ပင်လုံမြို့ ဖုန်းဆိုင်တစ်ဆိုင်ကို အမည်မသိလူတစ်စုက
ဓားပြဝင်တိုက် ၊ လူ ၄ ဦးဝန်းကျင်သေဆုံး
*********************************
သံလွင်ခက်
ဒီဇင်ဘာ ၂၇ ၊ ၂၀၂၃။
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့အရှေ့ဘက်ရှိ ဦးတင် ထွန်းဖုန်းဆိုင်ကို အမည်မသိလူတစ်စုက ယနေ့ ဒီဇင်ဘာ ၂၇ ရက်၊ ည ၇ နာရီဝန်းကျင်တွင် ဓားပြဝင်တိုက်ခဲ့ကြောင်း ဒေသခံများ၏ပြောဆိုချက်များအရ သိရသည်။
လက်နက်ဖြင့် ဓားပြဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သဖြင့် ဆိုင်ရှင်ဖြစ်သူ ဦးတင်ထွန်းအပါအဝင် သား၊ သမီးနှင့် စာရေးမ စုစုပေါင်း ၄ ဦးသေဆုံးကြောင်း ဒေသခံများက ပြောဆိုထားသော်လည်း အတည်ပြုနိုင်ရန် သံလွင်ခက် က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
******
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2820
YouTube – > https://youtu.be/LsSx5mAIttA?si=cQ389gohgAYNfmVR
Website – > https://thanlwinkhet.net/?p=6736