မိုးကုတ်တွင် စစ်ကောင်စီလက်နက်ကြီးကြောင့် ဒေသခံပြည်သူ ၂ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ
***************
ယမင်းဖူးပွင့်အောင်
ဇန်နဝါရီ ၂၀ ၊ ၂၀၂၄။
မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်တွင် စစ်ကောင်စီ၏လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၂ ဦး သေဆုံးခဲ့သည်ဟု သိရသည်။
ယမန်နေ့ နံနက် ၁၁ နာရီ ၂၅ မိနစ်အချိန်တွင် စစ်ကောင်စီ ၅ မိုင်တပ်စခန်းမှ ၈ မိုင် ရှိ ပိန်းပြစ်ရွာသို့ လက်နက် ကြီးဖြင့် ၁၀ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – TNLA က သတင်းထုတ်ပြန်ထားသည်။
စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် ဒေသခံ ပြည်သူ ၂ဦး ကျည်စထိမှန်သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိကာ လူနေအိမ် ၄ လုံး ကျည်စထိမှန် ပျက်စီးခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
စစ်ကောင်စီနှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့ကြား အပစ်အခတ်ရပ်စဲရေး “ဟိုင်ဂင်သဘောတူညီမှု”ရရှိခဲ့သည့်နေ့ကစ ၍ ညီနောင်မဟာမိတ်ဘက်က သဘောတူညီချက်များကို လိုက်နာခဲ့သော်လည်း စစ်ကောင်စီက ပေါ်ပေါ်ထင်ထင် ချိူးဖောက်နေခဲ့သည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့က ဆိုသည်။
စစ်ကောင်စီသည် အပစ်အခတ်ရပ်စဲရေးသဘောတူညီခဲ့ပြီးနောက်ပိုင်းရှမ်းပြည်နယ် မြောက်ပိုင်းရှိ တအာင်းနယ်မြေများကို လက်နက်ကြီးနှင့် လေကြောင်းအသုံးပြုတိုက်ခိုက်မှုများပြုလုပ်လျက်ရှိသည်။
ဓာတ်ပုံ -PSLF/TNLA
******
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3089
YouTube – > https://youtu.be/LsSx5mAIttA?si=cQ389gohgAYNfmVR
Website – > https://thanlwinkhet.net/?p=7158