လက်နက်ချအညံ့ခံခြင်းမရှိသော စစ်ကောင်စီတပ်သားများကို ရက္ခိုင့်တပ်တော်လိုက်လံချေမှုန်း
******************************
သဇင်
ဇန်နဝါရီ ၁၉ ၊၂၀၂၄။
ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားနေသည့်တိုက်ပွဲများ၌ ထိခိုက်ဆုံးရှုံးမှုများနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနက် လက်နက်ချအညံ့ခံခြင်းမရှိသော စစ်ကောင်စီတပ်သားများကို ရက္ခိုင့်တပ်တော်က လိုက်ခံချေမှုန်းနေသည်ဟု ညီနောင် ၃ ဖွဲ့က ထုတ်ပြန်သည်။
စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေး စသည့် အဘက်ဘက်ကရှုံးနိမ့်နေသည့် စစ်ကောင်စီတပ်များက အရပ်သား ပြည်သူများနေထိုင်ရာ ရပ်ရွာ၊ မြို့နယ်များကို လေကြောင်းတိုက်ခိုက်မှုများ နေ့စဥ်ပြုလုပ်နေသလို မင်းပြား၊ ပေါက်တော၊ မြောက်ဦး၊ ရမ်းဗြဲနှင့် အမ်းမြို့နယ်များတွင်လည်း နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွား လျက်ရှိသည်။
ဇန်နဝါရီလ ၁၈ ရက်၊ ည ၉ နာရီခန့်တွင် ဘူးသီးတောင်အခြေစိုက် စစ်ကောင်စီ “တပ်မ ၂၂” လက်အောက်ခံ တပ်ဖွဲဝင်များသည် အရပ်သားပြည်သူများရှိရာ မြိုပေါ်ရပ်ကွက်များကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ သည့်အတွက် အမှတ် ၅ ရပ်ကွက်၊ ရွာသစ်က ဒေသခံလူငယ် ၁ ဦး လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရခဲ့သည်။
လက်ရှိတွင် စစ်ကောင်စီတပ်များသည် ရခိုင်ဒေသတွင်းရှိမြို့နယ်အချို့တွင် ဆက်သွယ်ရေးလိုင်းများဖြတ်တောက် ထားသဖြင့် ပြည်သူများအပေါ် စစ်ရာဇဝတ်မှုများ ပိုမိုကျူးလွန်နိုင်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့်နိုဝင်ဘာလ ၁၃ ရက်စ၍ နှစ်ဖက်ထိတွေ့တိုက်ပွဲများဖြစ်ပွားနေခဲ့ပြီး ၂ လတာ ကာလအတွင်း ပလက်ဝဒေသတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို ရက္ခိုင့်တပ်တော်ကထိန်းချုပ်နိုင်ခဲ့သလို ဇန်န ဝါရီ ၁၅ ရက်တွင် ပလက်ဝဒေသကို အလုံးစုံသိမ်းပိုက်နိုင်ခဲ့သည်။
ဓာတ်ပုံ – AA Info Desk
******
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3075
YouTube – > https://youtu.be/LsSx5mAIttA?si=cQ389gohgAYNfmVR
Website – > https://thanlwinkhet.net/?p=7128