောက်ဦး၊ မင်းပြားနှင့် ရသေ့ တောင်မြို့နယ်များတွင် ရက္ခိုင့်တပ်တော် – AA နှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေခဲ့ သည်။
ထို့ပြင် ကျောက်ဖြူမြို့နယ်ရှိ စစ်ကောင်စီ၏ “ဓညဝတီရေတပ်ဌာနချုပ်စခန်း” အား ရက္ခိုင့်တပ်တော် – AA က ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်ခဲ့သည်။
တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်နယ်ကို စစ်ကောင်စီက လေကြောင်း၊ ရေကြောင်းတို့ဖြင့် အဓိကအင်အားဖြည့် တင်းနေပြီး ယမန်နေ့တွင်လည်း မင်းပြားမြို့ကိုရေကြောင်းကတဆင့် အင်အားဖြည့်တင်းနေသည့် စစ်ကောင်စီ သင်္ဘောများက မြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာများအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။
*****************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3119
YouTube – > https://youtu.be/cZ9bsHWX2EU
Website – > https://thanlwinkhet.net/?p=7211