စစ်ကောင်စီတပ်စခန်းကို KIA တိုက်ခိုက်သိမ်းပိုက်
**********************
သံလွင်ခက်
ဇန်နဝါရီ ၁၉ ၊ ၂၀၂၄။
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ မံဝိန်းကြီးကျေးရွာအနီးရှိ ဂေါင်ငူယာန်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းတစ်ခုကို ကချင်လွတ် မြောက်ရေးတပ်မတော် KIA နှင့် KPDF တို့က ဇန်နဝါရီ ၁၉ ရက် ယနေ့နံနက်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု ရှေ့တန်း KIA ရဲဘော်များထံက သိရသည်။
၂၀၁၂ ခုနှစ်ကတည်းက စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခ.မ.ရ ၄၂၄ တပ်ရင်းက ယင်းစခန်းတွင်တပ်စွဲထားခြင်းဖြစ်ပြီး ယနေ့နံနက် ၈ နာရီကစ၍ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၃ နာရီအကြာတွင် ပူးပေါင်းတပ်များဘက်က သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ထို့အပြင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဂွေခါကျေး ရွာတွင်လည်း ပစ်ခတ်တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပစ်ခတ်မှုများပြုလုပ်နေသည်ဟု သိရသည်။
******
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3086
YouTube – > https://youtu.be/LsSx5mAIttA?si=cQ389gohgAYNfmVR
Website – > https://thanlwinkhet.net/?p=7151