• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်
  • ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး
  • စစ်တွေတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် လက်နက်ကြီးသံများ ဆက်တိုက်ထွက်ပေါ်
  • ဘက်စုံပိတ်ဆို့မှုကြောင့် စစ်တွေလက်လုပ်လက်စားများ အငတ်ဘေး ရင်ဆိုင်နေရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»နေ့စဉ်သတင်း»စစ်ရှုံးနေတဲ့စစ်ကောင်စီက ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်မယ်လို့ ထပ်မံပြောဆို
နေ့စဉ်သတင်း

စစ်ရှုံးနေတဲ့စစ်ကောင်စီက ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်မယ်လို့ ထပ်မံပြောဆို

thanlwinkhetBy thanlwinkhetJanuary 9, 2024No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

­သံလွင်ခက်

ဇန်နဝါရီ ၉ ၊ ၂၀၂၄။

နိုင်ငံတွင်း၌ တိုက်ပွဲများအဆက်မပြတ်ဖြစ်ပွားနေသည့်အတွက် သန်းခေါင် စာရင်းကောက်ယူခဲ့မည်ဆိုပါက တိကျသေချာသောအရေအတွက်နှင့် အချက် အလက်များရနိုင်မည်မဟုတ်ဟု ပြည်တွင်း၊ ပြည်ပပညာရှင်များက စိုးရိမ်နေကြသည့်တိုင် ၂၀၂၄ ခုနှစ်အတွင်း ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူသွားမည်ဖြစ်သည်ဟု စစ်ကောင်စီ က ပြီးခဲ့သောကြာသပတေးနေ့တွင် ထပ်လောင်းပြောကြားလိုက်ပြန်သည်။

၂၀၂၄ ခုနှစ်အတွင်း သန်းခေါင်စာရင်းကောက်ယူရန်စီစဥ်ထားမှုများ တိုးတက်လာသည်ဟု နေပြည်တော်တွင်ကျင်းပခဲ့သည့် ၇၆ နှစ်မြောက်၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ်အခမ်းအနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်း ကပြောကြားခဲ့သည်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ လွတ်လပ်ရေးနေ့သဝဏ်လွှာကို ဖတ်ကြားနေစဥ်မှာပဲ ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်း က “မဲဆန္ဒရှင်စာရင်းပြီးမြောက်ဖို့အတွက်ဆိုရင် သန်းခေါင်စာရင်းနဲ့ ဇီဝ ဗေဒဆိုင်ရာအချက်အလက်တွေလိုအပ်တယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီအာဏာသိမ်းမှုကစတင်ခဲ့သော နိုင်ငံတော်အရေးပေါ်အခြေအနေအား သက်တမ်းတိုးရန် ဇန်နဝါရီလကုန်ပိုင်းတွင် စစ်ကောင်စီက ထပ်မံဆုံးဖြတ်ရပေဦးမည်။

မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေအရ အရေးပေါ်အခြေအနေကြေညာပြီး နောက်ထပ် ၆ လအတွင်း အထွေထွေရွေးကောက်ပွဲကျင်းပရမည်ဟု ဖော်ပြ ထားသည်။

၂၀၂၄ ခုနှစ်အတွင်း သန်းခေါင်စာရင်းကောက်ယူနိုင်ခဲ့လျှင် စစ်ကောင်စီက အရေးပေါ်အခြေအနေကိုရုတ်သိမ်းပြီး အထွေထွေရွေးကောက်ပွဲကျင်းပရပေလိမ့်မည်။

သို့သော် တရားမျှတမှု၊ ပွင့်လင်းမြင်သာမှုနှင့် ပြည်သူအားလုံးပါဝင်နိုင်ခြင်းမရှိသော စစ်ကောင်စီ၏ သန်းခေါင်စာ ရင်းကောက်ယူခြင်းနှင့် ရွေးကောက်ပွဲလုပ်ငန်းစဥ်များအပေါ် မြန်မာပြည်သူများက စိတ်ဝင်စားခြင်းမရှိပါ။

Ref: Nikkei Asia

Photo – Nikkei Asia

ပုံစာ – ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူမည်ဟု ထပ်မံပြောဆိုခဲ့သော ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်း။

*********

အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – >  https://t.me/newstlk/2911

YouTube- > https://youtu.be/SpxIBpTYop8

Website _> https://thanlwinkhet.net/?p=6881

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous ArticleKNLA ဆေးပညာသင်တန်းကို ရှမ်းမြောက်အပါအဝင် တော်လှန်ရေးတပ်က လူငယ်များတက်ရောက်
Next Article ဆောင်းခို ရှားပါးမျိုးစိတ်စာဝါကျားငှက်များကို မဖမ်းဆီးကြရန်တိုက်တွန်း
thanlwinkhet
  • Website

Related Posts

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ခရစ္စမတ်နေ့ဆုတောင်းသည့် ဒိုက်ဦးနိုင်ကျဉ်းသူများ ရိုက်နှက်ခံရ

December 29, 2025

ရွေးကောက်ပွဲအကြောင်းပြ ကရင်နီကုန်သွယ်လမ်းများ စစ်ကော်မရှင်ပိတ်

December 28, 2025

Leave A Reply Cancel Reply

Recent Posts

  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

December 31, 2025

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

December 31, 2025

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

December 31, 2025

ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

December 31, 2025

ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး

December 30, 2025
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.